အာဆင်နယ်အသင်းဟာ လာမယ့်နွေစျေးကွက်အတွင်း ကစားသမားအင်အား ဖြည့်တင်းသွားဖို့ စီစဉ်လျက်ရှိနေရာ အသင်းတိုက်စစ်ပိုင်းအတွက်ရော ကွင်းလယ်အပိုင်းအတွက်ပါ ထိပ်တန်းကစားသမားတချို့ကို ခေါ်ယူအားဖြည့်သွားဖွယ် ရှိနေပြီး လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ လက်စတာအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား ယိုရီတီလေမန်းစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။ အသက်(၂၅)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်လူ တီလေမန်းစ်ဟာ ၂၀၁၉ခုနှစ်ကမှ မိုနာကိုအသင်းကနေ လက်စတာအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အငှားသက်တမ်း ကုန်ဆုံးချိန်မှာပဲ ပေါင်(၃၂)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့သလို အချိန်တိုလေးအတွင်းမှာပဲ လက်စတာရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

လက်စတာနဲ့ အက်အေဖလား ချန်ပီယံ ဖြစ်ခဲ့ရပြီး ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာပါ ဆီမီးဖိုင်နယ်အဆင့်ထိကိုလည်း တတ်လှမ်းနိုင်ခဲ့ရတဲ့ တီလေမန်းစ်ဟာ လက်စတာအသင်းအတွက် ပွဲပေါင်း(၁၅၄)ပွဲအထိကို ပါဝင်ထားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း လက်စတာအတွက် ပွဲစဉ်ပေါင်း(၄၆)ပွဲအထိကို ပါဝင်ကစားထားခဲ့တဲ့ တီလေမန်းစ်ဟာ လာမယ့် ၂၀၂၃ခုနှစ်မှာပဲ လက်စတာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လက်စတာဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် တီလေမန်းစ်ဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချထားခဲ့သလို လာမယ့်စျေးကွက်ထဲမှာပဲ အသင်းနဲ့ လမ်းခွဲသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေရှိနေတဲ့ တီလေမန်းစ်ကို ရီးယဲလ်မက်ဒရစ် အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က အပြိုင်အဆိုင် ပစ်မှတ်ထားနေကြပြီး ကစားသမားကိုယ်တိုင် အင်္ဂလန်မှာ ဆက်လက်ကစားချင်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲကိုပါ ပါဝင်ဆင်နွဲချင်တာဖြစ်လို့ အာဆင်နယ်ကို ရွေးချယ်သွားဖို့ အခြေအနေများနေတာ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကလည်း အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ချာကာ ပါတေးတို့ ရှိနေပေမယ့် ပါတေးက မကြာခဏ ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်ရတဲ့ ကစားသမားဖြစ်နေလို့ အယ်လ်နီနီကလည်း အသင်းနဲ့ မရေမရာ ဖြစ်နေတာကြောင့် တီလေမန်းစ်လို အရည်အသွေးမြင့် ကွင်းလယ်ကစားသမားမျိုးကို အရခေါ်ယူသွားချင်နေတာ ဖြစ်သလို ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

တစ်ဖက်မှာလည်း လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားဖွယ် ရှိနေရတဲ့ အာဆင်နယ်အသင်းက နွေစျေးကွက်ထဲ ကစားသမား အားဖြည့်တင်းမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်သွားဖွယ် ရှိနေရာ အသင်းရဲ့ လူစာရင်းကို တောင့်တင်းလာစေဖို့အတွက် ထိပ်တန်းကစားသမားတချို့ကို ခေါ်ယူသွားဖို့ပါ ပြင်ဆင်နေလျက် ရှိနေပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ မန်စီးတီး တောင်ပံကစားသမား ရာဟင်စတာလင်ကို ခေါ်ယူသွားဖို့အတွက် ခေါ်ယူနိုင်ခြေရှိမယ့် အခြေအနေတွေကို လေ့လာဖို့ပါ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လာကာဇက်နဲ့ အန်ခယ်တီယာတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရဖွယ် ရှိနေရပြီး ဆောင်းစျေးကွက်ထဲမှာလည်း အူဘာမီယန်းကိုပါ ဆုံးရှုံးထားရတဲ့အတွက် နွေစျေးကွက် ပြန်ဖွင့်ချိန်မှာ အနည်းဆုံး တိုက်စစ်ကစားသမား (၂)ဦးခန့် ပြန်လည်အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ ဒီလို တိုက်စစ်ပိုင်းအတွက် အားဖြည့်ချင်နေတဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း မန်စီးတီးရဲ့ တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးကို ပစ်မှတ်ထားလာခဲ့သလို အခုလည်း စတာလင်ကိုပါ ခေါ်ယူသွားဖို့ ဆန္ဒရှိလာခဲ့ပြီး ခေါ်ယူနိုင်ခြေ ရှိမရှိဆိုတာကို အသေးစိတ် သိရှိရဖို့ လေ့လာနေပြီ ဖြစ်ပါတယ်။

အသက်(၂၇)နှစ်အရွှ့ယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား စတာလင်ဟာ လာမယ့် ၂၀၂၃ခုနှစ်မှာပဲ သူရဲ့ကလပ် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး သူရဲ့စာချုပ်ကို သက်တမ်းတိုးဖို့ စီစဉ်နေပေမယ့် လက်ရှိမှာ မန်စီးတီးဘက်က ပရီးမီးယားလိဂ် ချန်ပီယံဆုကိုသာ အာရုံစိုက်နေရတာဖြစ်လို့ ဒီရာသီအကုန်မှသာ စတာလင်ရဲ့ စာချုပ်ကိစ္စကို ပြန်လည်ဆွေးနွေးဖွယ် ရှိနေရပါတယ်။ မန်စီးတီးအသင်းဟာလည်း လာမယ့်နွေမှာ တိုက်စစ်ပိုင်းအတွက် အာလင်းဟာလန်းကို ခေါ်ယူနိုင်သွားတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဂျင်တီးနား တိုက်စစ်မှူးလေး အဲဗာရက်ဇ်ဟာလည်း ရေးဗားပလိတ်ကနေ ရောက်ရှိလာတော့မှာဖြစ်လို့ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားအင်အား ဖောင်းပွမှုတွေ ရှိလာနိုင်တဲ့အတွက် တိုက်စစ်ကစားသမား တစ်ဦးဦးကို ပြန်လည်ရောင်းချလာနိုင်ပြီး တကယ်လို့ စတာလင်ကိုသာ သက်တမ်းမတိုးဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်လည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးရအောင် လာမယ့်စျေးကွက်ထဲမှာပဲ ရောင်းထုတ်သွားရတော့မှာ ဖြစ်ပါတယ်။ မန်စီးတီးမှာ ဂွာဒီယိုလာရဲ့ လက်ထောက်အဖြစ် ဆောင်ရွှက်ခဲ့ဖူးတဲ့ လက်ရှိ အာဆင်နယ်နည်းပြ အာတီတာကလည်း စတာလင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိနေသူဖြစ်လို့ အသင်းကို အရခေါ်ယူသွားချင်နေတယ်လို့ The Telegraph ကနေ ဖော်ပြထားခဲ့ပါတယ်။

ZAWGYI: အာဆင်နယ်အသင်းဟာ လာမယ့်နွေစျေးကွက်အတွင်း ကစားသမားအင်အား ဖြည့်တင်းသွားဖို့ စီစဉ်လျက်ရှိနေရာ အသင်းတိုက်စစ်ပိုင်းအတွက်ရော ကွင်းလယ်အပိုင်းအတွက်ပါ ထိပ်တန်းကစားသမားတချို့ကို ခေါ်ယူအားဖြည့်သွားဖွယ် ရှိနေပြီး လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ လက်စတာအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား ယိုရီတီလေမန်းစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။ အသက်(၂၅)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်လူ တီလေမန်းစ်ဟာ ၂၀၁၉ခုနှစ်ကမှ မိုနာကိုအသင်းကနေ လက်စတာအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အငှားသက်တမ်း ကုန်ဆုံးချိန်မှာပဲ ပေါင်(၃၂)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့သလို အချိန်တိုလေးအတွင်းမှာပဲ လက်စတာရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။