မန်စီးတီးတို့ဟာ နယူးကာဆယ်ကို (၅)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာတော့ မန်စီးတီးအသင်းရဲ့နည်းပြ ဖြစ်သူ ပတ်ဂွာဒီယိုလာက အင်္ဂလန်တစ်နိုင်ငံလုံးနဲ့ မီဒီယာတွေက မန်စီးတီးထက် လီဗာပူးလ်ကိုသာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်စေချင်နေကြတယ်ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ နယူးကာဆယ်ကို (၅)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ဒုတိယနေရာက လီဗာပူးလ်ကို (၃)မှတ် ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပြီလည်းပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ရာသီကုန်ဆုံးဖို့ကလည်း(၃)ပွဲသာ လိုတော့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ရရှိဖို့က လီဗာပူးလ်ထက် မန်စီးတီးတို့က နှာတဖျား အသာရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ လီဗာပူးလ်အနေနဲ့ ချန်ပီယံဆုအတွက် မန်စီးတီးကို ရာသီတစ်လျှောက်လုံး ဖိအားပေးလာခဲ့ပေမဲ့ ပြီးခဲ့တဲ့ ရက်ကကစားခဲ့တဲ့ စပါးနဲ့ ပွဲမှာ သရေကျခဲ့တာကြောင့် တကယ့်အရေးကြီးချိန်မှာပဲ ရမှတ်တွေဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ ပွဲအပြီးမှာတော့ မန်စီးတီးအသင်းရဲ့နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာက အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ” အင်္ဂလန်မှာရှိတဲ့ လီဗာပူးလ်ပရိသတ်တွေတိုင်းပေါ့၊ ပြီးတော့ မီဒီယာတွေဲ့ အင်္ဂလန်တစ်နိုင်ငံလုံးကတော့ လီဗာပူးလ်ကိုပဲ ချန်ပီယံ ဖြစ်စေချင်ကြတာပါ၊ တကယ်တော့ လီဗာပူးလ်ဟာ ဥရောပ ပြိုင်ပွဲတွေမှာ မယုံနိုင်စရာကောင်းတဲ့ မှတ်တမ်းကောင်းတွေရှိထားပါတယ်၊ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့က နှစ်ပေါင်း(၃၀)အတွင်းမှာ ပရီးမီယားလိဂ်ဖလား (၁)လုံးပဲ ရခဲ့တာလေ၊

ဒါပေမဲ့လည်း ဒါက အခြေအနေတွေ အားလုံးရဲ့ ပြဿနာတစ်ခုတော့ မဟုတ်ပါဘူးလေ၊ အခြေအနေက ဘာဖြစ်သွားမလဲဆိုတာပါပဲ၊ အခု ကျွန်တော်တို့ ချန်ပီယံ ဖြစ်ဖို့ (၉)မှတ် ဒါမှမဟုတ် (၆) မှတ်လောက်လိုအပ်နေပါတယ်၊ ဂိုးကွာခြားချက်နဲ့ ပတ်သက်ပြီးတော့ နောက်(၃)ပွဲမှာ ဘာတွေဖြစ်သွားမလဲဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်၊ ဒါပေမဲ့ အခုတော့ ဗုဒ္ဓဟူးနေ့ညမှာ ကစားမယ့် ပွဲစဉ်ကတော့ ကျွန်တော်တို့အတွက် တကယ့်ကို ဖိုင်နယ် အစစ်အမှန်ပါပဲ၊

အဲ့ဒီမှာလည်း ကျွန်တော်တို့ အနိုင်ရဖို့ ကြိုးစားသွားမှာပါ၊ ကျွန်တော်တို့ရဲ့ ကံကြမ္မာက ကျွန်တော်တို့လက်ထဲမှာပဲ ရှိနေပါတယ်၊ ဒါက အရေးကြီးပါတယ်၊ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ပဲ ကြည့်ရပါမယ်၊ တစ်မှတ် ဒါမှမဟုတ် သုံးမှတ်က ဘာမှပြောင်းလဲမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ အနိုင်ရဖို့ လုပ်ရပါမယ် ” လို့ပြောကြားသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ရီးရဲလ်မက်ဒရစ်ကို မယုံနိုင်ဖွယ်ရာ ရှုံးနိမ့်မှုနဲ့ ထွက်ခဲ့ရပြီးတဲ့နောက် နယူးကာဆယ်ကို အီတီဟတ်မှာ ဂိုးပြတ်အနိုင်ရရှိခဲ့မှုက မန်စီးတီးအတွက် တော်တော်လေး အထင်ကြီးစရာကောင်းနေခဲ့တာဖြစ်ပါတယ်။

မန်စီးတီးရဲ့ စိတ်ဓာတ်ပိုင်းကို မေးခွန်းထုတ်နေကြတဲ့ သူတွေကိုလည်း နယူးကာဆယ်နဲ့ ပွဲစဉ်က ခြေစွမ်းတွေက ပါးစပ်ပိတ် ပေးလိုက်တာဖြစ်ပါတယ်။ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး(၃)ပွဲမှာ ဝုဗ်ကို အဝေးကွင်း၊ ဝက်စ်ဟမ်းကို အဝေးကွင်းနဲ့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ဆိုတော့ ဒီအသင်းတွေအားလုံးက ခြေစွမ်းပိုင်းမာကျောတဲ့ အသင်းတွေဖြစ်တာကြောင့် မန်စီးတီးအတွက် ခက်ခဲတဲ့ ပွဲစဉ်တွေဖြစ်လာမှာပါ။ ဒါ့အပြင် အဆိုပါ (၃)ပွဲလုံးမှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဒီယက်စ်၊ ဂျွန်စတုန်းနဲ့ ကိုင်လီဝေါ်ကာတို့က ဒဏ်ရာကြောင့်လွဲချော်သွားမှာဖြစ်လို့၊ လာမယ့် ရသတ္တပတ်ဟာ မန်စီးတီးအတွက် မိုးထဲရေထဲမှာ ရုန်းကန်သွားရမယ့် အချိန်အခါရောက်နေပြီပဲ ဖြစ်ပါတယ်။

ZAWGYI: မန်စီးတီးတို့ဟာ နယူးကာဆယ်ကို (၅)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာတော့ မန်စီးတီးအသင်းရဲ့နည်းပြ ဖြစ်သူ ပတ်ဂွာဒီယိုလာက အင်္ဂလန်တစ်နိုင်ငံလုံးနဲ့ မီဒီယာတွေက မန်စီးတီးထက် လီဗာပူးလ်ကိုသာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်စေချင်နေကြတယ်ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ နယူးကာဆယ်ကို (၅)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ဒုတိယနေရာက လီဗာပူးလ်ကို (၃)မှတ် ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပြီလည်းပဲဖြစ်ပါတယ်။