ဒါဝင်နူနက်ဟာ အာလင်းဟာလန်ထက် ပိုပြီး သင့်လျော်အောင် ပြောင်းလဲနိုင်ပြီး လီဗာပူး အသင်းအတွက် သင့်တော်တဲ့ ကစားသမားပါလို့ ဥရုဂွေးသားရဲ့ နည်းပြဟောင်းတွေထဲက တစ်ယောက်က ပြောဆိုခဲ့ပါတယ်။ ဒါဝင်နူနက်ဟာ အင်္ဂါနေ့ကပဲ ဘင်ဖီကာအသင်းကနေ လီဗာပူး အသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ လစ္စဘွန်း အခြေစိုက် အသင်းကတော့ နူနက်အတွက် ပေါင် ၆၄ သန်း (ယူရို ၇၅ သန်း)နဲ့ ထပ်စောင်း ဘောနပ်စ်အနေနဲ့ ပေါင် ၂၁.၄ သန်း (ယူရို ၂၅ သန်း) ပေးချေရမယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

ဥရုဂွေး တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီက ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၃၄ ဂိုး သွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ လက လီဗာပူးကို တစ်မှတ်အသာနဲ့ ပရီးမီးယားလိဂ် ဖလား ရယူနိုင်ခဲ့တဲ့ စီးတီးအသင်းဟာ အာလင်းဟာလန်းကို စာချုပ်ဖျက်သိမ်း​ကြေး ပေါင် ၅၁.၂ သန်း (ယူရို သန်း ၆၀) ပေးချေပြီးနောက် ဒေါ့မွန် အသင်းကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ဘွန်ဒက်စ်လီဂါမှာ ၂ ရာသီခွဲကြာအတွင်း ဒေါ့မွန်အတွက် ၈၉ ပွဲမှာ ၈၆ ဂိုး သွင်းယူခဲ့ပါတယ်။

အဲဒီနောက် အင်္ဂလန် ပရီးမီးယားလိဂ်မှာ သူနဲ့ နူနက်တို့ ဘယ်သူကများ ပိုကောင်းအောင် လုပ်ဆောင်နိုင်မလဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။ အယ်လ်မီးရီးယား လက်ထောက်နည်းပြဟောင်း ဒေးဗစ်ဘာဒီယာဟာ ၂၀၁၉-၂၀ ခုနှစ်အတွင်း နူနက်နဲ့ လက်တွဲ လုပ်ဆောင်ခဲ့ပါသေးတယ်။ တိုက်စစ်မှူးဟာ ဘင်ဖီကာကို ယူရို ၂၄ သန်းနဲ့ မပြောင်းရွှေ့မီ လိဂ် ၃၂ ပွဲမှာ ၁၆ ဂိုး သွင်းယူခဲ့ပါတယ်။ စတတ်ပါဖောင်းနဲ့ အင်တာဗျူးတစ်ခုမှာ ဘာဒီယာက နူနက်ဟာ ဟာလန်းနဲ့ မတူတဲ့ ကစားသမားဖြစ်ပြီး သူဟာ လီဗာပူးအသင်းရဲ့ နည်းစနစ်ပိုင်းတွေနဲ့ အလျင်အမြန် အသားကျသွားမယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

သူက ” နူနက်က အနည်းငယ်ပိုပြီး သင့်တော်အောင် လိုက်လျောညီထွေ ပြောင်းလဲနိုင်တာကြောင့် သူတို့က တူညီတဲ့ ကစားသမားတွေလို့တော့ မပြောနိုင်ပါဘူး။ သူဟာ ဟာလန်းထက် အနည်းငယ်လောက် ပိုမြန်မြန် လိုက်လျောညီထွေ ပြောင်းလဲနိုင်မဲ့ ကစားသမားပါ။ ဟာလန်းက အနည်းငယ် ပိုပြီး တောင့်တင်းနိုင်ကောင်း တောင့်တင်းနိုင်ပါတယ်။ သူ စတင်ပြီး ပြေးတာနဲ့ သူ့အရှေ့က အတားအဆီးတွေ မှန်သမျှကို ကျော်ဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ နူနက်က ပိုပြီး မြန်မြန်ပြောင်းလဲနိုင်မယ်လို့ ထင်ပါတယ်။ လီဗာပူးရဲ့ နည်းစနစ်ပိုင်းနဲ့ ဆိုရင်တော့ သူက ပိုပြီးသင့်တော်မယ်လို့ ထင်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ဘာဒီယာက နူနက်ဟာ အန်ဖီးမှာ ရွှေဘောလုံးဆုအတွက် ထင်ကြေးပေးခံနေရပါတယ်။ သူဟာ ဟာလန်း ၊ အမ်ဘာပေတို့နဲ့ အနာဂတ်မှာ ရွှေဘောလုံးဆုကို စိန်ခေါ်နိုင်မလားဆိုတာနဲ့ ပတ်သတ်ပြီး ” ဘယ်သူကမှ ဒါဝင်နူနက်နဲ့ ပတ်သတ်ပြီး ပြောမယ်မထင်ပါဘူး။ သူက ကျန် ၂ယောက်လောက်တော့ နာမည်ကြီးမယ်လို့ မထင်ပါဘူး။ ဒါဟာ လီဗာပူးကနေ အရမ်းပါးနပ်တဲ့ အပြောင်းအရွှေ့ တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ လူတိုင်းက ဟာလန်းကိုပဲ စောင့်ကြည့်နေတဲ့ပုံပါ။ ဘယ်သူကမှ နူနက်နဲ့ ပတ်သတ်ပြီး ပြောဆိုမှုတွေ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် သူ့ကို သိပါတယ်။ ပြီးတော့ သူ့ကို ခေါ်ယူခဲ့တဲ့ အသင်းကတော့ စျေးနည်းနည်းနဲ့ သဘောတူညီမှု ရလိမ့်မယ်လို့လည်း သိပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ဘာဒီယာက နူနက်ကို ၂၀၁၉ ခုနှစ် အယ်လ်မီးရီးယားကို ပြောင်းရွှေ့လာကတည်းက နူနက်ကို အထင်ကြီးမိကြောင်း ပြောဆိုခဲ့ပါတယ်။ ဘာဒီယာက ဆက်လက်ပြီး ” ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဥ် အနည်းငယ်အတွင်းမှာပဲ နူနက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ရှိတာ တွေ့ခဲ့ရပါတယ်။ အယ်လ်မီးရီယားက သူ့အတွက် အရမ်းသေးငယ်တယ်လို့ ကျွန်တော်တို့ ခံစားခဲ့ရပါတယ်။ သူ လုပ်ဆောင်ခဲ့သမျှ အရာတွေအားလုံးက အခြားအဆင့်တစ်ခုမှာပါ။ သူ့ရဲ့ တိုးတက်မှု နှုန်းဟာ စပိန် ဒုတိယတန်း လိဂ်မှာသာမက လိဂ်မှာ ရှိတဲ့ အခြား ကစားသမားတွေနဲ့ ယှဥ်ရင် လုံးဝကို ခြားနားပါတယ်။ ”

” သူဟာ အသင်းအတွက် အရမ်း အရေးပါတဲ့ ကစားသမား တစ်ယောက်ပါ။ သူ့ရဲ့ အသင်သဖော်တွေကလည်း သူစောစောစီးစီးပဲ အသင်းက ထွက်ခွာမယ်ဆိုတာ သိထားပါတယ်။ သူက အသင်းမှာ ကြာကြာ နေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်းက သူ့ကို ပွဲကြည့်စင်ကနေ စောင့်ကြည့်နေတာကြောင့်ပါ။ ဒီအသင်းကလည်း လာရောက် ချိတ်ဆက်နေတယ်။ အခြားအသင်းတွေကလည်း စိတ်ဝင်စားနေပါတယ်။ အဲဒီနောက် အဆုံးမှာတော့ ဒီအချိန်တိုလေးအတွင်းမှာ သူက ထွက်ခွာတော့မှာဖြစ်ပြီး သူ့လမ်းသူ လျောက်တော့မှာဖြစ်ပါတယ်။ ” လို့ ပြောဆိုသွားပါတယ်။ ကဲ ပရိတ်သတ်တို့ရော နောက်ရာသီမှာ ဘယ်ကစားသမားတွေက ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ရယူသွားနိုင်မယ်ထင်လဲဗျ။

ZAWGYI: ဒါဝင်နူနက်ဟာ အာလင်းဟာလန်ထက် ပိုပြီး သင့်လျော်အောင် ပြောင်းလဲနိုင်ပြီး လီဗာပူး အသင်းအတွက် သင့်တော်တဲ့ ကစားသမားပါလို့ ဥရုဂွေးသားရဲ့ နည်းပြဟောင်းတွေထဲက တစ်ယောက်က ပြောဆိုခဲ့ပါတယ်။ ဒါဝင်နူနက်ဟာ အင်္ဂါနေ့ကပဲ ဘင်ဖီကာအသင်းကနေ လီဗာပူး အသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ လစ္စဘွန်း အခြေစိုက် အသင်းကတော့ နူနက်အတွက် ပေါင် ၆၄ သန်း (ယူရို ၇၅ သန်း)နဲ့ ထပ်စောင်း ဘောနပ်စ်အနေနဲ့ ပေါင် ၂၁.၄ သန်း (ယူရို ၂၅ သန်း) ပေးချေရမယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။