မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဘင်ဖီကာအသင်းရဲ့ တိုက်စစ်မှူး ဒါဝင် နူးနက်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် ပျက်ကွက်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွါချင်နေတဲ့ တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ချဲလ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့နဲ့အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။ သရဲနီမန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်အနေနဲ့ ဒီနှစ်နွေရာသီမှာ အသင်းရဲ့တိုက်စစ်ကစားသမားအင်အားကို တိုးမြှင့်ဖို့အတွက် ဆန္ဒရှိနေပြီး ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး နူးနက်ဇ်ကတော့ ထိပ်တန်းပစ်မှတ်ကစားသမားဖြစ်ခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၃၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ နူးနက်ဇ်အနေနဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းကို ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့ဖို့အတွက် အတော်လေးနီးစပ်နေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း ယူနိုက်တက်အနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် အခြားရွေးချယ်စရာ ကစားသမားတွေကိုသာ ရှာဖွေရတော့မှာဖြစ်ပြီး The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ ပိုလန်ဂန္ထဝင်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးကို မျက်စိကျလျက်ရှိနေကြောင်း သိရပါတယ်။

လီဗန်ဒေါ့ဗ်စကီးကတော့ ဒီနှစ်နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွါချင်နေပြီဖြစ်ကြောင်း လူသိရှင်ကြား ဝန်ခံသွားခဲ့တာဖြစ်ပြီး စပိန်အင်အားကြီးကလပ် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်နေတာဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီးအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ ကြီးကြီးမားမားအောင်မြင်မှုတွေရထားခဲ့တဲ့ ကစားသမားဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ၃၇၅ ပွဲမှာ ၃၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဘွန်ဒက်စ်လီဂါဖလား ၈ ကြိမ်အထိ ရခဲ့ပေမယ့်လည်း အခြားတစ်နေရာမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက်က အသေအချာကြီးတော့ မဟုတ်သေးဘဲ ဘာစီလိုနာအသင်းအနေနဲ့ လက်ရှိအချိန်အထိ ဘဏ္ဍာရေးအရ ရုန်းကန်နေရဆဲဖြစ်ပြီး လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူဖို့ အသင်းရဲ့ ရှိရင်းစွဲကစားသမားတွေကို ရောင်းချကာ ငွေရှာသွားရမှာဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီယွန်းကို ရောင်းချခဲ့ရာကနေ ပေါင်သန်း ၈၀ ဝန်းကျင်အထိ ရရှနိုင်ပေမယ့် အဆိုပါဒတ်ချ်ကွင်းလယ်လူအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဦးဆုံးကမ်းလှမ်းချက်ကိုတော့ ပါယ်ချထားခဲ့တာဖြစ်ပါတယ်။

တကယ်လို့များ လီဗန်ဒေါ့ဗ်စကီးအနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် စိတ်မရှည်တော့ရင် ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းဆီ ပြန်ခေါ်ခဲ့သလိုမျိုး ဆင်တူတဲ့ လုပ်ရပ်မျိုးကို ပြုလုပ်လာနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဈေးကြီးပေးခေါ်ထားရပေမယ့် အသင်းရဲ့တိုက်စစ်မှာ အသုံးမတည့်တဲ့ ရိုမဲလူ လူကာကူးကို လက်လွှတ်ဖို့အတွက် ပြင်ဆင်ထားတဲ့ ချဲလ်ဆီးအသင်းကလည်း လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို လူကာကူးကလည်း အင်တာမီလန်အသင်းကိုပဲ ပြန်သွားချင်နေတာဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးကတော့ ပြီးခဲ့တဲ့လတုန်းက ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွါချင်နေပြီဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပြီး “ဒီနေ့မှာ တိကျသေချာတဲ့အရာ တစ်ခုကတော့ ကျွန်တော်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ဇာတ်လမ်းက ပြီးဆုံးသွားပါပြီ။ လတ်တလော လတွေအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးပြီးနောက်မှာတော့ ပိုကောင်းမွန်တဲ့အရာကို စိတ်ကူးထဲတောင် ပုံမဖော်နိုင်တော့ပါဘူး။”

“အပြောင်းအရွှေ့ပြုလုပ်တာက နှစ်ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်စေမယ့် ဖြေရှင်းနည်းတစ်ခု ဖြစ်လိမ့်မယ်လို့ သတိမူမိပါတယ်”လို့ ပြောလာခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ သူ့အနေနဲ့ အခြားကလပ်အသင်းတစ်သင်းသင်းကို ပြောင်းရွှေ့ချင်ကြောင်း ထပ်လောင်းပြောသွားခဲ့ပြီး “ကျွန်တော့်အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွါချင်ခဲ့ရုံလေးပါ။ အလုပ်ထက် သစ္စာရှိမှုနဲ့ လေးစားမှုက ပိုအရေးပါ,ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အတူတကွနဲ့ ဖြေရှင်းနည်းကို အဖြေရှာကြတာပေါ့”လို့ ပြောလာခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဘင်ဖီကာအသင်းရဲ့ တိုက်စစ်မှူး ဒါဝင် နူးနက်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် ပျက်ကွက်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွါချင်နေတဲ့ တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ချဲလ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့နဲ့အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။ သရဲနီမန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်အနေနဲ့ ဒီနှစ်နွေရာသီမှာ အသင်းရဲ့တိုက်စစ်ကစားသမားအင်အားကို တိုးမြှင့်ဖို့အတွက် ဆန္ဒရှိနေပြီး ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး နူးနက်ဇ်ကတော့ ထိပ်တန်းပစ်မှတ်ကစားသမားဖြစ်ခဲ့တာပါ။