အခုနောက်ဆုံးထွက်ပေါ်လာခဲ့တဲ့အခုနောက်ဆုံးထွက်ပေါ်လာခဲ့တဲ့ စိတ်လှုပ်ရှားစရာသတင်းတခုကတော့ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင် ဆွန်ဟောင်မင်ရဲ့လှုပ်ခတ်လာတဲ့အပြောင်းအရွှေ့သတင်းပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ရာသီမှာ မိုဆာလာနဲ့အတူတူ သွင်းဂိုး၂၃ဂိုးသွင်းပြပြီး အင်္ဂလန်ဂိုးသွင်းဘုရင်ရွှေဖိနပ်ဆုကို ပူးတွဲရယူနိုင်ခဲ့သူတောင်ကိုရီးယားစတားဟာ မြောက်လန်ဒန်မှာစာချုပ်ရှိနေသေးတဲ့ကစားသမားဖြစ်ပါတယ်။

ပယ်နယ်တီတလုံးမျှမသွင်းပဲနဲ့ ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပေမဲ့ မည်သည့်တဦးချင်းဆုတံဆိပ်ရဲ့ဇကာတင်စာရင်းမှာမှမပါဝင်ခဲ့သလို တရာသီအကောင်းဆုံးအသင်းမှာတောင်မပါဝင်ခဲ့လို့ ဆွန်အတွက်ပရီးမီးယားလိဂ်ဟာစိတ်ပျက်စရာဖြစ်လို့လာခဲ့တာပါ။ ဒါကိုကစားသမားကိုယ်တိုင်ကလဲ ထုတ်ဖော်ပြောဆိုထားပြီး သူ့ရဲ့ဖခင်ဖြစ်သူကလဲ သားဖြစ်သူကို အသင်းပြောင်းပြီး ကမ္ဘာ့အဆင့်ဖြစ်ကြောင်းသက်သေပြဖို့ မကြာသေးမီကတင် သွယ်ဝိုက်ပြောဆိုပြီးဖိအားပေးထားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၆ ရာသီအတွင်းမှာ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ခြေစွမ်းအတည်ငြိမ်ဆုံးကစားသမားဖြစ်သူ ဆွန်ဟောင်မင်ကို ချန်ပီယံလိဂ်၁၄ထပ်ကွမ်းချန်ပီယံ ဘုရင်ကလပ်ဖြစ်တဲ့ ရီရဲမက်ဒရစ်တို့ကစိတ်ဝင်တစား စတင်ချိတ်ဆက်လာခဲ့ပြီလို့သိရပါတယ်။ ကာလိုအန်စလော့တီက ဆွန်ဟောင်မင်ကို ဂရတ်သ်ဘေးလ်နဲ့အစ္စကိုတို့ရဲ့နေရာအတွက် အလိုရှိနေတယ်လို့ အီတလီဂျာနယ်လစ် ရူဒီ ဂယ်လ်လက်တီက သတင်းရရှိထားခဲ့ပြီး ဖွင့်ချလိုက်တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ရဲ့အကြောင်းကို ပရီးမီးယားလိဂ်မှာ အဲဗာတန်ကိုကိုင်တွယ်နေစဉ်ကတည်းက အန်စလော့တီကသိရှိထားခဲ့ပြီးသားဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့ဟာ ဖြစ်နိုင်ဖွယ်ရှိတဲ့အပြောင်းအရွှေ့ဖြစ်ပြီး အချိန်အခါအခြေအနေအားဖြင့်လဲ ရာခိုင်နှုန်းများနေခဲ့ပါတယ်။ လာမဲ့ဇွန်လကုန်မှာ ကလပ်နဲ့စာချုပ်ကုန်ဆုံးတော့မဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘေးလ်နဲ့အစ္စကိုတို့အပြင် လာမဲ့ရာသီကုန်ဆုံးရင်စာချုပ်ပြည့်တော့မှာဖြစ်တဲ့ မာကိုအဆန်စီယိုကိုလဲ ကလပ်ကရောင်းချဖို့ရှိနေတာဖြစ်ပါတယ်။

အဆန်စီယိုကို အာဆင်နယ်နဲ့လီဗာပူးတို့ကစိတ်ဝင်စားနေခဲ့ပြီး ၂၆နှစ်သားပါထပ်မံထွက်ခွာသွားပါက အသင်းရဲ့တိုက်စစ်ပိုင်းမှာ နေရာလွတ်များစွာကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ ဆွန်ဟာ ထိပ်တန်းအဆင့်မှာ ရာသီပေါင်းများစွာဖြတ်သန်းပြထားသူဖြစ်ပြီး တော့တင်ဟမ်တို့နဲ့အတူ ၁၃၁ဂိုးသွင်းထားပြီး ၇၃ ဂိုးဖန်တီးပြထားနိုင်ခဲ့သူဖြစ်ကာ ၃၂၄ ပွဲကစားပေးထားပြီး ဒဏ်ရာပြသနာလဲနည်းသူဖြစ်တာကြောင့် မက်ဒရစ်တို့အတွက်စိတ်ကြိုက်ဖြစ်စေမဲ့သူမျိုးဖြစ်ပါတယ်။

ဒါ့အပြင် ၂၉နှစ်သားကြောင့် ရီရဲမက်ဒရစ်တို့ရဲ့ရှိရင်းစွဲအာရှဈေးကွက်ဝေစုက တဟုတ်ထိုးထပ်မံမြင့်တက်သွားဖို့သေချာနေပြီး ပီရက်ဇ်အတွက် အမြတ်အစွန်းများမဲ့ခေါ်ယူမှုဖြစ်လာမှာသေချာပါတယ်။ လော့ဘလန်ကို့စ်တို့ဟာ စပါးကနေ အောင်မြင်တဲ့ခေါ်ယူမှုတွေကိုပြုလုပ်ထားခဲ့ဖူးပြီး လက်ရှိထွက်ခွာတော့မဲ့ ဘေးလ်နဲ့ ကွင်းလယ်မှာအခုချိန်ထိလက်လွှတ်လို့မရသေးတဲ့ ၃၇နှစ်သား မိုဒရစ်တို့နဲ့ သာဓကကောင်းများစွာရှိထားနှင့်ပြီးလဲဖြစ်ပါတယ်။

ဟာလန်းနဲ့အမ်ဘာပေတို့လို စူပါစတားတွေကိုလက်လွှတ်ထားတဲ့ ရီရဲမက်ဒရစ်ဟာ ဈေးကွက်အတွင်း ခေါ်ယူဖို့နာမည်ကြီးတော်တော်များများနဲ့သတင်းတွေထွက်နေခဲ့ပြီး ဒိုင်ဘာလာ၊ ဂနာဘရီ၊ ဂါဘရီယယ် ဂျေဆူး၊ ရစ်ချက်လီဆန်ကနေ မန်ယူနိုက်တက်လူငယ်ကစားသမားလေး ဂါနာချိုအထိပါဝင်နေတာဖြစ်ပါတယ်။ ရီရဲမက်ဒရစ်တို့ရဲ့ဈေးကွက်တွင်း အသုံးပြုဖို့ငွေကြေး သန်း၂ရာကျော်ကျန်သေးတယ်လို့ ပီရက်ဇ်ကထုတ်ဖော်ဝန်ခံထားပြီး ချူအာမန်နီနောက် ဘယ်ကစားသမားကိုခေါ်ယူဦးမယ်ဆိုတာကိုတော့ ပြောဆိုထားခဲ့ခြင်းမရှိသေးပါဘူး။

၂၀၂၅ ခုနှစ်နွေရာသီအထိ စပါးတို့နဲ့စာချုပ်ရှိနေသေးတဲ့ ဆွန်ဟောင်မင်ကိုရရှိဖို့အတွက် မက်ဒရစ်ဘက်က သူ့ရဲ့ဈေးကွက်တန်ဖိုး ယူရို ၇၅ သန်းထက်တော့ ပိုမိုအသုံးပြုသွားရမှာသေချာပေါက်ပဲဖြစ်ပါတယ်။ ဂျွန်နသန်ဝုဒ်ဂိတ်ကနေ အဒီဘာယောအလယ် ဘေးလ်အဆုံးစပါးကစားသမားတွေကို အစဉ်အဆက်ခေါ်ယူခဲ့ဖူးတဲ့အစဉ်အလာရှိထားခဲ့သလို စပါးတို့ဘက်ကလဲ ဗန်ဒါဗက်၊ဆိုဒါးဒိုးစတဲ့ကစားသမားတွေကနေ အခုနောက်ဆုံး ရီဂွယ်လွန်အထိ မက်ဒရစ်ကစားသမားတွေကိုခေါ်ယူထားခဲ့ဖူးတာဖြစ်ပါတယ်။

ZAWGYI: အခုနောက်ဆုံးထွက်ပေါ်လာခဲ့တဲ့အခုနောက်ဆုံးထွက်ပေါ်လာခဲ့တဲ့ စိတ်လှုပ်ရှားစရာသတင်းတခုကတော့ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင် ဆွန်ဟောင်မင်ရဲ့လှုပ်ခတ်လာတဲ့အပြောင်းအရွှေ့သတင်းပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ရာသီမှာ မိုဆာလာနဲ့အတူတူ သွင်းဂိုး၂၃ဂိုးသွင်းပြပြီး အင်္ဂလန်ဂိုးသွင်းဘုရင်ရွှေဖိနပ်ဆုကို ပူးတွဲရယူနိုင်ခဲ့သူတောင်ကိုရီးယားစတားဟာ မြောက်လန်ဒန်မှာစာချုပ်ရှိနေသေးတဲ့ကစားသမားဖြစ်ပါတယ်။