ယမန်နေ့ ညက ကစားသွားခဲ့ကြတဲ့ ဂျာမန်ကလပ် အာဘီလိုက်ဇစ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ လီဗာပူးလ်တို့ဟာ တိုက်စစ်မှူးသစ် ဒါဝင်နူနက်ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။ လီဗာပူးလ်တို့ဟာ တိုက်စစ်မှူးဆာလာရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ အတူ အသစ်ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ရဲ့ သွင်းဂိုး (၄)ဂိုးနဲ့ ဂျာမန်မြေမှာ အိမ်ရှင် အာဘီလိုက်ဇစ် အသင်းကို(၅)ဂိုးပြတ် အနိုင်ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

လီဗာပူးလ်တို့ဟာ ပထမပိုင်း ပွဲစကတည်းက အသင်းရဲ့ လူစာရင်းကို ဒီယက် ၊ ဖာမီနို၊ ဆာလာ၊ အန်ကယ်တာရာ၊ ဖာဘင်ဟို၊ ကီတာ၊ ရော်ဘတ်ဆန်၊ ဗန်ဒိုက်၊ ကိုနာတီ၊ အာနိုးနဲ့ အန်ဒရီယန်တို့လို အဓိက ကစားသမားတွေ အစုံအလင်ထုတ်ပြီး ယှဉ်ပြိုင်လာခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်တို့ အနေနဲ့ ဂျာမန်မြေမှာ ဂိုးပြတ် နိုင်ပွဲတစ်ပွဲကို ရရှိခဲ့တယ်ဆိုပေမဲ့ အာဘီလိုက်ဇစ်ကို ဘောလုံးပိုင်ဆိုင်မှုအရတော့ အသာစီးရယူနိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

ပထမပိုင်းအစောပိုင်း (၈)မိနစ်မှာ ဆာလာက အဖွင့်ဂိုး သွင်းယူပြီး ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ အသင်းလိုက်စုဖွဲ့ကစားအားကောင်းမွန်တဲ့ အာဘီလီုက်ဇစ်ရဲ့ ပြန်လည် ခြိမ်းခြောက်မှုတွေကလည်း လီဗာပူးခံစစ်ကို အလုပ်ရှုပ်စေခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်းဟာ (၅၀)စီပဲ ရှိခဲ့တာကြောင့် ပွဲဟာ ဂိုးပြတ်လွန်းခဲ့ပေမဲ့ သူတပြန် ကိုယ်တပြန်နဲ့ ကြည့်ကောင်းခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းစတင်ချိန်မှာတော့ ဖာမီနိုနေရာမှာ ဒါဝင်ကို ထည့်သွင်းလာခဲ့ပါတယ်။

ဒါဝင် ဝင်လာပြီးချိန်မှာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းက ပိုပြီးတော့ ကောင်းမွန်လာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပွဲကစားချိန် (၄၈)မိနစ်မှာတော့ လီဗာပူးလ်တို့ ပင်နယ်တီ ရရှိခဲ့ပြီး ဒီပင်နယ်တီကို ဒါဝင်က ကန်သွင်းယူခဲ့ကာ လီဗာပူးလ်ကစားသမား ဘ၀ ပထမဆုံး သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိခဲ့ပြီး သိပ်မကြာခင်မှာပဲ ပွဲကစားချိန် (၅၁) မိနစ်မှာတော့ အာနိုးချပေးလိုက်တဲ့ ဘောလုံးကို နူနက်ကပဲ ဂိုးသမားရဲ့ ညာဘက်ထောင့်ကို မြေလှိမ့်ဘော ကန်သွင်းပြီး တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် (၆၈)မိနစ်မှာတော့ နူနက်ကပဲ သူ့ရဲ့ လီဗာပူးလ်ကစားသမားဘ၀ ပထမဆုံး ဟက်ထရစ် သွင်းဂိုးဖြစ်စေခဲ့တဲ့ စတုတ္ထမြောက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပြီး၊ ပွဲကစားချိန် မိနစ်(၉၀) ပြည့်မှာတော့ နူနက်ကလည်း အနိုင်သေချာစေခဲ့တဲ့ သွင်းဂိုးကို ထပ်မံ သွင်းယူပေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေတုန်းက ဆိုးဆိုးရွားရွားလွဲချော်မှုတွေကြောင့် ဝေဖန်ခံခဲ့ရတဲ့ နူနက်ဟာ ဒီနေ့မှာ တော့ တော်တော်လေးကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

လီဗာပူးလ်ရဲ့ တိုက်စစ်ပိုင်းမှာ ရွေ့လျားနေရာယူမှု ကောင်းကောင်းနဲ့ ကစားသွားခဲ့တာ ဖြစ်ပြီး ရရှိလာခဲ့တဲ့ အခွင့်အရေးတွေ အားလုံးကို သွင်းဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး ဒါဝင်ရဲ့ ဂိုးပေါက်ပြန်တွေ့မှုကလည်း လီဗာပူးလ် ပရိသတ်တွေအတွက်တော့ စိတ်သက်သာရာ ရစေခဲ့မှာ အမှန်ပါပဲ။ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် ပြန်လည် စတင်ဖို့ကလည်း သိပ်ပြီးတော့ မလိုတော့တာကြောင့် ဒါဝင် အနေနဲ့ လီဗာပူးလ်ရဲ့ တိုက်စစ်ပိုင်းမှာ လျင်လျင် မြန်မြန် အသားကျနေဖို့ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။ ရာသီသစ် ပြန်မစခင် လီဗာပူးလ်တို့ဟာ နောက်ထပ် ခြေစမ်းပွဲ (၃) ပွဲ ထပ်မံ ကစားဦးမှာ ဖြစ်ပြီး (၂၈)ရက်နေ့မှာ ဆဲလ်ဘကတ်၊ သြဂုတ်လ (၁)ရက်နေ့မှာ မဲဘုန်းအသင်းတို့နဲ့ ရင်ဆိုင် ကစားသွားဦးမှာပဲ ဖြစ်ပါတယ်။

ZAWGYI: ယမန်နေ့ ညက ကစားသွားခဲ့ကြတဲ့ ဂျာမန်ကလပ် အာဘီလိုက်ဇစ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ လီဗာပူးလ်တို့ဟာ တိုက်စစ်မှူးသစ် ဒါဝင်နူနက်ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။ လီဗာပူးလ်တို့ဟာ တိုက်စစ်မှူးဆာလာရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ အတူ အသစ်ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ရဲ့ သွင်းဂိုး (၄)ဂိုးနဲ့ ဂျာမန်မြေမှာ အိမ်ရှင် အာဘီလိုက်ဇစ် အသင်းကို(၅)ဂိုးပြတ် အနိုင်ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။