လာမယ့် (၂၀၂၂)ကာတာ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်မယ့် အသင်းကို တွက်ချက် ခန့်မှန်းပေးသွားခဲ့ပါတယ်။ ကာတာ ကမ္ဘာ့ဖလားဟာ သိပ်မကြာခင် အချိန်အတွင်းမှာ ကျင်းပတော့မှာလည်း ဖြစ်ပါတယ်။ စူပါကွန်ပြူတာရဲ့ တွက်ချက်မှုမှာ ပြင်သစ် အသင်းဟာ (၂)ကြိမ်ဆက်တိုက် ဗိုလ်စွဲသွားဖို့ ရှိနေတယ်လို့ အဖြေထွက်ပေါ်ခဲ့ပါတယ်။ ဒက်ချမ့်ရဲ့ ပြင်သစ် အသင်းဟာ (၂၀၁၈)ခုနှစ် ရုရှား ကမ္ဘာ့ဖလားမှာတုန်းက ဖိုင်နယ်မှာ ခရိုအေးရှားကို (၄-၂)နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ပြင်သစ် အသင်းရဲ့ နေရာအလိုက် ကစားသမားစာရင်းဟာ အခြား အသင်းတွေ ထက်ပိုပြီးတော့ တောင့်တင်းတဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပြီး၊ လာမယ့် ကာတာ ကမ္ဘာ့ဖလားမှာပါ ထူးခြားမှုတွေကို နောက်တစ်ကြိမ် ပြုလုပ်ပြနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ စူပါ ကွန်ပြူတာရဲ့ တွက်ချက်မှု အရ ပြင်သစ် တို့ဟာ ကမ္ဘာ့ဖလားကြီးကို (၂)ကြိမ်ဆက်တိုက် ရယူနိုင်ဖို့အတွက် (၁၇.၉၃)ရာခိုင်နှုန်းနဲ့ ဗိုလ်စွဲဖို့ ရာခိုင်နှုန်း အများဆုံး အသင်း အဖြစ် ထိပ်ဆုံးကနေ ရပ်တည်လျက် ရှိနေတာလည်း ဖြစ်ပါတယ်။

ပြင်သစ်တို့ အနေနဲ့ စူပါကွန်ပြူတာရဲ့ တွက်ချက်မှု အတိုင်းသာ ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလား သမိုင်းမှာ ချန်ပီယံ ဆုကို ဆက်ထိန်းနိုင်တဲ့ တတိယမြောက် အသင်းအဖြစ် မှတ်တမ်းဝင်သွားမှာလည်းပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား သမိုင်းမှာ ချန်ပီယံ သရဖူကိုဆက်ထိန်းနိုင်တဲ့ အသင်းဟာ သမိုင်းမှာ (၂)သင်းသာ ရှိထားခဲ့ ဖူးပြီး၊ ဘရာဇီးနဲ့ အီတလီတို့ပဲ ဖြစ်ပါတယ်။ စူပါ ကွန်ပြူတာရဲ့ တွက်ချက်မှုမှာ ဘရာဇီးက (၁၅.၇၃)ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်လျက်ရှိနေပြီး ဒုတိယ မြောက် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။

ကမ္ဘာ့ဖလား သမိုင်းမှာ အစဉ်အလာ ကောင်းတွေ ရှိခဲ့တဲ့ ဘရာဇီးဟာ (၂၀၀၂) ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ နှစ် ဖြစ်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ဆုဖလားတွေနဲ့ အလှမ်းဝေး ကွာနေခဲ့တာပဲ ဖြစ်ပါတယ်။ စပိန် အသင်းက (၁၁.၅၃) ရာခိုင်နှုန်းနဲ့ ချန်ပီယံ ဖြစ်ဖို့ တတိယမြောက် ရေပန်းအစားဆုံး အသင်း အဖြစ် ရပ်တည်လျက်ရှိနေပါတယ်။ နာမည်ကြီး အင်္ဂလန်အသင်းကတော့ (၈.၀၃) ရာခိုင်နှုန်းနဲ့ တော်တော်လေး နည်းပါးတဲ့ ရာခိုင်နှုန်းနဲ့ ဗိုလ်စွဲဖို့ စတုတ္ထမြောက် အသင်း အဖြစ် ရပ်တည်လျက် ရှိနေပါတယ်။

လူကာကူ၊ ဒီဘရိုင်းနဲ့ ဟာဇက်တို့ ပါဝင်နေတဲ့ ရွှေရောင် မျိုးဆက်ရဲ့ နောက်ဆုံး နေဝင်ချိန်နီးလာနေတဲ့ ဘယ်ဂျီယံ အသင်းကတော့ (၇.၉) ရာခိုင်နှုန်းနဲ့ ပဉ္စမ နေရာမှာ ရပ်တည်လျက် ရှိနေတာ ဖြစ်ပါတယ်။ နယ်သာလန်ကတော့ (၇.၇) ရာခိုင်နှုန်းနဲ့ အဆင့် (၆)နေရာမှာ ရပ်တည်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ သူ့နောက်မှာတော့ နာမည်ကြီး ဂျာမနီ အသင်းက (၇.၂၁) ရာခိုင်နှုန်းနဲ့ အဆင့် (၇)နေရာကနေ ရပ်တည်လျက် ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

မက်ဆီရဲ့ ခြေစွမ်းပြလာနိုင်မှု နဲ့ အတူ မကြာသေးခင်ကမှာ တိုက်ကြီး နှစ်ခုရဲ့ ချန်ပီယံ ဖြစ်လာခဲ့တဲ့ နာမည်ကြီး အာဂျင်တီးနား အသင်းကတော့ ပရိသတ်တွေကြားထဲ ဗိုလ်စွဲဖို့ တော်တော်လေး ရေပန်းစားတဲ့ အသင်း အဖြစ် ရှိနေခဲ့ပေမဲ့ စူပါကွန်ပြူတာရဲ့ တွက်ချက်မှုမှာတော့ အဆင့် (၈)နေရာမှာ (၆.၄၅) ရာခိုင်နှုန်းနဲ့ ရပ်တည်လျက် ရှိနေခဲ့ပါတယ်။ စီရော်နယ်ဒို ဦးဆောင်နေတဲ့ ပေါ်တူဂီ အသင်းကတော့ အာဂျင်တီးနား အသင်းရဲ့ နောက် (၅.၁၁) ရာခိုင်နှုန်းနဲ့ ဗိုလ်စွဲဖို့ ရေပန်းစားလျက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် ကာတာအသင်းကတော့ ဗိုလ်စွဲဖို့ အတွက်(ဝ.၃၅) ရာခိုင်နှုန်းသာ ရှိနေတယ်လို့ စူပါကွန်ပြူတာက တွက်ချက် ခန့်မှန်းပေးထားခဲ့ပါတယ်။ (၂၀၂၂) ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ (၂၁)ရက်နေ့မှာ စတင် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး ပြိုင်ပွဲကြီး စတင်ဖို့ (၅)လ ခန့် လိုနေသေးတာပဲ ဖြစ်ပါတယ်။

ZAWGYI: လာမယ့် (၂၀၂၂)ကာတာ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်မယ့် အသင်းကို တွက်ချက် ခန့်မှန်းပေးသွားခဲ့ပါတယ်။ ကာတာ ကမ္ဘာ့ဖလားဟာ သိပ်မကြာခင် အချိန်အတွင်းမှာ ကျင်းပတော့မှာလည်း ဖြစ်ပါတယ်။ စူပါကွန်ပြူတာရဲ့ တွက်ချက်မှုမှာ ပြင်သစ် အသင်းဟာ (၂)ကြိမ်ဆက်တိုက် ဗိုလ်စွဲသွားဖို့ ရှိနေတယ်လို့ အဖြေထွက်ပေါ်ခဲ့ပါတယ်။ ဒက်ချမ့်ရဲ့ ပြင်သစ် အသင်းဟာ (၂၀၁၈)ခုနှစ် ရုရှား ကမ္ဘာ့ဖလားမှာတုန်းက ဖိုင်နယ်မှာ ခရိုအေးရှားကို (၄-၂)နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။