ဝက်စ်ဟမ်းတို့ဟာ အခုဆိုရင် အဆင့် ၆ ကမန်ယူတို့နဲ့ ၃ မှတ်အကွာမှာရှိနေပြီး လက်ထဲမှာတပွဲကျန်နေပါသေးတယ်။ မန်နေဂျာဒေးဗစ်မိုယက်စ်ရဲ့အဆိုအရ ဝက်စ်ဟမ်းတို့က ဥရောပကိုပြန်သွားဖို့ အသည်းအသန်ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ တန်းဆင်းပြီးသားဖြစ်တဲ့ နောဝှစ်ချ်တို့ကို ဂိုးပြတ်နဲ့အနိုင်ယူပြီးနောက် ယူရိုပါလိဂ်အတွက်ဝင်ခွင့်ရဖို့မျှော်လင့်ချက်တွေ ပိုအားကောင်းလာတာကို မိုယက်စ်နဲ့ဟမ်းမားတို့ မြင်ခဲ့ကြရတာဖြစ်ပါတယ်။

ဆေ့ဒ်ဘန်ရားမားရဲ့ ၂ ဂိုး၊ မစ်ချဲလ်အန်တိုနီယိုရဲ့ ၁ ဂိုးနဲ့ လန်ဇီနီရဲ့ ပင်နယ်တီတွေရဲ့ကျေးဇူးနဲ့ ဒီနိုင်ပွဲကြောင့် ယူရိုပါလိဂ်နောက်ဆုံးနေရာဖြစ်တဲ့ လက်ရှိမန်ယူတို့နဲ့ ဝက်စ်ဟမ်းတို့က ၃ မှတ်ပဲကွာပါတော့တယ်။ ဟမ်းမားတို့က လက်ထဲမှာတပွဲရှိနေသေးတာပါ။ မတော်လို့ ယူရိုပါလိဂ်လွဲခဲ့ရင်တောင် အနီးဆုံးပြိုင်ဘက်ဝုဗ်တို့နဲ့ ၅ မှတ်သာနေတာကြောင့် ယူရိုပါကွန်ဖရင့်လိဂ်ကိုတော့ အနည်းဆုံးအပိုင်ရမှာပါ။ ကြားရက်တုန်းက အင်းထရက်ချ်ဖရန့်ဖာ့တ်တို့ကို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာရှုံးခဲ့ရတဲ့ စိတ်ပျက်ရခြင်းတွေရှိနေပေမဲ့လည်း အမြည်းစားထားရလို့ နောက်လာမယ့်ဥရောပဘောလုံးပြိုင်ပွဲတွေအတွက် ပါဝင်ကစားချင်တဲ့စိတ်ဆန္ဒပြင်းပြမှုတွေ သူ့အသင်းမှာရှိနေတယ်လို့ မိုယက်စ်ကပြောပါတယ်။

“ဥရောပကိုပြန်သွားဖို့ ကျနော်တို့တွေ စိတ်အားထက်သန်နေကြပါတယ်။ မယုံနိုင်လောက်စရာအတွေ့အကြုံတွေ ကျနော်တို့ရခဲ့ကြပါတယ်။ ဒါက ဝက်စ်ဟမ်းတို့ပုံမှန်ရနေကျအရာတခုမဟုတ်ပါဘူး၊ ပြီးတော့ အကြာကြီးရဖူးတာလည်းမဟုတ်ပါဘူး။ ဒါကို ပရိသတ်တွေ ပျော်ရွှင်ကျေနပ်ခဲ့ကြပြီး ကြီးကျယ်တဲ့ခရီးတခု ကျနော်တို့ရခဲ့ကြပါတယ်။ ယူရိုပါလိဂ် သို့မဟုတ် ယူရိုပါကွန်ဖရင့်လိဂ်ထဲကိုပြန်ဝင်ဖို့ ကျနော်တို့ကြိုးစားနေကြပါတယ်။” လို့ မိုယက်စ်ကပြောပါတယ်။ ကြားရက်ပွဲမှာ ပင်ပမ်းခဲ့ကြတာကြောင့် သူ့အသင်းကအကောင်းဆုံးပုံစံမှာရှိမနေမှာကို သူစိတ်ပူခဲ့ရတယ်လို့ မိုယက်စ်ကဝန်ခံခဲ့ပါတယ်၊ ဒါပေမဲ့ သူ့ကစားသမားတွေရဲ့အားထုတ်မှုကို ချီးကျူးခဲ့ပါတယ်။

“ကာလရှည်ကြီးတခုအတွင်း ကျနော်တို့အားလုံးရခဲ့ကြတဲ့ အကြီးမားဆုံးစိတ်ပျက်မှုထဲကတခုပြီးတဲ့နောက် ကောင်းမွန်တဲ့ပါဖောမန့်နဲ့ရလဒ်နဲ့ ကျနော်တို့ထွက်ပေါ်လာခဲ့တာက ကြီးမားပါတယ်။ အရက်နာကျသလိုဖြစ်နိုင်ချေတခုရှိတယ်လို့ ဘယ်မန်နေဂျာမဆို ထင်မိကြမှာပါပဲ၊ ဘာလို့လဲဆိုတော့ ဘောလုံးကဘယ်လိုဖြစ်တတ်လဲဆိုတာ ခင်ဗျားဘယ်တော့မှမသိရပါဘူး။ ပထမပိုင်းမိနစ် ၂၀ မှာ ကျနော်တို့ လမ်းကြောင်းချလိုက်ပြီး အဲဒီကာလအပိုင်းအတွင်းမှာပဲ ဂိုးတဂိုးလည်းရလိုက်ပါတယ်။”

“တကယ်ကောင်းပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့အလုပ်တခုကို ကစားသမားတွေလုပ်ခဲ့ကြပါတယ်။ ဒီ့ထက်ပိုကောင်းအောင် ကျနော်တို့ကစားနိုင်ခဲ့သေးတာဖြစ်ပြီး အခြားတရက်ဆိုရင်တော့ ဒီ့ထက်ပိုပြီးဂိုးတွေသွင်းကောင်းသွင်းမှာပါ။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ပုံမှန်ဂိုးတွေ ကျနော်တို့ပျောက်ဆုံးခဲ့ပါတယ်။” လို့ ဟမ်းမားဘော့စ်က ထပ်မံဖြည့်စွက်ပါတယ်။ နောဝှစ်ချ်တို့ခမျာမှာတော့ ဒေါသထွက်နေတဲ့အိမ်ကွင်းဖန်တွေရှေ့မှာ စိတ်ခွန်အားတွေပျောက်ဆုံးနေပုံရပြီး တန်ဖိုးကြီးအမှားတွေကြောင့် အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

သိက္ခာတခုတည်းအတွက်ပဲ ကစားစရာကျန်တော့တဲ့ပြိုင်ဘက်နဲ့ကစားရတာ အခက်ခဲဆုံးစမ်းသပ်မှုတော့ ဟုတ်ချင်မှဟုတ်မှာပါ။ ဒါပေမဲ့ ဝက်စ်ဟမ်းတို့က သူတို့ရဲ့ရည်ရွယ်ချက်နဲ့ ပြင်းပြမှုကို ပွဲစကတည်းကပြသခဲ့ကြပါတယ်။ စာဝါလေးများအတွက် ဒီရာသီက ကုန်မကုန်နိုင်တော့သလိုပါပဲ။ ဒီရာသီဟာဆိုရင် တန်းတက်လာပြီး ချက်ချင်းတန်းပြန်ဆင်းရတာ သုံးရာသီဆက်တိုက်ဖြစ်ခဲ့ပါပြီ။ ဒါပေမဲ့ လေထုထဲမှာ ပိုမိုကြီးမားတဲ့ဒေါသအမျက်ပေါက်ကွဲခြင်းတွေရဲ့ ခံစားမှုတခုရှိနေခဲ့ပါတယ်။ သမိုင်းအရဆိုရင်တော့ နောက်ရာသီမှာ ပရိုမိုးရှင်းရဖို့ ဒင်းစမစ်အသင်းက ကောင်းမွန်တဲ့လမ်းကြောင်းတခုရမှာဖြစ်ပြီး ဒါကတကယ်ဖြစ်လာဖို့ ဖန်တွေလည်း ဆန္ဒပြင်းပြနေကြမှာပါ။

ZAWGYI: ဝက်စ်ဟမ်းတို့ဟာ အခုဆိုရင် အဆင့် ၆ ကမန်ယူတို့နဲ့ ၃ မှတ်အကွာမှာရှိနေပြီး လက်ထဲမှာတပွဲကျန်နေပါသေးတယ်။ မန်နေဂျာဒေးဗစ်မိုယက်စ်ရဲ့အဆိုအရ ဝက်စ်ဟမ်းတို့က ဥရောပကိုပြန်သွားဖို့ အသည်းအသန်ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ တန်းဆင်းပြီးသားဖြစ်တဲ့ နောဝှစ်ချ်တို့ကို ဂိုးပြတ်နဲ့အနိုင်ယူပြီးနောက် ယူရိုပါလိဂ်အတွက်ဝင်ခွင့်ရဖို့မျှော်လင့်ချက်တွေ ပိုအားကောင်းလာတာကို မိုယက်စ်နဲ့ဟမ်းမားတို့ မြင်ခဲ့ကြရတာဖြစ်ပါတယ်။