လက်ရှိချန်ပီယံပြင်သစ်ကတော့ နေးရှင်းလိဂ်မှာ ၂ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီး ရလဒ်ဆိုးရွားလျက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ပြင်သစ်ဟာ အရန်တွေနဲ့ လူငယ်တွေကို ဦးစားပေး ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာ ဘန်ယက်ဒါ၊ရာဘီအော့ဖ်၊ အန်ကွန်ကူ၊ ဒီယာဘီတို့ကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ဂန်ဒိုဇီ၊ ချူမန်နီတို့တို တွဲပေးခဲ့ကာ နောက်တန်းမှာတော့ ဒီဂျန်၊ ကင်ဘတ်ပီ၊ ဆာလီဘာ၊ ပါပတ်တို့ကို အသုံးပြုခဲ့တာပါ။ အိမ်ရှင်ခရိုအေးရှားက ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး ကိုဗာဆစ်၊ မိုရစ်၊ဘရိုဇိုဗစ်၊ ဘရီကာလိုတို့ကို အမာခံထားပြီး ပြင်သစ်ကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ အသင်းနှစ်သင်းရဲ့ ကစားပုံက အသက်မဲ့နေခဲ့ပြီး ကြည့်ရတာ ပျင်းရိဖွယ်ကောင်းခဲ့ပါတယ်။ အဓိက ကစားသမားတွေ မပါဝင်တဲ့ ပြင်သစ်ရဲ့ ကစားပုံက အားရစရာ မရှိသလို ခရိုအေးရှားရဲ့ပုံစံကလည်းလေးတိလေးကန်ဖြစ်နေခဲ့ရပါတယ်။ ဒါကြောင့် နှစ်သင်းစလုံးရဲ့ တိုက်စစ်ဆင်မှုတွေက မယ်မယ်ရရ မရှိခဲ့ဘဲ အားရစရာမကောင်းခဲ့ပါဘူး။ ပွဲချိန်အများစုမှာ ပြင်သစ်က ကွင်းလယ်မှာ ဘောလုံးကိုင်ထားခဲ့ပေမဲ့ အဲဒီကနေ ဘာမှဆက်ဖြစ်မလာတော့ဘဲတိုက်စစ်ကို ပံ့ပိုးမှု အားနည်းခဲ့ပါတယ်။ ချူမန်နီ၊ ဂွမ်ဒိုဇီတို့က တစ်ဦးချင်းပုံစံ မဆိုးပေမဲ့ တွဲဖက်မှုမှာတော့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။

၁၇ မိနစ်မှာ ခရိုအေးရှားတို့ဂိုးရဖို့ အကောင်းဆုံး အခွင့်အရေးအဖြစ် ဘူဒီမော် ဂိုးသမားနဲ့ တစ်ဦးချင်းအပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမဲ့ တစ်ကိုယ်ကောင်းဆန်ခဲ့လို့ နစ်နာခဲ့ပါတယ်။ မိနစ် ၃၀ မှာ ပြင်သစ်အတွက် အန်ကွန်ကူဂိုးသွင်းခဲ့ပေမဲ့ လူကျွံ့နေခဲ့လို့ နစ်နာခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ်တို့ တိုက်စစ်ဆင်ထိုးဖောက်မှုတွေ ပြုလုပ်လာခဲ့ပြီး အခွင့်အရေးတွေရခဲ့ပေမဲ့ ခရိုအေးရှားဂိုးသမား လက်စွမ်းပြနေခဲ့ပြီး ပထမပိုင်းက ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပြင်သစ်ရဲ့တိုက်စစ်ဆင်မှုတွေက အရှိန်ပိုရလာခဲ့ပြီး ၅၂ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ ဘန်ယက်ဒါရဲ့ ဖန်တီးမှုကနေ ရာဘီအော့ဖ်က ဂိုးသမားနဲ့တစ်ဦးချင်း အတွေ့မှာ ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်ခဲ့တာပါ။ အဲဒီနောက် ပြင်သစ်ဟာ ဂရစ်ဇ်မန်း၊ ကာမာရာတို့ကို ထည့်သွင်းပြီး အပြောင်းအလဲ ပြုလုပ်ခဲ့သလို ခရိုအေးရှားကလည်း ပလာဆစ်၊ အော်ဆစ်၊ ခရာမာရစ်၊ ဆူဆစ်၊ ဗလာဆစ်တို့ကို ထည့်သွင်းပြီး ကစားကွက်ပြောင်းခဲ့ပါတယ်။

ခရိုအေးရှားရဲ့ ပြောင်းလဲမှု ထိရောက်ခဲ့ပြီး အဲဒီနောက် ခရိုအေးရှားကပိုမိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ၈၃ မိနစ်မှာတော့ ခရိုအေးရှားတို့ ချေပဂိုးရရှိမဲ့ အခွင့်အရေးအဖြစ် ပင်နယ်တီ ရခဲ့ပြီး ဒီပင်နယ်တီကို လူစားဝင်ကစားသမား ခရာမာရစ်က အမှားအယွင်းမရှိအပိုင်ကန်သွင်းခဲ့ပြီး အဖိုးတန်သရေတစ်မှတ် ရှာပေးခဲ့ပါတယ်။

ZAWGYI: လက်ရှိချန်ပီယံပြင်သစ်ကတော့ နေးရှင်းလိဂ်မှာ ၂ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီး ရလဒ်ဆိုးရွားလျက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ပြင်သစ်ဟာ အရန်တွေနဲ့ လူငယ်တွေကို ဦးစားပေး ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာ ဘန်ယက်ဒါ၊ရာဘီအော့ဖ်၊ အန်ကွန်ကူ၊ ဒီယာဘီတို့ကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ဂန်ဒိုဇီ၊ ချူမန်နီတို့တို တွဲပေးခဲ့ကာ နောက်တန်းမှာတော့ ဒီဂျန်၊ ကင်ဘတ်ပီ၊ ဆာလီဘာ၊ ပါပတ်တို့ကို အသုံးပြုခဲ့တာပါ။ အိမ်ရှင်ခရိုအေးရှားက ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး ကိုဗာဆစ်၊ မိုရစ်၊ဘရိုဇိုဗစ်၊ ဘရီကာလိုတို့ကို အမာခံထားပြီး ပြင်သစ်ကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။