ဖရန့်ဖတ် ၁-၀ ဝက်စ်ဟမ်း။ ။ ဖရန့်ဖတ်ကတော့ တစ်ယောက်လျှော့ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ အနိုင်ယူပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။ မိနစ် ၇၀ နီးပါး တစ်ယောက်လျှော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာက ဝက်စ်ဟမ်းကို တော်တော်လေး အားလျှော့စေခဲ့တာပါ။အန်တိုနီယို၊ ဖော်နယ်စ်၊ လန်ဇီနီ၊ ဘိုဝင်၊ ဒက်လလန်ရိုက်၊ ဆိုချောစ်တို့နဲ့ ဝက်စ်ဟမ်းရဲ့ တုံ့ပြန်ပုံက အားရစရာကောင်းခဲ့တာပါ။ တစ်ယောက်လျှော့သွားပြီးချိန်မှာတောင် ဝက်စ်ဟမ်းတို့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတ်။ ၁၉ မိနစ်မှာ ဝက်စ်ဟမ်းဘက်က ခရက်ဝဲလ် အထုတ်ခံလိုက်ရပြီး ဖရန့်ဖတ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၂၆ မိနစ်မှာ ဘိုရီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဖရန့်ဖတ်က ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိန်းချုပ်ပြီး ဝက်စ်ဟမ်းကလည်း အခွင့်အရေးတချို့ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ ဆီမီးဖိုင်နယ်ကနေပဲ လှည့်ပြန်လာခဲ့ရပါတယ်။ ရိန်းဂျားစ် ၃-၁ လိုက်ပဇစ်။ ။ ယူရိုပါလိဂ်မှာ မထင်မှတ်ထားတာတွေ လုပ်ပြနေတဲ့ ရိန်းဂျားစ်က ဒီပွဲမှာလည်း ထင်မှတ်မထားတဲ့ရလဒ်ကို ဖန်တီးပြနိုင်ခဲ့ပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ရိန်းဂျားစ်ဟာ အာရီဘို၊ စကော့ရိုက်၊ ရွိုင်ယန်ကန့်၊ ကာမာရာ၊ တာဗာနီယာတို့ စုဖွဲ့မှုနဲ့ ပွဲထွက်လာခဲ့သလို လိုက်ပဇစ်ကလည်း ၃-၄-၂-၁ ကစားကွက်ကို ခင်းကျင်းကာ အော်မို၊ အန်ကွန်ကူ၊ ပူလ်ဆင်တို့ကိုပဲ အမာခံထားပြီး ပွဲထွက်လာခဲ့တာပါ။

လိုက်ပဇစ်က ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး ပွဲကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့ တကယ်တမ်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်သွားနိုင်ခဲ့တာက အိမ်ရှင်ရိန်းဂျားစ်ပါ။ ရိန်းဂျားစ်ရဲ့ ခံစစ်ကမာကျောနေလို့ လိုက်ပဇစ် ထိုးဖောက်ရခက်နေခဲ့ပြီး ရိန်းဂျားစ်ရဲ့ တန်ပြန်တိုက်စစ်တွေက ထိရောက်ခဲ့တာပါ။ ၁၈ မိနစ်မှာ တာဗာနီယာ၊ ၂၄ မိနစ်မှာ ကာမာရာနဲ့ မိနစ် ၈၀မှာ လန်စတုန်းတို့က ရိန်းဂျားစ်အတွက် ဂိုးတွေသွင်းပေးခဲ့ပြီး လိုက်ပဇစ်အတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ မိနစ် ၇၀ မှာ အန်ကွန်ကူက သွင်းပေးခဲ့တာပါ။

ရိုးမား ၁-၀ လက်စတာ။ ။ ပထဆုံးကျင်းပခဲ့တဲ့ ကွန်ဖရင့်လိဂ်မှာတော့ မော်ရင်ဟိုရဲ့ ရိုးမားက အင်္ဂလန်သားတွေကို ဆုံးမပေးပြီး ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ရိုးမားဟာ ၃-၄-၂-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး အေဘရာဟမ်ချ်၊ ပယ်လီဂရီနီ၊ ဇာနီယိုလို၊ အိုလီဗီရာတို့ရဲ့ စုဖွဲ့မှုနဲ့ ပွဲထွက်လာခဲ့ပါတယ်။ လက်စတာကလည်း ၄-၃-၃ ကစားကွက်ကို ခင်းကျင်းကာ ဗာဒီ၊ ဂျွန်ဘန်းစ်၊ လွတ်ခ်မန်း၊ တိုင်လီမန့်စ်၊ မက်ဒီဆန်တို့လို အမာခံ ကစားသမားတေါကို ခင်းကျင်းလာခဲ့တာပါ။

ပွဲအစ ၁၁ မိနစ်မှာလည်း ရိုးမားအတွက် အနိုင်ရလဒ်လုံလောက်စေမဲ့ဂိုးကို အေဘရာဟမ်ချ်က သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ရိုးမားရဲ့ ကစားပုံက ခံစစ်ပိုမိုဆန်ခဲ့ပြီး လက်စတာက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရိုးမားရဲ့ မာကျောတဲံ နောက်တန်းကို လက်စတာ ထိုးဖောက်ဖို့ရာ အဖြေရှာမရခဲ့ဘဲ အင်္ဂလန်မြေကို အရှုံးရလဒ်နဲ့သာ လှည့်ပြန်လာခဲ့ရပါတယ်။ ရိုးမားနည်းပြ မော်ရင်ဟိုဟာ ချန်ပီယံလိင်္ဂ၊ ယူရိုပါလိဂ်၊ ယူရိုကွန်ဖရင့်လိဂ် ၃ ခုစလုံးမှာ ဗိုလ်လုပွဲတက်နိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။

မာဆေး ဝ-၀ ဖီယင်နု။ ။ ရေပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်တဲ့မာဆေးကတော့ အိမ်ကွင်းမှာ သရေရလဒ်သာ ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ မာဆေးဟာ ဂွမ်ဒိုဇီ၊ ဟာရစ်၊ ပါယက်စ်၊ ဂါဆန်၊ ဂိုင်ယီ၊ ဆာလီဘာတို့ရဲ့ စုဖွဲ့မှုနဲ့ ပွဲထွက်ခဲ့သလို ဖီယင်နုကလည်း သူတို့ရဲ့ အမာခံ ကစားသမားအစုံအလင်နဲ့ မာဆေးကို ရင်ဆိုင်ခဲ့တာပါ။ မာဆေးအနေနဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားနိုင်ခဲ့ပေမဲ့ ဖီယင်နုရဲ့ ခံစစ်ကြောင်းကို ထိုးဖောက်ဖို့ရာခက်ခဲနေခဲ့ပြီး တိုက်စစ်ပိုင်း အားနည်းနေခဲ့ပါတယ်။ မာဆေးရဲ့ တိုက်စစ်က တစ်ဦးချင်း ထိုးဖောက်ဖို့ရုန်းကန်ခဲ့ရသလို အသင်းလိုက် ချိတ်ဆက်မှုလည်း မကောင်းခဲ့ပါဘူး။ ဒါကြောင့် မာဆေးတို့ ပွဲပြီးဆုံးချိန်အထိ ဂိုးပေါက် ရှာမတွေ့ခဲ့ဘဲ အိမ်ကွင်းမှာ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ZAWGYI: ဖရန့်ဖတ် ၁-၀ ဝက်စ်ဟမ်း။ ။ ဖရန့်ဖတ်ကတော့ တစ်ယောက်လျှော့ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ အနိုင်ယူပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။ မိနစ် ၇၀ နီးပါး တစ်ယောက်လျှော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာက ဝက်စ်ဟမ်းကို တော်တော်လေး အားလျှော့စေခဲ့တာပါ။အန်တိုနီယို၊ ဖော်နယ်စ်၊ လန်ဇီနီ၊ ဘိုဝင်၊ ဒက်လလန်ရိုက်၊ ဆိုချောစ်တို့နဲ့ ဝက်စ်ဟမ်းရဲ့ တုံ့ပြန်ပုံက အားရစရာကောင်းခဲ့တာပါ။ တစ်ယောက်လျှော့သွားပြီးချိန်မှာတောင် ဝက်စ်ဟမ်းတို့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတ်။ ၁၉ မိနစ်မှာ ဝက်စ်ဟမ်းဘက်က ခရက်ဝဲလ် အထုတ်ခံလိုက်ရပြီး ဖရန့်ဖတ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၂၆ မိနစ်မှာ ဘိုရီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။