လီဗာပူး ဟာ မနှစ် က ဘောလုံးရာသီမှာ ပြိုင်ပွဲပေါင်းစုံ ပွဲပြည့် 63 ပွဲ အထိ ယှဉ်ပြိုင် ကစားခဲ့ရပြီး ၊ အဲဒီထဲက 4 ပွဲသာ ရှုံးနိမ့်ခဲ့ ပါတယ်။ နည်းပြ ယာဂန် ကလော့ပ် ကတော့ အဓိက ပစ်မှတ်တွေ ကို ရအောင် ဆွတ်ခူးပြနိုင်ခြင်း မရှိခဲ့တဲ့ အတွက် သူ့ အသင်းရဲ့ တိုးတက်မှုတွေကို ဘယ်လို ပိုပြီး ထိအောင် ဆွဲတင်နိုင်မလဲဆိုတဲ့ အကြောင်းအရင်းတွေကို နွေရာသီ အားလပ်ရက် တစ်ခုလုံး “ပြန်လည် လေ့လာ သုံးသပ်မှုတွေ” လုပ်ဆောင်ခဲ့ ပါတယ်။

အဲဒီလို လုပ်ရင်းကနေ ကလပ် သမိုင်းကြောင်း တစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေး အများဆုံး နဲ့ ဒါဝင် နူညက် ကို ခေါ်ယူခဲ့သလို ၊ ဘယ်လို ပုံစံမျိုး နဲ့ ခေါ်ယူဖြစ်ခဲ့တယ် ဆိုတဲ့ အကြောင်းအရင်းတွေကိုလဲ အခုလို ရင်းပြသွားခဲ့ပါတယ်။ “ သူက ကျနော်တို့ ရဲ့ ဆန်ကာတင် စာရင်းထဲမှာ အမြဲတမ်း ရှိခဲ့တာပါ။ သူ့ရဲ့ အလားအလာ က စိတ်ဝင်စားဖို့ ကောင်းတယ် ဆိုတာ သိထားပြီးသာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူဖို့ အကြောင်းတော့ လုံး၀ မစဉ်းစားခဲ့ပါဘူး ၊ အဲဒီတော့ ကြားထဲမှာ အဆက်အသွယ်တွေလဲ မရှိကြဘူးပေါ့။

ကျနော်တို့မှာ ပေါ်တူဂီ ဘောလုံး လောက အကြောင်းသိတဲ့ ဆရာကြီးတွေ ရှိပါတယ်။ ပက် လင်ဒါ နဲ့ ဗစ်တာ မားတို့စ် တို့ဟာ ဘင်ဖီကာ ပွဲတိုင်းကို ကြည့်ဖြစ်ခဲ့ပါတယ်။ သူတို့က ပေါ်တို ကနေ လာတဲ့သူတွေ ဆိုတော့ ဘင်ဖီကာ ပွဲကြည့်ဖို့ အနည်းငယ် ခက်ခဲခဲ့သည့်တိုင်အောင် တာဝန် မပျက်ခဲ့ပါဘူး။ အဲဒီတော့ သူဟာ တော်တော်ကို ကောင်းတဲ့ ဘောလုံးသမား ဆိုတာ ရှင်းရှင်းလင်းလင်းကို ရှိခဲ့ပါတယ်။ ဒါပေမယ့် ကောင်းလို့ ခေါ်ယူလိုက်တာမျိုးတော့ လုပ်လို့ မရပါဘူး။ အသင်းရဲ့ အခြေအနေကိုလဲ ပြန်ပြီး အကဲခတ်ရပါသေးတယ်။

ကျနော်တို့ တိုက်စစ်မှာ သွင်းဂိုးနှုန်းက ကျဆင်းနေတာ မရှိပါဘူး။ ဒါပေမယ့် အသင်းမှာ အပြောင်းအလဲ တစ်ခု ဖြစ်လာဖို့ သေချာသွားတော့ ၊ အဲဒီ အခွင့်အရေးကို လှုပ်ရှားလိုက်တာပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။ ကလော့ပ် နဲ့ နူညက် တို့ ပထမဆုံး တွေ့ကြတဲ့ အစည်းအဝေးမှာ လက်ထောက်နည်းပြ ပက် လင်ဒါက စကားပြန် လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဂျာမန်သားကြီးက “ သူ့ရဲ့ ဆန္ဒမှာ ကိုက ကျနော်တို့ နဲ့ လက်တွဲချင်တယ် ဆိုတာ ထင်ထင်ရှားရှား ရှိခဲ့ပါတယ် ၊ ဒါက အရမ်းကို ကောင်းတဲ့ အချက်မျိုးပါ။

တစ်ချို့ ကစားသမားတွေ ဆိုရင် အဲဒီလို တွေ့ဆုံပြီး ၊ ကိုယ်ဆီက စကားသံတွေကို နားထောင်လိုက် ၊ နောက်ထပ် တစ်နာရီကြာရင် အခြား အသင်းက နည်းပြ နဲ့ တွေ့လိုက်နဲ့ ဆိုတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒါဝင် နူညက် က ကျနော်တို့ရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်ခဲ့သလို ၊ ကျနော် တို့ကလဲ သူ့ရဲ့ ဦးစားပေး အသင်းပါပဲ။ ဒါက လုံးဝကို ရှင်းရှင်းလင်းလင်း ဖြစ်ခဲ့တဲ့ အချက်ပါ။ ကျနော် လဲ ဒါမျိုးကိုမှ သဘောကျတာပါ။ အခုတော့ ကျနော်တို့ အကြားမှာ ဆက်ဆံရေးတွေ စပြီး တည်ဆောက်လို့ ရပြီလေ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ZAWGYI: လီဗာပူး ဟာ မနှစ် က ဘောလုံးရာသီမှာ ပြိုင်ပွဲပေါင်းစုံ ပွဲပြည့် 63 ပွဲ အထိ ယှဉ်ပြိုင် ကစားခဲ့ရပြီး ၊ အဲဒီထဲက 4 ပွဲသာ ရှုံးနိမ့်ခဲ့ ပါတယ်။ နည်းပြ ယာဂန် ကလော့ပ် ကတော့ အဓိက ပစ်မှတ်တွေ ကို ရအောင် ဆွတ်ခူးပြနိုင်ခြင်း မရှိခဲ့တဲ့ အတွက် သူ့ အသင်းရဲ့ တိုးတက်မှုတွေကို ဘယ်လို ပိုပြီး ထိအောင် ဆွဲတင်နိုင်မလဲဆိုတဲ့ အကြောင်းအရင်းတွေကို နွေရာသီ အားလပ်ရက် တစ်ခုလုံး “ပြန်လည် လေ့လာ သုံးသပ်မှုတွေ” လုပ်ဆောင်ခဲ့ ပါတယ်။