မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွါတော့မယ့် တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီအနေနဲ့ အသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ကစားပေးခဲ့ပြီးတဲ့နောက် ပရိသတ်တစ်ယောက်နဲ့ အချင်းများခဲ့ပြီး အသင်းဘက်စ်ကားပေါ် ပြန်မတက်ခင်မှာ လက်ခလယ်ထောင်ပြသွားခဲ့ကြောင်း သိရပါတယ်။ ဥရုဂွေးသားကြီးနဲ့ ယူနိုက်တက်တို့ရဲ့ စာချုပ်သက်တမ်းက လာမယ့်လမှာ ကုန်ဆုံးမှာဖြစ်ပြီး သူ့အနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်မှာ မဟုတ်သလို ယာယီမန်နေဂျာ ရာ့ဖ် ရန်းနစ်ခ်ကတော့ ကာဗာနီကို ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ နှုတ်ဆက်ပွဲအဖြစ် အသုံးပြုသွားခဲ့တာဖြစ်ပါတယ်။

ကာဗာနီအနေနဲ့ ဆဲလ်ဟာ့စ်ပါ့ခ်မှာ ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ယူနိုက်တက်အနေနဲ့တော့ အဆင့် ၆ နေရာအတွက်ပြိုင်ဘက်အသင်းဖြစ်တဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းက ရှုံးပွဲကြုံခဲ့ရလို့သာ ကွန်းဖရန့်စ်လိဂ်မှာ ဆင်းကစားရမယ့်အရေးနဲ့ ကင်းလွတ်ခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးကြီးအနေနဲ့ လန်ဒန်မြို့တောင်ဘက်ပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ အဝေးကွင်းအထိ လာရောက်အားပေးခဲ့ကြတဲ့ ယူနိုက်တက်ပရိသတ်တွေကို ကွင်းထဲကမထွက်မီ လက်ခုတ်တီးဂုဏ်ပြုသွားခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ကစားသမားဘဝကို ကောင်းကောင်းမွန်မွန်အဆုံးသတ်နိုင်မယ်လို့ ထင်မှတ်ခဲ့ရပေမယ့် ကာဗာနီကတော့ အသင်းပရိသတ်တစ်ယောက်နဲ့ အချင်းများခဲ့တာဖြစ်ပြီး အဆိုပါပရိသတ်ကို လက်ခလယ် ၂ ကြိမ်တိတိထောင်ပြခဲ့တာဖြစ်ပါတယ်။ ဘာပြောခဲ့တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမကြားခဲ့ရပေမယ့် ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်းကြီးကတော့ ပရိသတ်တွေထဲကတစ်ယောက်ကို ညွှန်ပြကာ လက်ခလယ်ထောင်ပြခဲ့တာကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရတာဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ နောက်တစ်ကြိမ် လက်ခလယ်ထောင်ပြခဲ့တာဖြစ်သလို ပြီးမှ အသင်းဘက်စ်ကားပေါ် တက်သွားခဲ့တာဖြစ်ပါတယ်။

ကာဗာနီအနေနဲ့ အသင်းရဲ့ဘက်စ်ကားပေါ်ကို တက်တော့မယ့်အချိန်မှာ စောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေထဲက တစ်ယောက်က သူ့ကို ပြောခဲ့တဲ့စကားအချို့နဲ့ပတ်သက်ပြီး ဒေါသတကြီးတုံ့ပြန်ခဲ့တယ်လို့ ဆိုနိုင်တာဖြစ်ပြီး သူ့တုံ့ပြန်မှုအပြီးမှာတော့ အဆိုပါပရိသတ်လူအုပ်ကြီးက ဒေါသထွက်ကာ အော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။ မနေ့က အစောပိုင်းမှာတုန်းက ရန်းနစ်ခ်အနေနဲ့ ပဲလေ့စ်နဲ့ ကစားမယ့်ပွဲစဉ်က ကာဗာနီအတွက် ယူနိုက်တက်ကစားသမားဘဝနောက်ဆုံးပွဲစဉ်ဖြစ်လာမှာဖြစ်ကြောင်း အတည်ပြုသွားခဲ့ပြီး “ပွဲကောင်းတစ်ပွဲနဲ့ ဒီနှစ်ဘောလုံးရာသီကို ပိတ်သိမ်းရမယ်ဆိုတာက ကောင်းမွန်ပါတယ်”လို့ အစချီကာ အသင်းရဲ့ရုပ်သံလိုင်းဖြစ်တဲ့ MUTV ကို ပြောလာခဲ့ပါတယ်။

ဆက်လက်ပြီး သူက “၃ မှတ်ယူရမယ်။ ပြီးတော့ အသင်းကလည်း ဒီလိုမျိုးတူညီတဲ့ပုံစံမျိုးပဲ မြင်မယ်ဆိုတာ ကျွန်တော့်ဘက်က သေချာပါတယ်။ ကျွန်တော်တို့ရဲ့ ပွဲထွက်ကစားသမား ၁၁ ယောက်မှာ၊ ၁၀ ယောက်ပဲကျန်တော့မှာဖြစ်တယ်။ အက်ဒီ ကာဗာနီက နောက်နှစ်ဘောလုံးရာသီမှာ ဒီအသင်းအတွက် ကစားနေတော့မှာမဟုတ်ဘူး။ ကျွန်တော် ယူဆတာကတော့ သူတို့အနေနဲ့ ကွန်းဖရန့်စ်လိဂ်ထက်စာရင် ယူရိုပါလိဂ်မှာ ကစားနိုင်ဖို့အတွက် ပိုပြီး စိတ်ပါလောက်မှာပါ”လို့ ပြောလာခဲ့ပါတယ်။

ဒဏ်ရာပြဿနာတွေနဲ့ ကြံ့ခိုင်မှုမပြည့်ဝမှုတွေကြောင့် ကာဗာနီအနေနဲ့ လက်ရှိဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပွဲသာ ကစားခွင့်ရခဲ့တာဖြစ်ပြီး သွင်းဂိုးအားဖြင့်လည်း ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ အင်္ဂလန်မှာ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုနဲ့ အစချီနိုင်ခဲ့တာဖြစ်ပြီး သွင်းဂိုး ဆယ်ဂဏန်းသွင်းယူနိုင်ခဲ့သလို တိုက်စစ်တန်းကို ဦးဆောင်ပုံနဲ့ပတ်သက်ကာ အထင်ကြီးစရာတွေကို လုပ်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ၂ နှစ်တာ အိုးလ်ထရက်ဖို့ဒ်ခရီးစဉ်ကတော့ နောက်ဆုံးနေ့ရောက်ခါမှ စိတ်ပျက်စရာတွေနဲ့ အဆုံးသတ်ခဲ့ရသလို ဥရောပထိပ်တန်းလိဂ်တွေရဲ့အကောင်းဆုံးတိုက်စစ်ကစားသမားစာရင်းဝင်ခဲ့တဲ့ သူ့အတွက်တော့ ယူနိုက်တက်နဲ့ ကတ္တီပါလမ်းခွဲမဖြစ်ခဲ့တာပါ။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွါတော့မယ့် တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီအနေနဲ့ အသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ကစားပေးခဲ့ပြီးတဲ့နောက် ပရိသတ်တစ်ယောက်နဲ့ အချင်းများခဲ့ပြီး အသင်းဘက်စ်ကားပေါ် ပြန်မတက်ခင်မှာ လက်ခလယ်ထောင်ပြသွားခဲ့ကြောင်း သိရပါတယ်။ ဥရုဂွေးသားကြီးနဲ့ ယူနိုက်တက်တို့ရဲ့ စာချုပ်သက်တမ်းက လာမယ့်လမှာ ကုန်ဆုံးမှာဖြစ်ပြီး သူ့အနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်မှာ မဟုတ်သလို ယာယီမန်နေဂျာ ရာ့ဖ် ရန်းနစ်ခ်ကတော့ ကာဗာနီကို ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ နှုတ်ဆက်ပွဲအဖြစ် အသုံးပြုသွားခဲ့တာဖြစ်ပါတယ်။