ဘာစီလိုနာအသင်းရဲ့နည်းပြ ဇာဗီဟာနန်ဒက်ဇ်ဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို ခေါ်ယူသွားနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေတယ်လို့ Diario Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ကစားသမားတွေ များစွာပိုင်ဆိုင်ထားပေမယ့်လည်း အမာခံ ကွင်းလယ်လူကြီး ဆာဂျီယိုဘူးစကွက်စ်က လက်ရှိမှာ အသက်(၃၃)နှစ်အရွှယ် ရောက်နေပြီဖြစ်သလို အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖရန့်ကီဒီဂျောင်ရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်နေတဲ့အတွက် ဘာစီလိုနာအသင်းက နေးဗက်စ်ကို ပစ်မှတ်ထားလာရတာ ဖြစ်ပါတယ်။

ဒါပေမယ့် နေးဗက်စ်ကို ဘာစီလိုနာ တစ်သင်းတည်းသာ စိတ်ဝင်စားနေတာ မဟုတ်ပဲ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ကလည်း နေးဗက်စ်ကို အခုနှစ်နွေမှာပဲ အရခေါ်ယူသွားချင်နေပါတယ်။ အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား နေးဗက်စ်ဟာ ဝုလ်ဗ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့အတူ ဘောလုံးရာသီ(၅)ရာသီ ပရီးမီးယားလိဂ်မှာ (၄)ရာသီထိ ဖြတ်သန်းထားခဲ့ဖူးတဲ့ အမာခံ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

အဝေးကန်ချက်တွေနဲ့ သွင်းဂိုးတွေကို ရယူနိုင်သူဖြစ်တဲ့ နေးဗက်စ်ဟာ နည်းစနစ်ပိုင်း ကြွယ်ဝသူလည်းဖြစ်ပြီး တိကျတဲ့ ဘောလုံးပေးပို့မှု ဘောလုံးအမြင်ကောင်းမွန်မှုနဲ့ လိမ်မာပါးနပ်စွာ နေရာယူတတ်မှုတွေကြောင့် သူ့ကို ကလပ်အသင်းတွေများစွာက စိတ်ဝင်စားနေခဲ့တာ ဖြစ်သလို ဝုလ်ဗ်အသင်းကလည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းမှာ ဆက်လက်ထားရှိသွားချင်နေပါတယ်။ ဒါပေမယ့် နေးဗက်စ်ကိုယ်တိုင်ကတော့ လာမယ့်နွေမှာ အသင်းနဲ့ လက်တွဲဖြုတ်ပြီး အသင်းသစ် တစ်သင်းကိုသာ ပြောင်းရွှေ့ချင်နေတာကြောင့် နေးဗက်စ်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေက လက်ရှိမှာ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

ဒီအသင်းတွေထဲကမှ ဘာစီလိုနာအသင်းဟာလည်း အသင်းနည်းပြ ဇာဗီကိုယ်တိုင်ပါ နေးဗက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ တဖက်မှာလည်း ယူနိုက်တက်အသင်းက နေးဗက်စ်အတွက် နောက်ထပ် ကမ်းလှမ်းမှုသစ်တစ်ရပ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်နေတာကြောင့် နေးဗက်စ်ကို ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ အပြိုင်လုရဖွယ် ရှိနိုင်ပါတယ်

ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီး ကတော့ ဘိုင်ယန်မြူးနစ် အနေနဲ့ သူ့ကို စာချုပ်သက်တမ်း ကုန်ဆုံးသည် အထိ အသင်းမှာ ဆက်ထားမှာထက် လာမယ့် နွေအပြောင်းအရွှေ့မှာ ဘာစီလိုနာဆီ ပြောင်းရွှေ့ခွင့် ပေးသင့်ကြောင်း ထုတ်ပြောရင်း အသင်းကနေ ထွက်ခွာခွင့်ကို ဒုတိယအကြိမ် တောင်းဆိုသွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်ရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့သလို လာမယ့် နွေအပြောင်းအ‌ရွှေ့မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ရန် ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

လီဝမ်ဒေါစကီးက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၃ဦး စာရင်းဝင်သူ ဖြစ်သလို ဘောလုံးရာသီ တခုမှာ အနိမ့်ဆုံး ဂိုး ၃၀ကျော်ကို သွင်းယူပေးနိုင်စွမ်း ရှိတာကြောင့် ဘိုင်ယန်မြူးနစ်ဘက်က သူ့ကို လက်လွှတ်ဖို့ တွန့်ဆုတ်နေပြီး ဘာစီလိုနာက လီဝမ်ဒေါစကီး အတွက် ကမ်းလှမ်းခဲ့တဲ့ ယူရို ၃၅သန်းတန် ကမ်းလှမ်းမှု တရပ်ကိုလည်း ငြင်းဆန် ပယ်ချထားပါတယ်။ ဒါပေမယ့် လီဝမ်ဒေါစကီးကတော့ သူဟာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ ယတိပြတ် ဆုံးဖြတ်ထားသလို ဘိုင်ယန်မြူးနစ်ဘက်က သူ့ကို အသင်းပြောင်းခွင့် ပေးလိုက်တာဟာ နှစ်ဖက်စလုံး အတွက် အကျိုးများတဲ့ လုပ်ရပ် တခု ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်‌ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဝမ်ဒေါစကီးက – “ကျွန်တော့်ရဲ့ ဘိုင်ယန်မြူးနစ် ကစားသမားဘဝက ပြီးဆုံးသွားပါပြီ။ ကျွန်တော်က ဘိုင်ယန်မြူးနစ်မှာ ဆက်မကစားချင်တော့ပါဘူး။ ဘိုင်ယန်မြူးနစ်က ဘောလုံးနဲ့ ပတ်သတ်ရင် အတော်လေးကို အစွဲအလမ်း ကြီးမားတဲ့ အသင်းတသင်း ဖြစ်သလို ကျွန်တော်ကတော့ သူတို့ဟာ ကျွန်တော့်ကို ဆွဲထားမယ်လို့ မထင်ပါဘူး။ အပြောင်းအရွှေ့ကသာ နှစ်ဖက်စလုံး အတွက် အကောင်းဆုံး ဖြေရှင်းနည်း တရပ်ပါ။ သူတို့က ကျွန်တော့်ကို မတားဆီးဖို့လည်း မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။ တဖက်မှာတော့ ဘာစီလိုနာက လီဝမ်ဒေါစကီး အတွက် နောက်ထပ် ကမ်းလှမ်းမှု တရပ်ကို ထပ်မံ ပြုလုပ်ဖို့ စီစဉ်နေပြီး ဘာစီလိုနာရဲ့ ဒုတိယမြောက် ကမ်းလှမ်းမှုက ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း + အပိုဆုကြေး ယူရို ၅သန်း ဆိုတဲ့ ကမ်းလှမ်းမှု တရပ် ဖြစ်နိုင်ကြောင်း ဘာစီလိုနာနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

ZAWGYI: ဘာစီလိုနာအသင်းရဲ့နည်းပြ ဇာဗီဟာနန်ဒက်ဇ်ဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို ခေါ်ယူသွားနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေတယ်လို့ Diario Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ကစားသမားတွေ များစွာပိုင်ဆိုင်ထားပေမယ့်လည်း အမာခံ ကွင်းလယ်လူကြီး ဆာဂျီယိုဘူးစကွက်စ်က လက်ရှိမှာ အသက်(၃၃)နှစ်အရွှယ် ရောက်နေပြီဖြစ်သလို အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖရန့်ကီဒီဂျောင်ရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်နေတဲ့အတွက် ဘာစီလိုနာအသင်းက နေးဗက်စ်ကို ပစ်မှတ်ထားလာရတာ ဖြစ်ပါတယ်။