ပရီးမီးယားလိဂ်ချန်ပီယံဆုအောင်ပွဲခံနေရင်း ကွင်းထဲကိုကျူးကျော်ဝင်ရောက်လာတဲ့ မန်ချက်စတာစီးတီးဖန်များရဲ့တိုက်ခိုက်ခြင်းကို အက်စတန်ဗီလာဂိုးသမား ရော်ဘင်အိုလ်ဆင်ခံခဲ့ရတဲ့ ရုပ်သံမှတ်တမ်းတွေထွက်ပေါ်လာပြီး ဗီလာနည်းပြစတီဗင်ဂျာရတ်ကလည်း ထုတ်ဖော်ခဲ့ပါတယ်။ မန်စီးတီးတို့ကလည်း အရေးယူပေးပါ့မယ်လို့ တောင်းပန်ထားပါတယ်။ အက်စ်တန်ဗီလာတို့ကို နှစ်ဂိုးရှုံးနေရာကနေ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက အဂွေးရိုးဝိညာဉ်တဖန်ပြန်နိုးထပြီး ဒရမ်မာဆန်တဲ့ကမ်းဘက်နဲ့ မန်ချက်စတာစီးတီးတို့ပြန်လာခဲ့ကြပါတယ်။

ငါးမိနစ်သုံးဂိုးနဲ့ ဗီလာတို့ကို ၃-၂ နဲ့အနိုင်ရပြီးနောက် အပျော်ကျူးနေတဲ့မန်စီးတီးဖန်များဟာ တောင်းပန်တားဆီးနေတဲ့ကြားက ကွင်းထဲကို ထိန်းမနိုင်သိမ်းမရ ဝင်လာခဲ့ကြပါတယ်။ အခုရက်ပိုင်းအတွင်း အင်္ဂလိပ်ဘောလုံးမှာ ဒရမ်မာဆန်တဲ့ကမ်းဘက်တွေ၊ ပွဲတွေနဲ့ လိဂ်အဆင့်တိုင်းမှာ တင်းကြမ်းဖြစ်နေပြီး ကွင်းထဲကို ပရိသတ်တွေကျူးကျော်ဝင်ရောက်တဲ့ဖြစ်ရပ်တွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပါတယ်။ အခုနောက်ဆုံးဖြစ်ထားတာကတော့ နော့တင်ဂမ်ဖောရက်စ်တို့ရဲ့ပလေးအော့ဖ်ပွဲနဲ့ အဲဗာတန်တို့ တန်းဆင်းဇုံကလွတ်တဲ့ပွဲတွေဖြစ်ပါတယ်။

အောင်ပွဲခံကြတဲ့မန်စီးတီးဖန်များထဲက အချို့ဟာ အလွန်အကျူးတွေဖြစ်ခဲ့ကြပြီး ကွင်းထဲပြေးဝင်လာတဲ့မန်စီးတီးပရိသတ်ထုကြားထဲ ဗီလာတို့ရဲ့ဆွီဒင်ဂိုးသမားရော်ဘင်အိုလ်ဆင် ပိတ်မိနေခဲ့ပါတယ်။ ရော်ဘင်အိုလ်ဆင်ဘာဖြစ်ခဲ့တာလဲ။ ။ ကွင်းအပြင်ကို သူ့ကစားသမားတွေ ဘေးရန်ကင်းကင်းနဲ့ပြန်ရောက်ကြရဲ့လားလို့ ပွဲအပြီးမှာ သတင်းထောက်တွေဝိုင်းမေးကြတဲ့အခါ ဗီလာဘော့စ်စတီဗင်ဂျာရတ်က

“ဒီ့အတွက်အဖြေကတော့ နိုး ဖြစ်ပါတယ်။ ကျနော့်ဂိုးသမားတိုက်ခိုက်ခံခဲ့ရပြီး ဒီမေးခွန်းတွေကို ပက်နဲ့မန်ချက်စတာစီးတီးတို့ဆီသွားမေးသင့်တယ်လို့ ထင်ပါတယ်။ သူအဆင်ပြေရဲ့လားလို့ ကျနော်တို့အခုသွားစစ်ဆေးကြမလို့ပါ။” လို့ ပြန်ဖြေခဲ့ပါတယ်။ အိုလ်ဆင်ဟာ အုံနဲ့ကျင်းနဲ့ပြိုဆင်းလာတဲ့လူအုပ်ကြားက အထိတ်တလန့်ပြေးထွက်လာရပြီး တိုက်ခိုက်ခံခဲ့ရတဲ့ရုပ်သံကလစ်တခုကိုလည်း သက်သေအဖြစ်တွေ့ခဲ့ရပါတယ်။

ဒီလိုကျူးကျော်သူတွေကို မန်စီးတီးတို့တားမြစ်မှာလား။ ။ ဒီလိုကိစ္စတွေမှာပါဝင်သူတွေကို ပွဲကြည့်ခြင်းကနေတားမြစ်ဖို့ မန်စီးတီးတို့ ကတိပေးခဲ့ပြီး ပရိသတ်တွေရဲ့ဒီလိုလုပ်ရပ်တွေကိုလည်း ချက်ချင်းရှုံ့ချခဲ့ပါတယ်။ “ဒီနေ့ပွဲရဲ့ပွဲသိမ်းခရာမှုတ်ပြီးနောက် ကွင်းထဲကိုဖန်တွေဝင်လာတဲ့အချိန်မှာ ထိပါးစော်ကားခံခဲ့ရတဲ့ အက်စ်တန်ဗီလာဂိုးသမား ရော်ဘင်အိုလ်ဆင်ကို မန်ချက်စတာစီးတီးတို့က အနူးအညွတ်တောင်းပန်လိုပါတယ်။”

“ချက်ချင်းစုံစမ်းစစ်ဆေးမှုတခုကို ကလပ်ကဖွင့်လှစ်ခဲ့ပြီး မည်သူမည်ဝါထုတ်ဖော်သိရှိတာနဲ့တပြိုင်နက် အချိန်ကန့်သတ်မထားတဲ့ကွင်းဝင်ရောက်ခွင့်ပိတ်ပင်မှုတခုနဲ့ တာဝန်ရှိတဲ့သူကို အရေးယူမှာဖြစ်ပါတယ်။” လို့ မန်စီးတီးတို့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ZAWGYI: ပရီးမီးယားလိဂ်ချန်ပီယံဆုအောင်ပွဲခံနေရင်း ကွင်းထဲကိုကျူးကျော်ဝင်ရောက်လာတဲ့ မန်ချက်စတာစီးတီးဖန်များရဲ့တိုက်ခိုက်ခြင်းကို အက်စတန်ဗီလာဂိုးသမား ရော်ဘင်အိုလ်ဆင်ခံခဲ့ရတဲ့ ရုပ်သံမှတ်တမ်းတွေထွက်ပေါ်လာပြီး ဗီလာနည်းပြစတီဗင်ဂျာရတ်ကလည်း ထုတ်ဖော်ခဲ့ပါတယ်။ မန်စီးတီးတို့ကလည်း အရေးယူပေးပါ့မယ်လို့ တောင်းပန်ထားပါတယ်။ အက်စ်တန်ဗီလာတို့ကို နှစ်ဂိုးရှုံးနေရာကနေ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက အဂွေးရိုးဝိညာဉ်တဖန်ပြန်နိုးထပြီး ဒရမ်မာဆန်တဲ့ကမ်းဘက်နဲ့ မန်ချက်စတာစီးတီးတို့ပြန်လာခဲ့ကြပါတယ်။