ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ ဘရာဇီးလ်ကလပ် ဆော်အိုပေါ်လိုရဲ့ တောင်ပံတိုက်စစ် ကစားသမား မာကွင်ဟို့စ်ကို ခေါ်ယူဖို့ တရားဝင်‌ ‌ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား မာကွင်ဟို့စ်ဟာ ဆော်အိုပေါ်လိုရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဆော်အိုပေါ်လို အတွက် ပြိုင်ပွဲစုံ ၁၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်သူပါ။

ညာတောင်ပံနဲ့ အထောင်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ မာကွင်ဟို့စ်က တဦးချင်း လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း မြင့်မားတဲ့ ကစားသမား တဦး ဖြစ်သလို သူ့ရဲ့ အဆုံးသတ်ပိုင်း တိကျမှုကြောင့်ပဲ ဥရောပ အခြေစိုက် နာမည်ကြီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။ လက်ရှိမှာတော့ ဘရာဇီးလ် လက်ရွေးစင် ကစားသမားဟောင်း အီဒူး တယောက် အားကစားဒါရိုက်တာ အဖြစ် လုပ်ကိုင်နေတဲ့ အာဆင်နယ်က မာကွင်ဟို့စ်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးပမ်းနေပြီး အာဆင်နယ်က မာကွင်ဟို့စ်ကို ပြောင်းရွှေ့ကြေး ပေါင်၃သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ဘရာဇီးလ် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဆိုပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း အာဆင်နယ်က မာကွင်ဟို့စ်ကို ခေါ်ယူဖို့ နီးစပ်နေကြောင်းကို အတည်ပြုပေးထားပြီး အာဆင်နယ်နဲ့ ဆော်အိုပေါ်လိုတို့ ကြားမှာ မာကွင်ဟို့စ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ အသေးစိတ် ဆွေးနွေးမှု တချို့သာ လုပ်ကိုင်ရန် လိုအပ်တော့ကြောင်း ဖော်ပြခဲ့ပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်အတွက် ပေါင် ၅၀သန်းတန် ကမ်းလှမ်းမှု တရပ်ကို စတင် ပြုလုပ်လိုက်ကြောင်း အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အခြေအနေ ကောင်းနေတဲ့ အာဆင်နယ်ဟာ သူတို့ရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ရန် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူဖို့ တရားဝင် ကြိုးပမ်းနေတဲ့ အသင်းတသင်းပါ။ အာဆင်နယ်က သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် ပရီးမီးယားလိဂ်မှာ အသားကျပြီးသား ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေရာ မန်ချက်စတာ စီးတီးရဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်နေပြီး အာဆင်နယ်က ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်းကို ဂျီးဆပ်ရဲ့ အေးဂျင့်ဖြစ်သူ ပက်တီနက်တီက အတည်ပြုထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်ခဲ့ပြီးနောက် မန်ချက်စတာ စီးတီးနဲ့ ဆက်သွယ်ကာ ဂျီးဆပ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ဂျီးဆပ်ကို ပေါင် ၅၀သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ မန်ချက်စတာ စီးတီးက ရေးဗားပလိတ် တိုက်စစ်မှူး အယ်ဗာရက်နဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့ကို ခေါ်ယူထားနိုင်တာကြောင့် ဂျီးဆပ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီး အာဆင်နယ်ဘက်က ကမ်းလှမ်းထားတဲ့ ပေါင်၅၀သန်း ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်ခံဖွယ် ရှိတာကြောင့် ဂျီးဆပ်ရဲ့ အပြောင်းအရွှေ့က လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ရုပ်လုံးပေါ်လာဖို့ ရှိနေပါတယ်။

ZAWGYI: ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ ဘရာဇီးလ်ကလပ် ဆော်အိုပေါ်လိုရဲ့ တောင်ပံတိုက်စစ် ကစားသမား မာကွင်ဟို့စ်ကို ခေါ်ယူဖို့ တရားဝင်‌ ‌ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား မာကွင်ဟို့စ်ဟာ ဆော်အိုပေါ်လိုရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဆော်အိုပေါ်လို အတွက် ပြိုင်ပွဲစုံ ၁၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်သူပါ။