အာဆင်နယ် ညာနောက်ခံလူဟောင်း ဆက်ဂ်နာက လီဗာပူးလ် အသင်းနဲ့ မန်စီးတီး အသင်းတို့ဟာ လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ဆုအတွက် နောက်တကြိမ် အကြိတ်အနယ် ပြန်လည် ရင်ဆိုင်ကြရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ လီဗာပူးလ် အသင်းနဲ့ မန်စီးတီး အသင်းတို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို လွှမ်းမိုးထားခဲ့ပြီး၊ ပပ်ဂွာဒီယိုလာရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆက်ထိန်းထား နိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူတို့ အသင်းဟာ ချန်ပီယံ ဆုအတွက် တိုက်ပွဲဝင်ခဲ့ရာမှာ ဒုတိယ နေရာက လီဗာပူးလ် အသင်းကို အပြတ်အသတ် အသာရခဲ့တာမျိုး မဟုတ်ပဲ၊ နောက်ဆုံးပွဲအထိ ရေကုန်ရေခမ်း ကစားခဲ့ပြီးမှ အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျာဂန်ကလော့ပ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အမှတ်ပေး ချန်ပီယံဆုကို တမှတ်အကွာနဲ့ လက်လွှတ်ခဲ့ရပေမယ့်၊ သူတို့နောက်က အသင်းတွေဟာ အမှတ်ကွာဟမှုများစွာ ရှိနေခဲ့ပြီး၊ အဆင့်၃နေရာက ချဲလ်ဆီးအသင်းကို ၁၈မှတ်၊ အဆင့်၄နေရာက စပါးအသင်းကို ၂၁မှတ်ထိ ဖြတ်နိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် လာမယ့် ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် မန်စီးတီးနဲ့ လီဗာပူးလ် အသင်းတို့ကို အခြားအသင်းတွေ လိုက်မီဖို့ မဖြစ်နိုင်သေးဘူးလို့ ပြင်သစ် လက်ရွေးစင် နောက်ခံလူဟောင်း ဆက်ဂ်နာက ယုံကြည်နေတာပါ။ ဒီနှစ်သင်းဟာ သူတို့ရဲ့ ကစားသမား အင်အားကို ပိုမို တောင့်တင်းအောင် အဆင့်မြှင့်တင်ဖို့ ရပ်တန့်နေမှာ မဟုတ်ဘူးလို့ အာဆင်နယ် ညာနောက်ခံလူဟောင်း ဆက်ဂ်နာက သူ့ရဲ့ အမြင်ကို အခုလို ပြောသွားခဲ့ပါတယ်။

“ချဲလ်ဆီး၊ တော့တင်ဟမ် ဟော့စပါးနဲ့ အာဆင်နယ် အသင်းတို့ဟာ မန်စီးတီးနဲ့ လီဗာပူးလ် အသင်းတို့ကို ယှဉ်ပြီး၊ ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် စိန်ခေါ်နိုင်ဖို့ မလွယ်သေးပါဘူး။ သူတို့ နှစ်သင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့တာပါ။ နောက်ပြီး နှစ်သင်းစလုံးဟာ ကမ္ဘာ့အဆင့်မီ ကစားသမားတွေကို သူတို့အသင်းမှာ ဆက်လက် အားဖြည့်နေရင်း ဒီပြိုင်ပွဲကို လွှမ်းမိုးထားဖို့ ပြင်ဆင်နေကြတာ အားလုံး အမြင်ပါပဲ။”

ဆက်လက်ပြီး ဆက်ဂ်နာက ချဲလ်ဆီး၊ တော့တင်ဟမ် ဟော့စပါးနဲ့ အာဆင်နယ် အစရှိတဲ့ လန်ဒန် ထိပ်သီးကလပ်တွေဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်တဲ့ အနေအထား ရောက်အောင် အချိန်ယူရလိမ့်မယ်လို့ အခုလို ထပ်ပြောထားပါတယ်။ “ချဲလ်ဆီး၊ တော့တင်ဟမ် ဟော့စပါးနဲ့ အာဆင်နယ်တို့လို အသင်းတွေဟာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ အတွက် အချိန်ယူရဦးမှာပါ။ သူတို့က အရင်ထက် ပိုကောင်းလာပါလိမ့်မယ်။ ဒါပေမယ့် ဒီရာသီမှာ မန်စီးတီးနဲ့ လီဗာပူးလ် အသင်းတို့ကို ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့တော့ ကျွန်တော် မထင်မိပါဘူး။”

လီဗာပူးလ် အသင်းနဲ့ မန်စီးတီး အသင်းတို့ကို ကမ္ဘာ့အကောင်းဆုံး နည်းပြတွေက ဦးဆောင်နေတာ ဖြစ်ပြီး၊ ဒီအချက်က အခြား ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေထက် ခေါင်းတလုံး အသာရနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ နှစ်သင်းစလုံးဟာ လက်ရှိ အပြောင်းအရွှေ့ စျေးကွက်မှာ သူတို့ရဲ့ အသင်းတွေကို ပြန်လည် အားဖြည့်ဖို့ အတော်လေး တက်ကြွနေတာ တွေ့ရပြီး၊ မန်စီးတီး အသင်းဟာ အာလင်း ဟာလန်းနဲ့ ကီဗင်ဖီးလစ်တို့ကို ခေါ်ယူကာ အရင်ကထက် ပိုမို အားကောင်းလာခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဂျာဂန်ကလော့ပ်ရဲ့ လီဗာပူးလ် အသင်းဟာလည်း သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဆာဒီယို မာနေးကို ဘိုင်ယန်မြူးနစ် အသင်းထံ လက်လွှတ်ခဲ့ရပေမယ့်၊ ကမ္ဘာ့အကောင်းဆုံး လူငယ် တိုက်စစ်မှူး တဦးဖြစ်တဲ့ ဒါဝင်နူနက်ဇ်ကို ခေါ်ယူ အားဖြည့်ထားပါတယ်။

ZAWGYI: အာဆင်နယ် ညာနောက်ခံလူဟောင်း ဆက်ဂ်နာက လီဗာပူးလ် အသင်းနဲ့ မန်စီးတီး အသင်းတို့ဟာ လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ဆုအတွက် နောက်တကြိမ် အကြိတ်အနယ် ပြန်လည် ရင်ဆိုင်ကြရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ လီဗာပူးလ် အသင်းနဲ့ မန်စီးတီး အသင်းတို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို လွှမ်းမိုးထားခဲ့ပြီး၊ ပပ်ဂွာဒီယိုလာရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆက်ထိန်းထား နိုင်ခဲ့ပါတယ်။