လီဗာပူး အသင်းရဲ့ ဂျပန် တိုက်စစ်မှုး မီနာမီနို ဟာ အန်ဖီးလ် ကနေ ထွက်ခွာဖို့ နီးစပ်နေပါပြီ။ သူ့ကို ခေါ်ယူဖို့ အတွက် ကလပ် အသင်း ၅ ခု က အပြိုင်ဆိုင် ကြိုးစားနေကြပါတယ်။ လီဗာပူးဟာ လက်ရှိ အပြောင်းအရွှေ့မှာပဲ မီနာမီနို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်း (ယူရို သန်း ၂၀) ရရှထိပဲ လက်လွှတ်ဖို့ ပြင်ဆင်ထားပါတယ်။ တစ်ချိန်တည်းမှာ အပြောင်းအရွှေ့ ကိစ္စတွေကို အလျှင်အပြန် ပြီးစီးအောင် လုပ်ဆောင်ချင်နေပါတယ်။

မီနာမီနို ရဲ့ အေးဂျင့် ဖြစ်သူ Yusuke Akiyama ဟာ ဥရောပ ကို ရောက်ရှိနေပြီး ၊ ကလပ်အသင်း တော်တော်များများ နဲ့ အပြောင်းအရွှေ့ ကိစ္စတွေ စကားပြောလျှက် ရှိနေပါတယ်။ ကစားသမား ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အထဲမှာ လိဒ် ယူနိုက်တက် နဲ့ ဆောက်သမ်တန် အသင်းတွေ က ဆုံးကနေ ရှိနေပါတယ်။ လိဒ် ယူနိုက်တက် လက်ရှိ နည်းပြ ဂျဆီ မာ့ရှ် ဟာ ဆဲလ်ဘုမှာတုန်းက မီနာမီနို နဲ့ လက်တွဲခဲ့သူ ဖြစ်ပြီး ၊ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပေါ်ထွက်လာအောင် ကူညီခဲ့ဖူးသူဖြစ်ကာ ၊ အင်္ဂလန် မှာ နောက်တစ်ကြိမ် ပြန်လည် လက်တွဲခွင့်ရဖို့ မျှော်လင့်နေပါတယ်။

ဆောက်သမ်တန် အသင်းကလဲ ရာသီဝက် အငှားနဲ့ ခေါ်ယူခဲ့ဖူးတာကြောင့် ၊ ဂျပန် ဘောလုံးသမား ရဲ့ အကြောင်းကို ကောင်းကောင်း သိနေပါတယ်။ အခြား စိတ်ဝင်စားတဲ့ အသင်းတွေ ထဲမှာတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဝုဖ် နဲ့ ဖူဟမ် တို့ ဖြစ်ပြီး ၊ အသက် ၂၇ နှစ် အရွယ် ဂျပန်သားရဲ့ စွမ်းဆောင်ရည်တွေ ရယူနိုင်ဖို့ အပြိုင် ချဉ်းကပ်လျှက် ရှိနေပါတယ်။ ဒါ့အပြင် ပြင်သစ် က ချူအာမီနီ ကို ရောင်းချလို့ ဝင်ငွေ တောင့်နေတဲ့ မိုနာကို ကလဲ မီနာမီနိုကို ချိတ်ဆက်မှုတွေ ပြုလုပ်ထားပါတယ်။

လီဗာပူး ဘက်ကတော့ သူတို့ ကစားသမား ကို ခေါ်ယူဖို့ အတွက် အပြိုင် ကမ်းလှမ်းလာကြမယ့် အနေထားတွေ ကို မျှော်လင့်ထားခြင်း မရှိပါဘူး။ ဒါကြောင့် အပြောင်းအရွှေ့ အလျှင်မြန် အကောင်ထည် အမြန်ဆုံး ဖော်ဆောင်ဖို့ပဲ ဦးတည်နေတာပါ။ တဖက်မှာ ဆာဒီယို မာနေး ကို ရောင်းချနိုင်ဖို့လဲ ဘိုင်ယန် မြူးနစ် တာဝန်ရှိသူတွေ ကို လက်ခံ ဆွေးနွေးပေးလျှက် ရှိနေပြီး ၊ တိုက်စစ်ပိုင်းမှာ အစားထိုးဖို့ အတွက်တော့ ဘင်ဖီကာ က ဒါဝင် နူနက် ကို ပစ်မှတ်ထား နေပါတယ်။

ဘင်ဖီကာ ဟာ သူတို့ရဲ့ ဥရုဂွေး တိုက်စစ်မှုး အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၀၀ အထိ မျှော်မှန်းထားပါတယ်။ ဒါကြောင့်လဲ လီဗာပူး ဟာ အဲဒီ ပမာဏမျိုး ပြန်ရဖို့ အတွက် ကစားသမား ရောင်းချတဲ့ အပိုင်းတွေကို ခပ်သွက်သွက် လုပ်ဆောင်ချင်နေတာလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လက်ရှိ အပြောင်းအရွှေ့မှာမားနေ ၊ တာကီ တို့ အပြင် ချန်ဘာလိန် ၊ နီကိုး ဝီလီယံ ၊ နက် ဖီးလစ် တို့နဲ့ပါ လမ်းခွဲဖို့ ပြင်ဆင်ထားတာပါ။

တိုက်စစ်မှုး အိုရီဂီ ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီးမှာ ကတည်းက လီဗာပူး ကို နှုတ်ဆက်သွားခဲ့ပါပြီ။ လီဗာပူး ဟာ အဘာဒင်း အသင်းက လူငယ် ညာနောက်ခံလူ ရမ်ဆေး ကို ခေါ်ယူဖို့ ကြိုးစားနေသလို ၊ နောက်ထပ် ကွင်းလယ် အဖျက် ကစားသမား တစ်ယောက် ထပ်ပြီး ခေါ်ယူသွားဖွယ် ရှိနေပါသေးတယ်။ လက်ရှိမှာတော့ ဖူဟမ် အသင်းက ပေါ်တူဂီ လူငယ် ချာတိတ်လေး ကာဗယ်ဟို ကို ခေါ်ယူထားပါတယ်။

ZAWGYI: လီဗာပူး အသင်းရဲ့ ဂျပန် တိုက်စစ်မှုး မီနာမီနို ဟာ အန်ဖီးလ် ကနေ ထွက်ခွာဖို့ နီးစပ်နေပါပြီ။ သူ့ကို ခေါ်ယူဖို့ အတွက် ကလပ် အသင်း ၅ ခု က အပြိုင်ဆိုင် ကြိုးစားနေကြပါတယ်။ လီဗာပူးဟာ လက်ရှိ အပြောင်းအရွှေ့မှာပဲ မီနာမီနို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်း (ယူရို သန်း ၂၀) ရရှထိပဲ လက်လွှတ်ဖို့ ပြင်ဆင်ထားပါတယ်။ တစ်ချိန်တည်းမှာ အပြောင်းအရွှေ့ ကိစ္စတွေကို အလျှင်အပြန် ပြီးစီးအောင် လုပ်ဆောင်ချင်နေပါတယ်။