ဆုဖလား ရရှိပြီး ပျော်ရွှင်ရတဲ့ ခံစားချက်ဟာ အရမ်းကို အံ့သြစရာပါ။ ဒါပေမဲ့ နိုင်ငံတကာ ဆုဖလား ရရှိတာက ပိုပြီး ပျော်ရွှင်ရပါတယ်။ ဒါဟာ အသင်းတွေနဲ့ ကစားသမား တစ်ဦးချင်းက ဘယ်လောက် ပြိုင်ဆိုင်မှု ပြင်းထန်တယ်ဆိုတာ ပြသနေပါတယ်။ ဘောလုံးလောကမှာတော့ ကစားသမား တစ်ယောက်ရဲ့ နာမည်ကျော်ကြားမှုဟာ ဆုဖလား ရရှိတဲ့ အရေအတွက်ပေါ် မူတည်ပြီး တိုင်းတာတာပါ။ အထူးသဖြင့် နိုင်ငံတကာ ဆုဖလားပေါ့။ ဒါပေမဲ့ အချို့သော နာမည်ကျော် ကစားသမား အချို့ကတော့ လက်ရှိ ဆုဖလားတွေနဲ့ ဝေးကွာနေဆဲပါ။ ကဲ အခုဖော်ပြပေးမှာကတော့ နိုင်ငံတကာ ဆုဖလား မရရှိသေးတဲ့ နာမည်ကျော် ကစားသမား ၁၁ ယောက် ဖြစ်ပါတယ်။ ကြည့်လိုက်ရအောင်​ဗျာ။

(၁) ဂိုးသမား – ကီလာနားဗက်။ ။ နားဗက်ဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ယောက်ပါ။ သူဟာ ရီးရဲမက်ဒရစ် ​ချန်ပီယံ ဖြစ်ခဲ့တဲ့ ၃ နှစ်အတွင်း အသင်းရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ပါတယ်။ သူဟာ ဒီ အောင်မြင်မှုတွေမှာ အဓိက နေရာက ပါဝင်ကစားခဲ့ပေမဲ့ ၂၀၁၇-၁၈ ခုနှစ် ရာသီမှာ ပိုပြီး လက်စွမ်းပြခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ သူဟာ ပြိုင်ပွဲတစ်လျောက် အကောင်ဆုံး ဂိုးသမားဆု ရရှိခဲ့ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်မှာ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ သူ့ရဲ့ အကောင်းဆုံး နိုင်ငံတကာ ပွဲထွက်ခွင့်ကတော့ ၂၀၁၄ ကမ္ဘာ့ဖလား ဖြစ်ပြီး ကွာတားဖိုင်နယ်မှာ အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပေမဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ နယ်သာလန်ကို ရှုံးနိမ့်ခဲ့ပါတယ်။

(၂) ဗဟိုခံစစ် – ဗန်ဒိုက်။ ။ ဗန်ဒိုက်ဟာ ကမ္ဘာ့အကောင်းဆုံး ခံစစ် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။ သူဟာ သူ့ရဲ့ ဧရိယာအတွင်း စွမ်းဆောင်ရည်ကြောင့် လူသိများပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူး အသင်းရဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုမှာ အရေးပါတဲ့ နေရာက ပါဝင် ကစားခဲ့ပါတယ်။ သူက ချန်ပီယံလိဂ် ၊ ဖီဖာကမ္ဘာ့ဖလား ၊ စူပါဖလားနဲ့ ကာရာဘောင်း ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ နယ်သာလန်သားရဲ့ အကောင်းဆုံး နိုင်ငံတကာ ပွဲထွက်ခွင့်ကတော့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်မှာပါ။ အဆိုပါပြိုင်ပွဲမှာ သူဟာ ပေါ်တူဂီနဲ့ ဖိုင်နယ်မှာတော့ ဒုတိယဆုသာရရှိခဲ့ပါတယ်။

(၃) ဗဟိုခံစစ် – ရီယိုဖာဒီနန်။ ။ ဖာဒီနန်ဟာ သူ့ခေတ်က အကောင်းဆုံး ခံစစ် ကစားသမားတစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး။ သူဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ တွဲဖက် ဗီဒစ်နဲ့အတူ လူသိများပါတယ်။ ဖာဒီနန်ဟာ ယူနိုက်တက်တို့ရဲ့ ရွှေရောင်နေရက်တွေတုန်းက အဓိက ကစားသမား ဖြစ်ခဲ့သူပါ။ အဲဒီအချိန်တုန်းက သူဟာ ပရီးမီးယားလိဂ် ၆ ကြိမ် ၊ အက်ဖ်အေဖလား ၄ ကြိမ် ၊ အီးအက်ဖ်အယ်လ် ဖလား ၂ ကြိမ် ၊ ချန်ပီယံလိဂ်ဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ အမှတ်ရစရာ နိုင်ငံတကာ ပွဲထွက်ကတော့ သူ့အသင်း ကွာတားဖိုင်နယ်အထိ ရောက်ခဲ့တဲ့ ၂၀၀၂ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပဲ ဖြစ်ပါတယ်။

(၄) ညာအစွန် – ဂျာဗီရာဇန်နက်တီ။ ။ ဇန်နက်တီဟာ သူ့ခေတ်က အကောင်းဆုံး ခံစစ်တွေထဲက တစ်ယောက်ပါ။ သူ့ရဲ့ နေရာစုံ ကစားနိုင်မှုကြောင့် လူသိများပါတယ်။ သူဟာ အင်တာမီလန်နဲ့ ဆယ်စုနှစ် ၂ခုလောက် ကြာအောင် လက်တွဲခဲ့တာကြောင့်လည်း လူသိများပါတယ်။ သူဟာ အင်တာမီလန် အသင်းမှာ ပွဲထွက်အများဆုံး စံချိန်ကိုလည်း ရရှိထားသူပါ။ သူဟာ ချန်ပီယံလိဂ် အပါအဝင် ဆုဖလား ၁၆ လုံးအထိ ရရှိဖူးသူပါ။ အာဂျင်တီးနားသားဟာ ပြိုင်ပွဲ အတော်များများမှာ နိုင်ငံတကာ ဆုဖလား ရရှိဖို့ နီးစပ်ခဲ့ပေမဲ့ မရရှိခဲ့ပါဘူး။ သူဟာ ၂၀၀၄ နဲ့ ၂၀၀၇ ခုနှစ် ကိုပါအမေရိကမှာ ဒုတိယဆုသာ ရရှိခဲ့ပြီး ၁၉၉၅ နဲ့ ၂၀၀၅ ခုနှစ် ဖယ်ဒရေးရှင်း ဖလားမှာလည်း ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

(၅) ဘယ်အစွန် – အက်ရှ်လေကိုး။ ။ အက်ရှ်လေကိုးဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်း ၂ သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးမှာ ကစားခဲ့ဖူးတာကြောင့် လူသိများပါတယ်။ အာဆင်နယ်မှာ ကစားစဥ်က ၂၀၀၃-၀၄ ခုနှစ်မှာ ရှုံးပွဲမရှိ မှတ်တမ်းနဲ့ ပရီးမီးယားလိဂ် ဖလားကို ရရှိခဲ့ဖူးပါတယ်။ ၂နှစ် အကြာမှာတော့ ကိုးဟာ ချဲလ်ဆီး ကို ပြောင်းရွှေ့သွားပြီး ချန်ပီယံလိဂ် ဖလား ရရှိခဲ့ပါတယ်။ သူဟာ အခြားကစားသမားတွေထက် အက်ဖ်အေဖလား အများဆုံး ရရှိထားတဲ့ ကစားသမားပါ။ အင်္ဂလန်သားရဲ့ အကောင်းဆုံး ပွဲထွက်ကတော့ သူတို့ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့ ၂၀၀၂ နဲ့ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပဲ ဖြစ်ပါတယ်။

(၆) ကွင်းလယ်တိုက်စစ် – မိုဒရစ်။ ။ သူ့ခေတ်မှာ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ယောက်ဖြစ်တဲ့ မိုဒရစ်ဟာ ၂၀၁၈ ခုနှစ် ရွှေဘောလုံး ဆုရှင်ပါ။ သူဟာ ရီးရဲမက်ဒရစ်အသင်း ချန်ပီယံလိဂ် ၃ ကြိမ်ဆက် ရရှိခဲ့စဥ်က အသင်းရဲ့ အဓိက ကစားသမားပါ။ သူဟာ ဆုဖလား ၁၇ ကြိမ်အထိ ရရှိထားသူပါ။ မိုဒရစ်ဟာ သူ့ရဲ့ မူလ နေရာက ဗဟိုကွင်းလယ် ကစားသမား ဖြစ်ပေမဲ့ တိုက်စစ် ကွင်းလယ်မှာရော ခံစစ်ကွင်းလယ်မှာပါ ကစားနိုင်သူပါ။ သူ့ရဲ့ နိုင်ငံတကာ ဆုဖလား ရရှိဖို့ အကောင်းဆုံး အခွင့်အရေးကတော့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာ ဖြစ်ပြီး ဒုတိယနေရာနဲ့သာ ပြီးဆုံးခဲ့ပါတယ်။

(၇) ကွင်းလယ်ခံစစ် – ကလောက်မာခီလီလီ။ ။ မာခီလီလီဟာ သူ့ရဲ့ ကစားကွက် ဖန်တီးမှု အားသာချက်ကြောင့် ပရီးမီးယားလိဂ်မှာ ကွင်းလယ်ခံစစ်နေရာကို ပြန်လည် ပြုပြင်ကစားခဲ့တဲ့အတွက် နာမည်ကျော်ခဲ့ပါတယ်။ သူ့ရဲ့ အကောင်းဆုံး ကစားသမား ဘဝမှာ ဥရောပရဲ့ နာမည်ကြီး အသင်းတွေ ဖြစ်တဲ့ ရီးရဲမက်ဒရစ် ၊ ချဲလ်ဆီး နဲ့ ပီအက်စ်ဂျီတို့မှာ ကစားခဲ့ပါတယ်။ သူ ချန်ပီယံလိဂ် ဖလားကို ရရှိခဲ့တာ ပီအက်စ်ဂျီမှာပါ။ ပြင်သစ်သားရဲ့ နိုင်ငံတကာ ဆုဖလား အိပ်မက်ကတော့ ၂၀၀၆ ကမ္ဘာ့ဖလား ဖိုင်နယ်မှာ အီတလီကို ရှုံးနိမ့်ပြီး ရပ်တန့်သွားခဲ့ပါတယ်။

(၈) ကွင်းလယ်တိုက်စစ် – အာဂျန်ရော်ဘင်။ ။ ရော်ဘင်ဟာ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ယောက် အဖြစ် သတ်မှတ်ထံထားရသူပါ။ သူ့ရဲ့ တွဲဖက် ရီဘာရီ​နဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ လူသိများပါတယ်။ သူကစားခဲ့စဥ်က အသင်း ၄ သင်းမှာ ကစားခဲ့ဖူးပါတယ်။ ပီအက်စ်ဗွီ ၊ ချဲလ်ဆီး ၊ ရီးရဲမက်ဒရစ်နဲ့ ဘိုင်ယန်တို့မှာ ကစားခဲ့ပြီး ဆုဖလား ၃၀ အထိ ရရှိခဲ့ပါတယ်။ နယ်သာလန်သားရဲ့ နိုင်ငံတကာ ဆုဖလား အိပ်မက်ကတော့ သူ့အသင်းဟာ ကမ္ဘာ့ဖလား တက်ရောက်ခွင့်တွေ မရရှိခဲ့တဲ့နောက် ၂၀၁၇ ခုနှစ်မှာ အနားယူခဲ့ပြီး အဆုံးသတ်သွားခဲ့ပါတယ်။ သူဟာ ၂၀၁၀ ခုနှစ်မှာ ဒုတိယ ၊ ၂၀၁၄ ခုနှစ်မှာ တတိယနေရာတို့မှာ ပြီးဆုံးခဲ့ရပါတယ်။

(၉) ဘယ်တောင်ပံ – ဖရန့်ရီဘာရီ။ ။ ရစ်ဘာရီနဲ့ ရော်ဘင်တို့ရဲ့ ပေါင်းစပ်မှုဟာ ဥရောပ လိဂ်တွေမှာ အသိအမှတိပြုရမှာပါ။ သူဟာ ၂၀၁၃ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါတယ်။ အဲဒီနှစ်က သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ရွှေဘောလုံးဆုမှာ တတိယနေရာနဲ့ ပြီးဆုံးခဲ့ပါတယ်။ သူဟာ ဆုဖလား ၂၅ ကြိမ် ရရှိထားပြီး ၂၃ကြိမ်က ဘိုင်ယန်မှာ ရခဲ့တာပါ။ ပြင်သစ်သားဟာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားမှာ ဒုတိယနေရာနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ဖိုင်နယ်ရောက်ရှိခဲ့တဲ့ အဲဒီပြိုင်ပွဲဟာ သူ့အတွက် အကောင်းဆုံး နိုင်ငံတကာပွဲထွက် ဖြစ်ပါတယ်။

(၁၀) ညာတောင်ပံ – မိုဟာမက်ဆာလတ်။ ။ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ၂ ကြိမ် ဆုရှင်ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများ အာဖရိက ကစားသမားပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။ ဆာလတ်ဟာ လီဗာပူးအသင်း အောင်မြင်မှု ရရှိနေတဲ့ အဓိက အားတစ်ခုပါ။ သူဟာ ချန်ပီယံလိဂ်ဖလား ၊ စူပါဖလား ၊ ဖီဖာကလပ်ကမ္ဘာ့ဖလား ၊ ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်း ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ ဆာလတ်ရဲ့ နိုင်ငံတကာ ဆုဖလား ရရှိဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့တဲ့ အခိုက်အတန့်ကတော့ ၂၀၁၇ နဲ့ ၂၀၂၁ ခုနှစ် AFCON ပြိုင်ပွဲ ဖြစ်ပါတယ်။

(၁၁) အထောင်တိုက်စစ် – ဇလာတန်အီဗရာဟီမိုဗစ်။ ။ လက်ရှိစာရင်းမှာ အသက်အကြီးဆုံး ကစားသမားဖြစ်တဲ့ အီဗရာဟီမိုဗစ်ဟာ အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။ သူဟာ စီးရီးအေ ၊ လာလီဂါနဲ့ လီဂူးဝမ်း လိဂ်၃ခုပေါင်း ဆုဖလား ၃၃ ကြိမ်အထိ ရရှိထားသူပါ။ သူဟာ နာမည်ကျော် အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ ၊ ဂျူဗင်တပ် ၊ ယူနိုက်တက် ၊ ပီအက်စ်ဂျီ ၊ အင်တာနဲ့ အေဂျက်တို့လို အသင်းတွေမှာ ကစားခဲ့ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ် ရွှေဘောလုံးဆုမှာလည်း စတုတ္ထနေရာနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဆွီဒင်သားရဲ့ အကောင်းဆုံး နိုင်ငံတကာ ပွဲထွက်ကတော့ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ ၂၀၀၄ ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲပဲ ဖြစ်ပါတယ်။