တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်ကစားသမားလေး ဆွန်ဟောင်မင်ဟာ (၂၀၂၁-၂၂)ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၂၃)ဂိုး ရရှိခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိပိုင်ဆိုင် သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဆွန်ဟောင်မင် အနေနဲ့ အခုလိုမျိုး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း ဘုရင်ဆုဖြစ်တဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်းမှာတော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိတဲ့ ပထမဆုံးတော့ အာရှသား အဖြစ် မှတ်တမ်းဝင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားသားလေးဟာ နောဝှစ်ကို (၅)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ စပါးအသင်းအတွက် သွင်းဂိုး (၂)ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ အဆိုပါရွှေဖိနပ်ဆုကို လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ မိုဟာမက်ဆာလာနဲ့ ပူးတွဲ ရရှိခဲ့တာလည်းပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် နောက်ဆုံးပွဲ မကစားခင်မှာ ဆွန်ဟာ သွင်းဂိုး (၂၁)ဂိုးနဲ့ ဒုတိယနေရာမှာ ရှိနေခဲ့တာဖြစ်ပြီး၊ ဆာလာကတော့ သွင်းဂိုး (၂၂)ဂိုးနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဆွန်ဟောင်မင်က (၂)ဂိုးသွင်းပြီး ဆာလကို ပြန်လည် ဦးဆောင်ခဲ့ပေမဲ့၊ ဆာလာကလည်း ဝုဗ်နဲ့ ပွဲစဉ်မှာ လူစားဝင်လာပြီးမှာ လီဗာပူးလ်အတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးသွား နိုင်ခဲ့တာကြောင့် (၂၃)ဂိုးစီ ဖြစ်သွားခဲ့ပြီး ရွှေဖိနပ်ဆုကို ပူးတွဲ ရရှိခဲ့သွားခဲ့ ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆွန်အနေနဲ့ သွင်းယူခဲ့တဲ့ သွင်းဂိုး (၂၃)ဂိုးလုံးမှာ ပင်နယ်တီ သွင်းဂိုးတစ်ဂိုးမှ ပါဝင်ခဲ့ခြင်းမရှိပဲ စပါးအသင်း ရရှိတဲ့ ပင်နယ်တီတွေကိုသာ ဆွန် ကန်ခဲ့မယ်ဆိုရင်တော့ ဆာလာထက် ပိုပြီးတော့ များပြားတဲ့ သွင်းဂိုးတွေကို ရရှိသွားမှာ ဖြစ်ပါတယ်။

ဆာလာကတော့ သွင်းဂိုး (၂၃)ဂိုးမှာ ပင်နယ်တီ သွင်းဂိုးက (၅)ဂိုး အထိ ပါဝင်နေတာ ဖြစ်ပါတယ်။ နောဝှစ်နဲ့ ပွဲစဉ်မှာ ဆွန်ဟာ သူ့ရဲ့ သွင်းဂိုး (၂)ဂိုးလုံးကို သူအားသန်တဲ့ ညာခြေနဲ့ သွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဆွန်အနေနဲ့ သွင်းယူခဲ့တဲ့ ပရီးမီးယားလိဂ် သွင်းဂိုး (၂၃)ဂိုးမှာ (၁၂)ဂိုးကိုက ဘယ်ခြေနဲ့ သွင်းယူခဲ့တာဖြစ်ပြီး (၁၁)ဂိုးကို ညာခြေနဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားသား ဖြစ်တဲ့ ဆွန် အနေနဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့တာကြောင့် တောင်ကိုရီးယားဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ရွှေဖိနပ်ဆု ရရှိတဲ့ (၁၃)နိုင်ငံ မြောက် နိုင်ငံ အဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။

ရွှေဖိနပ်ဆု ရရှိခဲ့တဲ့ အပေါ်မှာ ဆွန်ကတော့ ” ဒီဆုကို ရရှိခဲ့တဲ့ အပေါ် မယုံကြည်နိုင်လောက် အောင် ဖြစ်ရပါတယ်၊ ကျွန်တော်ဒါကို မယုံကြည်နိုင်သေးပါဘူး၊ ကျွန်တော်အရမ်း စိတ်လှုပ်ရှားနေပါတယ်၊ ဒီဆုကို ရဖို့ဆိုတာ ကျွန်တော် ကလေးဘဝထဲက အိပ်မက် မက်ခဲ့ရတာပါ၊ အခုတော့ ကျွန်တော့်လက်ထဲမှာ ဒီဆုက ရောက်နေပါပြီ၊ မယုံကြည်နိုင်လောက်အောင်ပါပဲ၊ ဒီပွဲမှာ ကျွန်တော် ဂိုးတွေ မသွင်းနိုင်ခင် အခွင့်အရေးကြီးတွေ များစွာကို ကျွန်တော်လွဲချော်နေခဲ့တာပါ၊ ကျွန်တော့်ရဲ့ အသင်းဖော်တွေကို ကျွန်တော်ပြောခဲ့တာ ရှိပါတယ်၊

လွယ်ကူလွန်းတဲ့ အခွင့်အရေးတွေကို လွဲချော်ခဲ့ပေမဲ့ ခက်ခဲတဲ့ သွင်းဂိုးကိုတော့ သွင်းယူနိုင်ခဲ့တယ်လို့လေ၊ ကျွန်တော် အရှုံးမပေးခဲ့ပါဘူး၊ ဒီနေ့မှာ ကျွန်တော် ဂိုးသွင်းယူချင်ခဲ့တာပါ၊ အသင်းကလည်း ပထမပိုင်းမှာ ကျွန်တော်ဂိုး သွင်းနိုင်အောင် အများကြီး ကူညီခဲ့ကြပါတယ်၊ သူတို့က ကျွန်တော့်ကို ဒီဆုကို ရဖို့ ကူညီချင်ခဲ့ကြပါတယ်၊ ဒါကို ခင်ဗျား ဒီနေ့မှာ မြင်နိုင်မှာပါ၊ ဒီရာသီက ကျွန်တော်တို့အတွက် တကယ်ကောင်းတဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်၊ နောက်ရာသီမှာတော့ ကျွန်တော်တို့ ချန်ပီယံလိဂ်ကို ရောက်ရှိခဲ့ပါပြီ၊

ကျွန်တော်တို့က ဒါနဲ့ထိုက်တန်ပါတယ်၊ ကွန်တီက ကွဲပြားတဲ့ အရာတွေ အများကြီး ကျွန်တော်တို့ကို ပေးခဲ့ပါတယ်၊ သူရောက်မလာခင် ဘယ်သူကမှ ကျွန်တော်တို့ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်ဆိုတာ မယုံကြည်ခဲ့ကြပါဘူး ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆွန်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၂၄)ဂိုး အထိသွင်းယူပေးနိုင်ခဲ့ပြီးတော့ ကစားသမားဘဝတစ်လျှောက် ဘောလုံးရာသီတစ်ခုမှာ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ရာသီတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဆွန်အနေနဲ့ အာရှသားတွေထဲမှာ ရွှေဖိနပ်ဆုကို ပထမဆုံးရခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို အသင်းကိုပါ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် တောင်ကိုရီးယားသားလေးအတွက်တော့ မမေ့နိုင်စရာ ညတစ်ည ဖြစ်ခဲ့တယ်လို့ဆိုရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်ကစားသမားလေး ဆွန်ဟောင်မင်ဟာ (၂၀၂၁-၂၂)ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၂၃)ဂိုး ရရှိခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိပိုင်ဆိုင် သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဆွန်ဟောင်မင် အနေနဲ့ အခုလိုမျိုး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း ဘုရင်ဆုဖြစ်တဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်းမှာတော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိတဲ့ ပထမဆုံးတော့ အာရှသား အဖြစ် မှတ်တမ်းဝင်ခဲ့ပြီပဲ ဖြစ်ပါတယ်။