နယ်သာလန်ကတော့ ဝေးလ်မြေမှာ နောက်ကျဂိုးနဲ့ အနိုင်ယူပြီး နှစ်ပွဲဆက်အနိုင်နဲ့အတူ အုပ်စုကို ဦးဆောင်ထားလိုက်ပါပြီ။ ကမ္ဘာ့ဖလားခြေစစ်ပွဲဆင်နွှဲထားရတဲ့ အိမ်ရှင်ဝေးလ်ဟာ ဒီပွဲမှာ အဓိက ကစားသမားတွေကိုအနားပေးခဲ့ပြီး ဂျွန်ဆန်၊ ဒန်နီရမ်ဂျိမ်းစ်၊ ဟာရီဝီလ်ဆင်၊ ရောဘတ်၊ ဘန်ဒေးဗီးစ်တို့ကို အမာခံထားပြီး ခံစစ် ၅ ယောက်တန်းပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ နယ်သာလန်က ၃-၄-၂-၁ ပုံစံနဲ့ ခင်းကျင်းခဲ့ပြီး ဘယ်ဂျီယံကို နိုင်တဲ့ပွဲက လူစာရင်းကို အပြောင်းအလဲလုပ်ကာ အရန်နဲ့ လူငယ်တွေကို ဦးစားပေးခဲ့ပါတယ်။

တိုက်စစ်မှာ ဂတ်ပိုစ်၊ နိုအာလန်း၊ ဝက်ဟော့ချ်တို့ကို တွဲပေးခဲ့ပြီးကွင်းလယ်မှာ ရှောတန်နဲ့ ကူမိုင်နာစ်တို့ကို တွဲပေးခဲ့ပါတယ်။ ခံစစ်မှာ ဒီလိုက်ချ်၊ ဒီဗတ်တို့နှစ်ယောက်ကို ခင်းကျင်းခဲ့တာပါ။ ပွဲအစပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ တိုက်စစ်ပိုင်းကတော့ အားနည်းလွန်းလှပါတယ်။ ပထမပိုင်းမှာ နယ်သာလန်က ဘောလုံးကိုင်ထားနိုင်တယ်ဆိုပေမဲ့ ဝေးလ်ကတန်ပြန်တိုက်စစ်တွေကလည်း အားရစရာကော်ငးခဲ့ပြီး ဝေးလ်ကတောင် ဂိုးရဖို့ နီးစပ်တဲ့ အခွင့်အရေးတွေ ပိုရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်သင်းစလုံးရဲ့ ကစားပုံကတော့ အားရစရာ မရှိခဲ့ဘဲ ပွဲချိန်အများစုမှာ မျှော်လင့်စရာမရှိတဲ့ ထိုးဖောက်မှုတွေနဲ့ ဘောလုံးက ကွင်းလယ်မှာပဲ အချိန်ကုန်ဆုံးနေခဲ့ရပါတယ်။ ဒုတိယပိုင်း မိနစ် ၅၀ မှာတော့ဂိုးရခက်နေတဲ့ နယ်သာလန်အတွက် ကူးမိုင်နာက ဝေးလ်နောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားက ဂိုးဧရိယာထိပ်နားကနေ ကန်သွင်းယူပြီး ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဘေးလ် မပါတဲ့ ဝေးလ်တိုက်စစ်ကတော့ အသက်မဲ့နေခဲ့ပြီး ဂျွန်ဆင်နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့အကြား အတွဲအဖက် မမိသလို ဘောလုံးကိုင်ထားနိုင်ဖို့တောင် အနိုင်နိုင် ရုန်းကန်နေခဲ့ရပါတယ်။

အဲဒိနောက် နယ်သာလန်ဟာဒီဂျောင်၊ ဘာဂ်ဝင်းတို့ကို ထည့်သွင်းပြီး တိုက်စစ်ပိုင်း ပြောင်းလဲခဲ့သလို ဝေးလ်ကလ်း ဘေးလ်၊ မာတွန်ဒိုတို့ကို လူစားလခဲ့ပါတယ်။ အဓိက ကစားသမားတွေ ပါဝင်လာခဲ့ပြီးနောက် ပွဲကပိုမိုမြိုင်ဆိုင်လာခဲ့ပြီး နှစ်သင်းရဲ့ တိုက်စစ်ဆင်မှုက အကြိတ်အနယ် ရှိလာခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဝေးလ်တို့ ပွဲကိုပိုမိုလွှမ်းမိုးလာနိုင်ပေမဲ့ Final Third မှာအားနည်းနေခဲ့ပါတယ်။

ဒီလိုနဲ့ နာကျင်အချိန်ပို ၂ မိနစ်မှာ ရိုင်ဒေးဗစ်းစ်က ခေါင်းတိုက်ပြီး ဝေးလ်အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲပြီးတော့မယ်လို့ ထင်မှတ်ခဲ့ရပေမဲ့ နယ်သာလန်တို့ ချက်ချင်းတိုက်စစ်ပြန်ဆင်ရာမှာ နာကျင်အချိန်ပို ၄ မိနစ်မှာ မာလာစီယာရဲ့ ဖြတ်တင်ပေးပို့မှုကနေ လူကပ်ခံထားရခြင်း မရှိတဲ့ ဝက်ဟော့ချ်က ခေါင်းတိုက် အဆုံးသတ်ပြီး နယ်သာလန်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းပေးခဲ့ပါတယ်။

ZAWGYI: နယ်သာလန်ကတော့ ဝေးလ်မြေမှာ နောက်ကျဂိုးနဲ့ အနိုင်ယူပြီး နှစ်ပွဲဆက်အနိုင်နဲ့အတူ အုပ်စုကို ဦးဆောင်ထားလိုက်ပါပြီ။ ကမ္ဘာ့ဖလားခြေစစ်ပွဲဆင်နွှဲထားရတဲ့ အိမ်ရှင်ဝေးလ်ဟာ ဒီပွဲမှာ အဓိက ကစားသမားတွေကိုအနားပေးခဲ့ပြီး ဂျွန်ဆန်၊ ဒန်နီရမ်ဂျိမ်းစ်၊ ဟာရီဝီလ်ဆင်၊ ရောဘတ်၊ ဘန်ဒေးဗီးစ်တို့ကို အမာခံထားပြီး ခံစစ် ၅ ယောက်တန်းပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ နယ်သာလန်က ၃-၄-၂-၁ ပုံစံနဲ့ ခင်းကျင်းခဲ့ပြီး ဘယ်ဂျီယံကို နိုင်တဲ့ပွဲက လူစာရင်းကို အပြောင်းအလဲလုပ်ကာ အရန်နဲ့ လူငယ်တွေကို ဦးစားပေးခဲ့ပါတယ်။