ပီအက်စ်ဂျီ အသင်းရဲ့ ဘရာဇီး လက်ရွေးစင် ဝါရင့် တောင်ပံ ကစားသမား နေမာ ဟာ လတ်တလော နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ပရီးမီးယားလိဂ် ကလပ် အသင်း အချို့နဲ့ ကောလဟလ အချို့ ထွက်နေကာ ၊ ယခုနှစ် ရာသီမှာပင် ပီအက်စ်ဂျီမှာ ဆက်ရှိဖို့ မသေချာဘူး ဆိုတဲ့ သတင်းတွေလည်း အဆက်မပြတ် ထွက်ပေါ်ခဲ့ဖူးပါတယ် ။ နေမာသာ ပြင်သစ်မြေကို စွန့်ခွာဖြစ်ခဲ့ရင် ၊ ၄င်းကို ခေါ်ယူနိုင်တဲ့ ကလပ် အသင်း အရေအတွက် ဟာ လက်တဖက်ပင် မပြည့်နိုင်တဲ့ အနေအထား အထိ နည်းပါးလွန်းနေပါတယ် ။ အထူးသဖြင့် လက်ရှိ ရရှိနေတဲ့ လစာ ပမာဏကြောင့် ဥရောပ ထိပ်တန်း ကလပ် အချို့ပင် လက်ရှောင်ရမယ့် သဘောမှာ ရှိနေပါတယ် ။

ပီအက်စ်ဂျီ အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူ နက်ဆာ အယ်ခီလိုင်ဖီကတော့ မကြာသေးခင်ကမှ သတင်းထောက်တွေနဲ့ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ယင်း အသက် ၃၀နှစ် အရွယ် ဘရာဇီးသားရဲ့ အနာဂတ် ဟာ ဒီနွေရာသီကို လွန်ပြီး ပီအက်စ်ဂျီမှာ ဆက်ရှိနေပါဦးမလား ဆိုတဲ့ အမေးကို တစုံတရာ အတည်ပြုပေးခဲ့ခြင်း မရှိပါဘူး ။ နေမာ ကိုယ်တိုင်ကတော့ ယခုနှစ် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးရင် လက်ရွေးစင် ကစားသမား ဘဝကနေ အနားယူနိုင်တဲ့ အကြောင်း မရေရာမှု အချို့ ရှိနေပြီး ၊ ကလပ် ကြေးစား ကစားသမား ဘဝ ဆက်လက် တည်မြဲနိုင်ဖို့ကို ဦးတည်ဖြစ်ဖို့ များနေပါတယ် ။

ဥရောပ သတင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေ အရ နေမာသာ အသင်းပြောင်းဖြစ်ရင် ၊ လက်တွေ့မှာ ခေါ်ယူနိုင်တဲ့ အသင်း အရေအတွက် အနည်းငယ် ရှိတဲ့အနက်မှ ၊ ပရီးမီးယားလိဂ်မှ ကလပ် ၃သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချဲလ်ဆီးနဲ့ နယူးကာဆယ် အသင်းတွေက ထိပ်ဆုံးက ပါဝင်နေကြောင်း သိရပါတယ် ။ မန်ယူနိုက်တက်နဲ့ နယူးကာဆယ် ဟာ ကစားသမားတွေကို မက်လုံး လစာပေး ခေါ်ယူနိုင်တဲ့ အတွက်ကြောင့် ထိုစာရင်းထဲ ပါဝင်နေကာ ၊ ချဲလ်ဆီးကတော့ ပိုင်ရှင်သစ် အပြောင်းအလဲကြောင့် စူပါစတား ခေါ်ယူမှုတွေ ၊ စျေးကြီးပေး ခေါ်ယူမှု နည်းပါးလာဖို့သာ ရှိပေမယ့် ၊ ပျီအကျဈဂြီမှာ အတူ လက်တွဲခဲ့ဖူးတဲ့ အချက်ကြောင့် ထိုစာရင်းမှာ ပါဝင်နေပါတယ် ။

ဒါ့အပြင် နေမာနဲ့ အတူ ပီအက်စ်ဂျီမှာ နှစ်အတန်ကြာ လက်တွဲခဲ့ဖူးသလို ၊ ဘရာဇီး လက်ရွေးစင် အသင်းမှာ ၁၀စုနှစ် တခုကြာ အတူ ကစားခဲ့ဖူးတဲ့ ဝါရင့် နောက်ခံလူ သီယာဂို ဆေးလ်ဗား ဟာလည်း ၄င်းရဲ့ ကလပ် အသင်းဖော်ဟောင်းကို ချဲလ်ဆီးသို့ ပြောင်းရွှေ့လာဖို့ ပေါ်တင်ပဲ ဖိတ်ခေါ်လိုက်ပါတယ် ။ သီယာဂို ဆေးလ်ဗား က ” နေမာသာ အသင်းပြောင်းဖို့ စဉ်းစားဖြစ်ရင် ၊ ချဲလ်ဆီးကို လာသင့်ပါတယ် ။ ဒီလိုဖြစ်ခဲ့ရင် ၊ သူ့အတွက် အကောင်းဆုံးပါပဲ ။ လောလောဆယ်မှာ ဒီအကြောင်း ဘာမှ မပြောရသေးပါဘူး ။ အခုအချိန်အထိ ကျွန်တော်လည်း ဘာမှ မသိရသေးပေမယ့် ၊ အမှန်တတယ် အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့တော့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး အသင်းဟာ မနေ့ညကပဲ လိဒ်စ်ယူနိုက်တက် အသင်းရဲ့ ဘရာဇီး လက်ရွေးစင် တောင်ပံ ကစားသမား ရာဖင်ဟာကို ပေါင်သန်း ၆၀ + ထပ်တိုး ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကလပ် ၂သင်း အကြား သဘောတူညီမှု ရခဲ့ပြီး ဖြစ်ကာ ၊ ကစားသမားနဲ့ သဘောတူညီမှု ရဖို့ကို ဆက်လက် ဆွေးနွေးလျက်ရှိပါတယ် ။ ရာဖင်ဟာရဲ့ အေးဂျင့်ဟာ ယခင် ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဒေကို ဖြစ်တာကြောင့် သဘောတူညီမှု မရစရာ အကြောင်း မရှိနေပါဘူး ။ ဒါ့အပြင် ချဲလ်ဆီး ဟာ ရာဖင်ဟာပြီးနောက် ၊ မန်စီးတီး တောင်ပံ ကစားသမား ရာဟင်း စတာလင်ကိုလည်း ပေါင် ၃၅သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ် ။

ZAWGYI: ပီအက်စ်ဂျီ အသင်းရဲ့ ဘရာဇီး လက်ရွေးစင် ဝါရင့် တောင်ပံ ကစားသမား နေမာ ဟာ လတ်တလော နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ပရီးမီးယားလိဂ် ကလပ် အသင်း အချို့နဲ့ ကောလဟလ အချို့ ထွက်နေကာ ၊ ယခုနှစ် ရာသီမှာပင် ပီအက်စ်ဂျီမှာ ဆက်ရှိဖို့ မသေချာဘူး ဆိုတဲ့ သတင်းတွေလည်း အဆက်မပြတ် ထွက်ပေါ်ခဲ့ဖူးပါတယ် ။ နေမာသာ ပြင်သစ်မြေကို စွန့်ခွာဖြစ်ခဲ့ရင် ၊ ၄င်းကို ခေါ်ယူနိုင်တဲ့ ကလပ် အသင်း အရေအတွက် ဟာ လက်တဖက်ပင် မပြည့်နိုင်တဲ့ အနေအထား အထိ နည်းပါးလွန်းနေပါတယ် ။ အထူးသဖြင့် လက်ရှိ ရရှိနေတဲ့ လစာ ပမာဏကြောင့် ဥရောပ ထိပ်တန်း ကလပ် အချို့ပင် လက်ရှောင်ရမယ့် သဘောမှာ ရှိနေပါတယ် ။

ပီအက်စ်ဂျီ အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူ နက်ဆာ အယ်ခီလိုင်ဖီကတော့ မကြာသေးခင်ကမှ သတင်းထောက်တွေနဲ့ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ယင်း အသက် ၃၀နှစ် အရွယ် ဘရာဇီးသားရဲ့ အနာဂတ် ဟာ ဒီနွေရာသီကို လွန်ပြီး ပီအက်စ်ဂျီမှာ ဆက်ရှိနေပါဦးမလား ဆိုတဲ့ အမေးကို တစုံတရာ အတည်ပြုပေးခဲ့ခြင်း မရှိပါဘူး ။ နေမာ ကိုယ်တိုင်ကတော့ ယခုနှစ် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးရင် လက်ရွေးစင် ကစားသမား ဘဝကနေ အနားယူနိုင်တဲ့ အကြောင်း မရေရာမှု အချို့ ရှိနေပြီး ၊ ကလပ် ကြေးစား ကစားသမား ဘဝ ဆက်လက် တည်မြဲနိုင်ဖို့ကို ဦးတည်ဖြစ်ဖို့ များနေပါတယ် ။

ဥရောပ သတင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေ အရ နေမာသာ အသင်းပြောင်းဖြစ်ရင် ၊ လက်တွေ့မှာ ခေါ်ယူနိုင်တဲ့ အသင်း အရေအတွက် အနည်းငယ် ရှိတဲ့အနက်မှ ၊ ပရီးမီးယားလိဂ်မှ ကလပ် ၃သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချဲလ်ဆီးနဲ့ နယူးကာဆယ် အသင်းတွေက ထိပ်ဆုံးက ပါဝင်နေကြောင်း သိရပါတယ် ။ မန်ယူနိုက်တက်နဲ့ နယူးကာဆယ် ဟာ ကစားသမားတွေကို မက်လုံး လစာပေး ခေါ်ယူနိုင်တဲ့ အတွက်ကြောင့် ထိုစာရင်းထဲ ပါဝင်နေကာ ၊ ချဲလ်ဆီးကတော့ ပိုင်ရှင်သစ် အပြောင်းအလဲကြောင့် စူပါစတား ခေါ်ယူမှုတွေ ၊ စျေးကြီးပေး ခေါ်ယူမှု နည်းပါးလာဖို့သာ ရှိပေမယ့် ၊ ပျီအကျဈဂြီမှာ အတူ လက်တွဲခဲ့ဖူးတဲ့ အချက်ကြောင့် ထိုစာရင်းမှာ ပါဝင်နေပါတယ် ။

ဒါ့အပြင် နေမာနဲ့ အတူ ပီအက်စ်ဂျီမှာ နှစ်အတန်ကြာ လက်တွဲခဲ့ဖူးသလို ၊ ဘရာဇီး လက်ရွေးစင် အသင်းမှာ ၁၀စုနှစ် တခုကြာ အတူ ကစားခဲ့ဖူးတဲ့ ဝါရင့် နောက်ခံလူ သီယာဂို ဆေးလ်ဗား ဟာလည်း ၄င်းရဲ့ ကလပ် အသင်းဖော်ဟောင်းကို ချဲလ်ဆီးသို့ ပြောင်းရွှေ့လာဖို့ ပေါ်တင်ပဲ ဖိတ်ခေါ်လိုက်ပါတယ် ။ သီယာဂို ဆေးလ်ဗား က နေမာသာ အသင်းပြောင်းဖို့ စဉ်းစားဖြစ်ရင် ၊ ချဲလ်ဆီးကို လာသင့်ပါတယ် ။ ဒီလိုဖြစ်ခဲ့ရင် ၊ သူ့အတွက် အကောင်းဆုံးပါပဲ ။ လောလောဆယ်မှာ ဒီအကြောင်း ဘာမှ မပြောရသေးပါဘူး ။ အခုအချိန်အထိ ကျွန်တော်လည်း ဘာမှ မသိရသေးပေမယ့် ၊ အမှန်တတယ် အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့တော့ မျှော်လင့်ပါတယ် ။ လို့ ပြောကြားခဲ့ပါတယ် ။