မန်ချက်စတာယူနိုက်တင်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် စပိန်ကလပ်အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ အော့စလိုမြို့မှာကစားသွားဖို့ရှိတယ်လို့ ကြေငြာလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နော်ဝေနိုင်ငံရဲ့ အူလီဗီးကွင်းကြီးထဲမှာ ခြေစမ်းပွဲကစားလေ့ရှိတဲ့အသင်းဖြစ်ပေမယ့် ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၁၉ခုနှစ်ကစလို့ မကစားဖြစ်တော့ပါဘူး။

ဒါပေမယ့်ယခုနှစ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဥရောပရဲ့မြောက်ပိုင်းနိုင်ငံမှာ ခြေစမ်းပွဲပြန်ကစားတော့မှာဖြစ်ပြီး လာမယ့်ဇူလိုင် ၃၀ရက်နေ့မှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ကစားရမှာပါ။

နည်းပြဒီယေဂိုဆီမြွန်နီရဲ့အသင်းဟာ ယူနိုက်တက်နဲ့စိမ်းတဲ့အသင်းတော့မဟုတ်ဘဲ လောလောလတ်လတ်အဖြစ် ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ထိပ်တိုင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းမှာတုန်းက တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့တယ်ဆိုပေမယ့် အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ တစ်ဂိုး-ဂိုးမရှိနဲ့ရှုံးနိမ့်ကာ ပြိုင်ပွဲကနေထွက်ခဲ့ရတာပါ။

အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ရာသီကြိုပြင်ဆင်မှုဟာ အတော်လေးအလုပ်များဖွယ်ရှိနေပြီးတော့ ကစားသမားတွေကို ဇွန်လ ၂၇ရက်နေ့မှာပြန်လာဖို့ နယ်သာလန်သားနည်းပြကမှာကြားထားပါတယ်။

အဲ့ဒီနောက်ယူနိုက်တက်ဟာ ထိုင်းနိုင်ငံကိုထွက်ခွါမှာဖြစ်ပြီး မဟာပြိုင်ဘက်လီဗာပူး၊ ဩစတြေးလျကလပ်မဲလ်ဘုန်းဂျတ်စ်၊ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ပဲလေ့စ်၊ ဗီလာတို့နဲ့ ခြေစမ်းကစားဖို့ရှိနေတာပါ။

ZAWGYI: မန်ချက်စတာယူနိုက်တင်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် စပိန်ကလပ်အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ အော့စလိုမြို့မှာကစားသွားဖို့ရှိတယ်လို့ ကြေငြာလိုက်ပါတယ်။