မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာသစ်ဖြစ်လာတဲ့ အဲရစ် တန်ဟာ့ဂ်အနေနဲ့ ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ကြီးစိုးမှုက ပက်ပ် ဂွါဒီယိုလာနဲ့ ယာဂင်မ် ကလော့ပ်တို့ အဆိုပါအသင်းတွေကို ကိုင်တွယ်နေရင်းမှာတောင် ရပ်တန့်သွားမှာဖြစ်ကြောင်း ယုံကြည်နေတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အက်စ်တန်ဗီလာအသင်းကို အံ့အားသင့်ဖွယ်ရာ Comeback နဲ့အတူ ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အဆိုပါနိုင်ပွဲကြောင့်ပဲ နောက်ဆုံး ၅ ရာသီအတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကလည်း ဝုလ်ဗ်စ်အသင်းကို နောက်ကနေ လိုက်ကစားပြီး နိုင်ပွဲရယူနိုင်ခဲ့တယ်ဆိုပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းက နိုင်ပွဲရခဲ့တာကြောင့် ၉၂ မှတ်အထိ ရခဲ့တာတောင် မန်ချက်စတာစီးတီးနဲ့ ၁ မှတ်အကွာကနေ ဒုတိယအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ အများစုကတော့ မန်ချက်စတာစီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့အနေနဲ့ ဂွါဒီယိုလာနဲ့ ကလော့ပ်တို့ရဲ့ ကိုင်တွယ်မှုအောက်မှာ ရှိနေသ၍ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အဆိုပါ ၂ သင်းတည်းသာ ဦးဆောင်သွားနိုင်ကြောင်း ယုံကြည်နေကြတာပါ။

ဒါပေမယ့် တန်ဟာ့ဂ်ကတော့ ယူနိုက်တက်အနေနဲ့ အဆိုပါ ၂ သင်းတည်း ကြီးစိုးမှုကို ဂွါဒီယိုလာနဲ့ ကလော့ပ်တို့ ကြီးကြပ်နေစဉ် ကာလအတွင်းမှာတောင် ရပ်တန့်ပစ်နိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ မနေ့က အင်တာဗျူးအစီအစဉ်တစ်ခုမှာ တန်ဟာ့ဂ်က “ဒီအခိုက်အတန့်မှာ ကျွန်တော့်အနေနဲ့ သူတို့ကို လေးစားပါတယ်။ သူတို့ ၂ ယောက်စလုံးကို ကျွန်တော်လေးစားပါတယ်”လို့ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးအသင်းတို့နဲ့ ပတ်သက်ပြီး ပြောလာခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ဒါပေမယ့် ခင်ဗျားတို့လည်း အမြဲတမ်းမြင်နိုင်တာပဲလေ။ ခေတ်တစ်ခေတ်က အဆုံးသတ်ကို ရောက်လာနိုင်တယ်ဆိုတာပေါ့။ ပြီးတော့ ကျွန်တော့်အနေနဲ့ သူတို့ထက် ပိုကောင်းတယ်လို့ ရှေ့ကို မျှော်ကြည့်ပြီး အခြားပရီးမီးယားလိဂ်ကလပ်တွေအကုန်လုံးကလည်း ဒါမျိုးလုပ်ချင်လိမ့်မယ်ဆိုတာ သေချာပါတယ်”လို့ပြောလာခဲ့ပါတယ်။ တကယ်လို့များ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ကြီးစိုးမှုက ဂွါဒီယိုလာနဲ့ ကလော့ပ်တို့လက်ထက်မှာတင် အဆုံးသတ်သွားနိုင်လားဆိုတဲ့အမေးကို တန်ဟာ့ဂ်က “ကျွန်တော်ကတော့ ဖြစ်နိုင်တယ်လို့ ထင်တယ်။ မှန်ပါတယ်”လို့ ပြောလာခဲ့ပါတယ်။

အမှတ်ပေးဖလားချန်ပီယံဆုအတွက် ပြိုင်ပွဲဝင်နိုင်ဖို့ အချိန်ဘယ်လောက်လိုအပ်လိမ့်မှာလဲဆိုတဲ့အမေးကိုတော့ တန်ဟာ့ဂ်က “ဒီအခိုက်အတန့်မှာတော့ ကျွန်တော့်အနေနဲ့ ဒီအကြောင်း မတွေးသေးပါဘူး။ ကျွန်တော်တွေးနေတာကတော့ ဒါက စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းဆိုတဲ့သဘောကိုက အချိန်ယူရပါတယ်။ ကျွန်တော်တို့အနေနဲ့ ပွဲတိုင်းကို အနိုင်ရလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်ပွဲချင်းစီသွားရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ကျွန်တော်တို့လည်း တွေ့ရတာပေါ့”လို့ ပြောကြားလာခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာသစ်ဖြစ်လာတဲ့ အဲရစ် တန်ဟာ့ဂ်အနေနဲ့ ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ကြီးစိုးမှုက ပက်ပ် ဂွါဒီယိုလာနဲ့ ယာဂင်မ် ကလော့ပ်တို့ အဆိုပါအသင်းတွေကို ကိုင်တွယ်နေရင်းမှာတောင် ရပ်တန့်သွားမှာဖြစ်ကြောင်း ယုံကြည်နေတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အက်စ်တန်ဗီလာအသင်းကို အံ့အားသင့်ဖွယ်ရာ Comeback နဲ့အတူ ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အဆိုပါနိုင်ပွဲကြောင့်ပဲ နောက်ဆုံး ၅ ရာသီအတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။