ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာပြီး စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ နူနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းကြောင့် ဥရောပရဲ့ အကောင်းဆုံး လူငယ်တိုက်စစ်မှူးတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဥရုဂွေးသားဟာ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၃၄ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီလိဂ်မှာ ၂၆ ဂိုး သွင်းနိုင်ခဲ့တာကြောင့်လည်း ပြည်တွင်းလိဂ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမား ဖြစ်ခဲ့ပါသေးတယ်။ ဒုတိယနေရာက ပေါ်တိုတိုက်စစ်မှူး မက်ဒီတာရီမီတောင် အမြင့်ဆုံးသွင်းဂိုး ၂၀ ပဲ သွင်းနိုင်ခဲ့တာပါ။ နူနက်ဇ်ဟာ ချန်ပီယံလိဂ်မှာလည်း ၆ ဂိုးသွင်းထားပါတယ်။ အဲ့ထဲက ၂ ဂိုးက ဘာစီလိုနာကို သွင်းခဲ့တာဖြစ်ပြီး နောက် ၂ ဂိုးကလည်း ဒုတိယရခဲ့တဲ့ လီဗာပူးကို သွင်းခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံးခြေစွမ်းနဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက်မှာ နူနက်ဇ်ကို စိတ်ဝင်စားတဲ့ အသင်းတွေလည်း များသထက်များပြီး စတင်ချိတ်ဆက်မှုတွေ ပြုလုပ်လာကြပါတယ်။ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ လီဗာပူးတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

လက်ရှိအချိန်ထိတော့ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်ကို ပြောင်းချင်နေတဲ့ နူနက်ဇ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်ကိုပဲပြောင်းဖို့ ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့ နူနက်ဇ်နဲ့နီးစပ်တဲ့ ဂျာနယ်လစ်တစ်ဦးက GIVEMESPORT ကို ပြောခဲ့ပါသေးတယ်။

အဆိုပါဂျာနယ်လစ်က “သူ(နူနက်ဇ်) ဒီနွေရာသီမှာပရီးမီးယားလိဂ်ကိုပဲ ပြောင်းမှာပါ၊ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ယူနိုက်တက်ကလည်း သူ့ကိုစိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး နယူးကာဆယ်နဲ့ တော့တင်ဟမ်တို့လည်း ပါဝင်နေပါတယ်။ ပြောရင်ယုံချင်မှ ယုံလိမ့်မယ်၊ ဝုဗ်အသင်းတောင်မှ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့သေးတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ နည်းပြသစ်အဲရစ်တန်ဟတ်လက်ထက်မှာ အသင်းကို အစအဆုံးပြန်လည် ပြင်ဆင်ဖို့ကြိုးစားနေပြီး တိုက်စစ်မှူးတစ်ဦး သေချာပေါက်ခေါ်ယူသွားမှာပါ။ ဒါပေမယ့် နူနက်ဇ်ကို ခေါ်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ကလပ်များစွာနဲ့ အပြိုင်ခေါ်ယူရမှာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်တက်ချင်တယ်ဆိုရင်တော့ တိုက်စစ်မှူးတစ်ဦးတည်း ခေါ်ရုံနဲ့မရပါဘူး။ ယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုကလည်း အချိန်အမရွေး အသင်းကနေ ထွက်ခွာနိုင်ခြေ ရှိနေတာကြောင့် နူနက်ဇ်က အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်လာဖို့ သေချာနေပါတယ်။

ZAWGYI: ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာပြီး စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ နူနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းကြောင့် ဥရောပရဲ့ အကောင်းဆုံး လူငယ်တိုက်စစ်မှူးတစ်ဦး ဖြစ်လာခဲ့ပါတယ်။