ဒီနေ့ညနေ (၆)နာရီမှာ ကစားခဲ့ကြတဲ့ ဖူဟမ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ (၂၀၂၂-၂၃)ပရီးမီးယားလိဂ် ဘောလုံးရာသီ ပွဲစဉ်(၁) တွေ့ဆုံမှုမှာတော့ ဖူဟမ်အသင်းရဲ့ မထင်မှတ်တဲ့ ရုန်းအားတွေနဲ့ အတူ တစ်ဖက် (၂)ဂိုးစီ သရေ ကျသွားခဲ့ပါတယ်။ နှစ်သင်းလုံးဟာ လူစုံ တက်စုံနဲ့ ပွဲထွက်လာခဲ့ကြပြီး ရာသီ အဖွင့် ပွဲစဉ်ကို အင်ပြည့် အားပြည့်နဲ့ ရင်ဆိုင်လာခဲ့ကြတာကြောင့် ပွဲစဉ်ကတော့ တော်တော်လေးကို အကြိတ်အနယ် ရှိခဲ့တယ်လို့ ဆိုရမှာပါ။

ပွဲကစားချိန် (၃၂)မိနစ်မှာကတည်းက ဖူဟမ်အသင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပြီး ဒီဂိုးကိုတော့ ဖူဟမ်တိုက်စစ်မှူး မီထရိုဗစ်က ခေါင်းတိုက်ပြီးတော့ လှလှပပ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဖူဟမ်အသင်းရဲ့ ရုန်းအားဟာ လီဗာပူးလ်တို့ကို တော်တော်လေးကို အခက်တွေ့စေခဲ့ပြီးတော့ လုံလောက်တဲ့ အခွင့်အရေးတွေ မရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးလ်ရဲ့ ခြေစွမ်းပိုင်းကလည်း အနည်းငယ်တော့ ကျဆင်းနေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဖာမီနိုဟာ ပြီးခဲ့တဲ့ ရာသီနောက်ပိုင်းမှာကတည်းက ပုံမှန်ပွဲထွက်ခွင့် မရခဲ့ခြင်းနဲ့ အတူ ခြေစွမ်းပိုင်းက ကျဆင်းမှုတွေ ရှိနေခဲ့တာ ဖြစ်ပြီး ဒီနေ့ပွဲစဉ်မှာလည်း တိုက်စစ်မှာ အနည်းငယ် ကြောင်ပျောက်နေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မာနေးနေရာကနေ ပွဲထွက်လာခဲ့တဲ့ ဒီယက်ကလည်း ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြနိုင်ခဲ့သလောက် ဒီနေ့ည ပွဲစဉ်မှာတော့ ဖူဟမ်နောက်ခံလူတွေရဲ့ ခြေစွမ်းပြနိုင်မှု နဲ့ အတူ ပွဲချိန်အတွင်း ဂိုးပေါက် ကန်သွင်းမှု (၂)ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ပွဲကစားချိန် (၇၈)မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။

လီဗာပူးလ်တိုက်စစ် ဖာမီနိုကို ထုတ်ပြီး နူနက်ကို ထည့်သွင်းပြီးမှသာ ပိုမို အသက်ဝင်လာခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပွဲကစားချိန် (၅၁)မိနစ်မှာ ဖာမီနိုအစား နူနက်ဝင်လာပြီး (၆၄)မိနစ်အရောက်မှာတော့ အသင်းအတွက် ချေပဂိုးကို ဆာလာရဲ့ ဖန်တီးပေးမှုကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပွဲကစားချိန် (၇၂)မိနစ်အရောက်မှာ လီဗာပူးလ်တို့ ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကိုတော့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ မီထရိုဗစ်ကပဲ အမှားအယွင်းမရှိ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဦးဆောင်ဂိုး ထပ်မံ ခွင့်ပြုခဲ့ရပြီးတဲ့နောက် လီဗာပူးလ်တို့ ချေပဂိုး ရဖို့ ပိုမိုကြိုးစားလာခဲ့ပြီး ပွဲကစားချိန် မိနစ်(၈၀)မှာ နူနက်ရဲ့ ဖန်တီးပေးမှုကနေ ဆာလာက ချေပဂိုး ကို ထပ်မံ သွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဖူဟမ်ဟာ တော်တော်လေးကို ရေကုန်ရေခမ်း ကစားနေခဲ့တာ ဖြစ်ပြီး ဆာလာဆိုရင် ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ပေမဲ့ ဂိုးကန်သွင်းမှု (၂)ကြိမ်ထဲသာ ရှိခဲ့တဲ့ အထိ ကွင်းထဲမှာ တိုင်ပတ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာမှာတော့ ပွဲကစားချိန် (၅၁)မိနစ်မှ လူစားဝင်လာပြီး တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးခဲ့တဲ့ နူနက်ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အသားကျဖို့ အချိန်ပေးရမယ်ဆိုတဲ့ စကားတွေကို နူနက်ဟာ ပထမဆုံး ပွဲစဉ်မှာတင် ချေဖျက်ပြခဲ့ပြီး သွင်းယူခဲ့တဲ့ သွင်းဂိုးကလည်း တော်တော်လေးကို လှပကောင်းမွန်နေခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေါက် ကန်သွင်းမှု (၄)ကြိမ်အထိတောင် ရှိခဲ့ပြီးဆာလာထက် ပိုမို သာလွန်တဲ့ ခြေစွမ်းတွေကိ ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နူနက်တစ်ယောက် ခြေစွမ်းပြ ကစားနိုင်ခဲ့တာ ကျေနပ်စရာ ကောင်းခဲ့ပေမဲ့ ဖူဟမ်ရဲ့ ရုန်းအားမှာတော့ လီဗာပူးလ်တို့ ရုန်းကန်ခဲ့ရပြီး အဖွင့် ပွဲစဉ်မှာ အနိုင်ရဖို့ထက် သရေတစ်မှတ် ရရှိအောင်တောင် မနည်း လိုက်ကစားခဲ့ရတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: ဒီနေ့ညနေ (၆)နာရီမှာ ကစားခဲ့ကြတဲ့ ဖူဟမ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ (၂၀၂၂-၂၃)ပရီးမီးယားလိဂ် ဘောလုံးရာသီ ပွဲစဉ်(၁) တွေ့ဆုံမှုမှာတော့ ဖူဟမ်အသင်းရဲ့ မထင်မှတ်တဲ့ ရုန်းအားတွေနဲ့ အတူ တစ်ဖက် (၂)ဂိုးစီ သရေ ကျသွားခဲ့ပါတယ်။ နှစ်သင်းလုံးဟာ လူစုံ တက်စုံနဲ့ ပွဲထွက်လာခဲ့ကြပြီး ရာသီ အဖွင့် ပွဲစဉ်ကို အင်ပြည့် အားပြည့်နဲ့ ရင်ဆိုင်လာခဲ့ကြတာကြောင့် ပွဲစဉ်ကတော့ တော်တော်လေးကို အကြိတ်အနယ် ရှိခဲ့တယ်လို့ ဆိုရမှာပါ။