ဂျိုရယ်မာတစ်က သူ့အနေနဲ့ ဒါ၀င်နူးနက်ကို လီဗာပူး အကျီနဲ့ မြင်တွေ့ရတဲ့ အတွက် အတော်လေး စိတ်သက်သာရာ ရမိတယ်လို့ ၀န်ခံသွားခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့လက နူးနက်ကို ဘင်ဖီကာ အသင်းထံမှ ပေါင် ၈၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ နူးနက်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘန်ကောက်မှာ မန်ချက်စတာယူနိုက်တက်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူး အတွက် unofficial debut ကို ရရှိခဲ့ပါတယ်။ မာတစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဥရုဂွေး တိုက်စစ်မှုးနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးပါတယ်။

နူးနက်ဟာ လီဗာပူး ဘက်ကို နှစ်ကျော့စလုံး ဂိုးသွင်းနိုင်ခဲ့တဲ့ အပြင် ခံစစ်ကြောင်းကို အတော်လေး ဒုက္ခပေး ကစားသွားခဲ့ကာ ယာဂန်ကလော့ကို မျက်စိကျစေခဲ့ပါတယ်။ လီဗာပူးတို့ ခရစ်စတယ်ပဲလေ့စ်နဲ့ ခြေစမ်းပွဲ ကစားရန် စင်ကာပူကို ရောက်ရှိ်လာခဲ့ပြီးနောက် မာတစ်က သူ့အနေနဲ့ ကစားသမားသစ် နူးနက် ဆီက ဘာတွေ မျှော်လင့်ထားသလဲ ဆိုတာကို မီဒီယာတွေကို ပြောပြသွား ခဲ့ပါတယ်။ မာတစ်က “ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာတုန်းက သူဟာ ကျွန်တော့်ကို အတော်လေး ဒုက္ခပေးသွားခဲ့ပါတယ်။”

” ဒါ့ကြောင့် သူ ကျွန်တော်တို့ အကျီကို ၀တ်ဆင်ကာ တစ်သင်းတည်းမှာ တွဲဖက် ကစားရတော့မှာ ဖြစ်တဲ့ အတွက် ကျွန်တော် တကယ် ပျော်ရွှင်မိပါတယ်။ အရည်အသွေး ပြည့်၀တဲ့ ကစားသမား ဖြစ်ကာ သူ ကျွန်တော်တို့ အတွက် ဂိုးတွေ အများကြီး သွင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ သူ့ရဲ့ ကြံ့ခိုင်မှုစွမ်းရည် နဲ့ ပြေးအားတွေဟာ တကယ့်ကို ထူးခြားတဲ့ အရည်အသွေးတွေလို့ ကျွန်တော် ထင်ပါတယ်။ သူ ကျွန်တော်တို့ အတွက် ဂိုးတွေ သွင်းပေးနိုင်မယ် ဆိုတာ သေချာပါတယ်။ ”

“သူဟာ လာမည့် ရာသီ ဆုဖလား အားလုံးအတွက် တိုက်ပွဲ၀င်သွားမယ့် ကျွန်တော်တို့ အတွက် နောက်ထပ် အပိုပါဝါကို ပေးစွမ်းနိုင်မှာပါ။” လို့ ပြောသွားခဲ့ ပါတယ်။ လီဗာပူးဟာ ဒီနွေရာသီမှာ မာတစ်ရဲ့ တွဲဖက် ဗဟိုနောက်ခံလူ ဂျိုးဂိုးမက်ဇ်ကို စာချုပ်သစ် ချုပ်ဆိုသွားခဲ့ပါတယ်။ မာတစ်က ဂိုးမက်ဇ် အနေနဲ့ အန်ဖီးမှာ ကာလရှည် ဆက်ရှိနေတော့မှာ ဖြစ်တဲ့ အတွက် ၀မ်းမြောက်မိကြောင်း ဆိုလိုက်ပါတယ်။

မာတစ်က “ပြီးခဲ့တဲ့ နှစ်တွေ အတွင်း သူဟာ အကောင်းဆုံး လုပ်ပြထားခဲ့ပါတယ်။ သူဟာ တကယ့်ကို ထူးချွန်တဲ့သူ ဖြစ်ကာ စာချုပ်သစ် ချုပ်ခဲ့တဲ့ အတွက် ကျွန်တော် ပျော်မိပါတယ်။ သူ ကျွန်တော့်နဲ့ အတူ နောက်ထပ် နှစ်အနည်းငယ် အတူ တွဲဖက် ကစားသွားမှာ ဖြစ်တဲ့ အတွက် ၀မ်းသာမိပါတယ်။ အမှန်ပါပဲ။ ကျွန်တော်တို့ဟာ လီဗာပူး အတွက် ကစားနေရတာကြောင့် နေရာတစ်နေရာ အတွက် ပြိုင်ဆိုင်မှု ဆိုတာကတော့ ရှိမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ကစားရမယ့် ပွဲအရေအတွက် များစွာကြောင့် အားလုံးကို ကျွန်တော်တို့ လိုအပ်ပါတယ်။”

ZAWGYI: ဂျိုရယ်မာတစ်က သူ့အနေနဲ့ ဒါ၀င်နူးနက်ကို လီဗာပူး အကျီနဲ့ မြင်တွေ့ရတဲ့ အတွက် အတော်လေး စိတ်သက်သာရာ ရမိတယ်လို့ ၀န်ခံသွားခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့လက နူးနက်ကို ဘင်ဖီကာ အသင်းထံမှ ပေါင် ၈၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ နူးနက်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘန်ကောက်မှာ မန်ချက်စတာယူနိုက်တက်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူး အတွက် unofficial debut ကို ရရှိခဲ့ပါတယ်။ မာတစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဥရုဂွေး တိုက်စစ်မှုးနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးပါတယ်။