ဂယ်ရီနဗီးက လာမဲ့ ပရီးမီးယားလိဂ် ရာသီမှာ ထိပ်သီး ၂ သင်း နေရာကို ယှဥ်ပြိုင်နိုင်မဲ့ တစ်ခုတည်းသော အသင်းဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ စီးတီးရဲ့နောက် ၂၂ မှတ်အကွာ ၊ လီဗာပူးရဲ့နောက် ၂၁ မှတ်အကွာ အဆင့် ၄ နေရာနဲ့ ပြီးဆုံးခဲ့တာပါ။ ပတ်ဂွာဒီယိုလာရဲ့ အသင်းကတော့ နောက်ဆုံးရက်မှာ ဗီလာအသင်းကို ၂ ဂိုး ပြတ် ရှုံးနိမ့်နေရာကနေ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး လီဗာပူးအသင်းကို ကျော်လွန်ကာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။

စပါးအသင်းဟာ ယခုနွေရာသီမှာ ဆုဖလား စိန်ခေါ်နိုင်မဲ့ ကစားသမား အများအပြား ခေါ်ယူထားပါတယ်။ စပါးအသင်းဟာ အီတလီသားနည်းပြကြီးက အဆင့် ၄ အတွင်းဝင်ရောက်အောင် စွမ်းဆောင်ခဲ့​ပြီး​နောက် ကွန်တီရဲ့ လက်အောက်မှာ ရာသီအကြိုမှာ အကျိုးရလဒ်တွေ ကောင်းနေခဲ့ပါနေခဲ့ပါတယ်။ ကွန်တီဟာ သူ့အသင်းကို လူသစ်တွေနဲ့ အင်အားဖြည့်ထားပြီး နဗီးကလည်း အများကြီး မျှော်မှန်းထားပါတယ်။

နဗီးက စကိုင်းဘက်မှာ ” ကျွန်တော့် ခေါင်းထဲမှာတော့ စပါးအသင်းက အဆင့် ၃ နေရာနဲ့ ပြီးဆုံးမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ရှိပြီးသားတွေထက် ပါရီဆစ် ၊ ဘစ်ဆူးမား ၊ ရစ်ချာလီဆင်တို့ကို ထပ်မံရရှိထားလို့ပါ။ သူတို့မှာ ဟယ်ရီကိန်း ၊ ဆွန်ဟောင်မင်တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေကို ပိုင်ဆိုင်ထာပြီးသားပါ။ သူတို့မှာ ကမ္ဘာ့အဆင့် ကစားသမား ၂ ယောက်ရှိပြီးသားကို ရစ်ချာလီဆင်နဲ့ ပါရီဆစ်တို့ ထပ်မံခေါ်ယူနိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ စပါးကသာ စိန်ခေါ်နိုင်တဲ့ တစ်ခုတည်းသော အသင်းဖြစ်မယ် ထင်ပါတယ်။ ”

” သူတို့ဟာ လီဗာပူး အထက်မှာ မရပ်တည်နိုင်ပေမဲ့ ဗာဂျယ်ဗန်ဒိုက် ဒဏ်ရာရရှိမှ ဒါမှမဟုတ် လီဗာပူးက ပုံစံကောင်း ပျောက်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။သူတို့က တစ်ခုတည်းသော အလားအလာရှိတဲ့ အသင်းပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။ ပါရီဆစ် ၊ ဘစ်ဆူးမားနဲ့ ရစ်ချာလီဆင်တို့က ကွန်တီ ယခုနှစ် ခေါ်ယူထားတဲ့ ကစားသမား အသစ်တွေပါ။ အရံ ဂိုးသမား ဖော်စတာကလည်း ဆောက်သမ်တန်ကနေ ပြောင်းရွှေ့လာပြီး လင်းဂလက်ကလည်း ဘာစီလိုနာကနေ အငှားနဲ့ သူတို့ရဲ့ ခံစစ်ပိုင်းကို အားဖြည့်ပေးနိုင်ခဲ့ပါတယ်။

လန်ဒန် အသင်းက ဆက်လက်ပြီး ဇူလိုင်လ အလယ်မှာ ဒီဂျက်စပန့်စ်နဲ့ ထပ်ပြီး အင်အားဖြည့်တင်းဖို့ သူတို့ရဲ့ ပြင်ဆင်မှုကို ပြုလုပ်နေပါတယ်။ စပါးက အခုထိတော့ အပြီးမသတ်နိုင်သေးပါဘူး။ တော့ခ်က ရိုးမားရဲ့ ဇာနီအိုလို အပြောင်းအရွှေ့နဲ့ အေဂျက်ရဲ့ ကူဒက်က သူတို့ရဲ့ စာရင်းမှာ ကျန်ရှိနေဆဲပါလို့ ဖော်ပြသွားခဲ့ပါတယ်။ ဘန်​ဒေးဗီရဲ့ စာချုပ်သစ် ချုပ်ဆိုမှုလည်း ရှိပါသေးတယ်။ ကွန်တီက ယခုနွေရာသီ အစောပိုင်းမှာ ​ရိုးမားနဲ့ ပွဲစဥ်ပြီးတဲ့နောက် သူ့ရဲ့ မျှော်လင့်ချက်တွေကို ပြောပြလာခဲ့ပါတယ်။ ကွန်တီက ” ပထမဆုံး အနေနဲ့ ဘန်ဒေးဗီက စာချုပ်သစ် ချုပ်ဆိုဖို့ ထိုက်တန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ရာသီ သူ့ရဲ့ ပုံစံကောင်းကြောင့်ပါ။ ”

” သူက အမြဲ အကောင်းမြင်တတ်ပြီး ဒီလို ကစားသမားမျိုးကို ပွဲထွက်စာရင်းမှာ ပိုင်ဆိုင်ရတာပဲ ဖြစ်ဖြစ် အရံခုံမှာ ပါလာတာပဲဖြစ်ဖြစ် အရေးကြီးတယ်လို့ ထင်ပါတယ်။ ကလပ်က သူတို့ရဲ့ အကောင်းဆုံး ကစားသမားကို စာချုပ်သစ် ကမ်းလှမ်းမယ်ဆိုတာ သေချာပါတယ်။ ဟယ်ရီကိန်းက ကျွန်တော်တို့အတွက် အရေးပါတယ်ဆိုတာ ခင်ဗျားတို့ သိပါတယ်။ သူ့ကိုမြင်ရတာ ကျွန်တော် အရမ်းပျော်ပါတယ်။ သူ့ ခံစားချက်တွေက အပေါင်းလက္ခဏာဆောင်နေပေမဲ့ ကျွန်တော်တို့ အရေးကြီးတဲ့ နေရာတစ်ခုခုကို ရောက်ဖို့ဆိုရင် ကျွန်တော်တို့ ပွဲစဥ်တိုင်း တိုက်ခိုက်သွားမှရမှာပါ။ ဒီနေ့ညမှာ ကျွန်တော်တို့ ဘောလုံးကစားတာကို ပြသနိုင်ခဲ့ပေမဲ့ သူတို့ကတော့ အနိုင်ရသွားပါတယ်။ ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI: ဂယ်ရီနဗီးက လာမဲ့ ပရီးမီးယားလိဂ် ရာသီမှာ ထိပ်သီး ၂ သင်း နေရာကို ယှဥ်ပြိုင်နိုင်မဲ့ တစ်ခုတည်းသော အသင်းဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ စီးတီးရဲ့နောက် ၂၂ မှတ်အကွာ ၊ လီဗာပူးရဲ့နောက် ၂၁ မှတ်အကွာ အဆင့် ၄ နေရာနဲ့ ပြီးဆုံးခဲ့တာပါ။ ပတ်ဂွာဒီယိုလာရဲ့ အသင်းကတော့ နောက်ဆုံးရက်မှာ ဗီလာအသင်းကို ၂ ဂိုး ပြတ် ရှုံးနိမ့်နေရာကနေ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး လီဗာပူးအသင်းကို ကျော်လွန်ကာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။