ပြင်သစ်လီဂူး (၁)ကလပ် ပီအက်စ်ဂျီ အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမား နေမာကို လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ အသင်းကနေ အငှားချဖို့ ပြင်ဆင်လျက် ရှိနေတယ်လို့ သတင်းတွေ ကဖော်ပြလာခဲ့ပါတယ်။ သတင်းတွေအရ ပီအက်စ်ဂျီဟာ နေမာကို ဘာကြောင့် အငှားချ ချင်နေရတာလဲဆိုတာ မသိရပေမဲ့ လက်ရှိမှာ ပီအက်စ်ဂျီဘက်ကနေ နေမာကို အငှားချဖို့အတွက် ဥရောပ ကလပ်အသင်းကြီး တချို့ထံ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပီအက်စ်ဂျီဟာ လက်တလောမှာတော့ ဂျုဗင်တပ် အသင်းထံ နေမာကို အငှားချဖို့ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဂျုဗင်တပ်အသင်းရဲ့ နည်းပြ အယ်လီဂရီကလည်း နေမာကို သဘောကျလျက် ရှိနေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ဂျုဗင်တပ်တို့ အနေနဲ့ နေမာကို မထင်မှတ်ပဲ ခေါ်ယူသွားနိုင်တဲ့ အခြေအနေတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီတို့ဟာ နေမာကို ဘာစီလိုနာကနေ ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်း အထိတောင် အသုံးပြုခဲ့ရတာ ဖြစ်ပြီး အပြောင်းအရွှေ့ သမိုင်းတလျှောက် ဈေးအကြီးဆုံး ကစားသမားအဖြစ် ဂင်းနစ်စံချိန်တောင် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပီအက်စ်ဂျီတို့ အနေနဲ့ ဥရောပမှာ အောင်မြင်မှုတွေ ရရှိဖို့ ရုန်းကန်နေခဲ့ရပြီးတဲ့နောက် နေမာကို ရောင်းချဖို့ပါ ပြင်ဆင်လာခဲ့တာ ဖြစ်တယ်လို့ သိရပြီး အပြီးသတ် ရောင်းချမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေး ပေါင် (၇၆)သန်း နဲ့ ရောင်းချဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဂျုဗင်တပ်တို့ အနေနဲ့ နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေတယ်ဆိုပေမဲ့လည်း ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ဗလာဟိုဗစ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း (၇၀)နဲ့ ခေါ်ယူထားခဲ့ ပြီး ဖြစ်တာကိုလည်း သတိချက်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နေမာကို ပြောင်းရွှေ့ကြေး ပေါင်(၇၆)သန်းပေးပြီး လက်ရှိ နွေဈေးကွက်ထဲမှာ ခေါ်ယူသွားမလားဆိုတာက ဂျုဗင်တပ်တို့ စဉ်းစားရမယ့် အချက်ဖြစ်သလို အသက်(၃၀) အရွယ်ရှိနေပြီဖြစ်တဲ့ ကစားသမားတစ်ယောက်ကို ငွေပုံပေးပြီးခေါ်ယူဖို့ဆိုတာကလည်း စဉ်းစားရမယ့် အချက် ဖြစ်နေတာပါ။

နောက်တချက်က နေမာရဲ့ လုပ်ခလစာ ဖြစ်ပြီး ကမ္ဘာ့လုပ်ခလစာ အမြင့်ဆုံး ကစားသမားတွေထဲက တယောက် ဖြစ်တဲ့ နေမာကို ဂျုဗင်တပ်တို့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာတွေ ပုံပေးပြီး ခေါ်ယူဖို့ဆိုတာက တော်တော်လေး စဉ်းစားရမယ့် အချက်တွေ ဖြစ်နေတာပါ။ ဒါ့ကြောင့် ဂျုဗင်တပ်တို့ အနေနဲ့ ခေါ်ယူမယ်ဆိုရင်တောင် အငှားနဲ့ ခေါ်ယူမှုကသာ ပိုပြီးတော့ ဖြစ်နိုင်ခြေ ရှိနေတာပါ။

ဒီအခြေအနေမှာ ဂျုဗင်တပ် အပြင် နောက်ထပ် သတင်းထွက်လာတဲ့ အသင်းက ဘောလုံးလောကရဲ့ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ပါလေရာ ပွကြီး ဖြစ်နေတဲ့ မန်ယူနိုက်တက်တို့ ဖြစ်ပြီး၊ နေမာကို စိတ်ဝင်စားလျက် ရှိနေတယ်ဆိုပြီး သတင်းတွေ ထွက်လာခဲ့တာပါ။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက နေမာကိုယ်တိုင် မန်ယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ ဘောလုံးတွဲ ကစားဖူးချင်တယ်လို့ ပြောကြားခဲ့ဖူးတဲ့ စကားတွေ ရှိခဲ့တာကြောင့် အခုလိုမျိုး သတင်းတွေက ကျယ်လောင်လာခဲ့ပြန်တာပဲ ဖြစ်ပါတယ်။

လက်ရှိ မန်ယူနိုက်တက်ရဲ့ အခြေအနေက ပီအက်စ်ဂျီ လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏကို ပေးနိုင်သလို နေမာရဲ့ မြင့်မားလှတဲ့လုပ်ခလစာကိုလည်း ပေးချေနိုင်တဲ့ အင်အားမျိုး ရှိတာကြောင့် အပြောင်းအရွှေ့ဟာ ဖြစ်လာစရာတော့ အကြောင်း ရှိပါတယ်။ ဒါပမေဲ့ နည်းပြသစ် တန်ဟတ်ရဲ့ အသင်းကို သွေးသစ်လောင်းမယ့် စီမံကိန်းတွေကြောင့် နေမာရဲ့ အသက်အရွယ်က စကားပြောစရာ ဖြစ်လာမှာပါ။ ဆိုတော့ နေမာတယောက် ဘယ်အသင်းကို ရောက်မလဲ ပီအက်စ်ဂျီမှာပဲ ဆကျရှိနမေလားဆိုတာကတောာ့ ဈေးကွက်အတွင်း စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: ပြင်သစ်လီဂူး (၁)ကလပ် ပီအက်စ်ဂျီ အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမား နေမာကို လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ အသင်းကနေ အငှားချဖို့ ပြင်ဆင်လျက် ရှိနေတယ်လို့ သတင်းတွေ ကဖော်ပြလာခဲ့ပါတယ်။ သတင်းတွေအရ ပီအက်စ်ဂျီဟာ နေမာကို ဘာကြောင့် အငှားချ ချင်နေရတာလဲဆိုတာ မသိရပေမဲ့ လက်ရှိမှာ ပီအက်စ်ဂျီဘက်ကနေ နေမာကို အငှားချဖို့အတွက် ဥရောပ ကလပ်အသင်းကြီး တချို့ထံ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။