နိုက်စ် အသင်းရဲ့ နည်းပြ Christophe Galtier ဟာ မကြာခင်မှာပဲ ပီအက်စ်ဂျီ နည်းပြသစ် ဖြစ်လာတော့မှာပါ။ လက်ရှိမှာ သူ့ရဲ့ 2 နှစ် သက်တမ်း ကျန်ရှိနေတဲ့ စာချုပ်သက်တမ်း အတွက် လျော်ကြေး ပမာဏကို ညှိနှိုင်းနေကြပြီ ဖြစ်ပြီး ၊ အပြီးသတ် သဘောတူညီမှု ရယူနိုင်ဖို့လဲ အချက်အလက် အနည်းသာ ကျန်ပါတော့တယ်။ L’Equipe ရဲ့ ဖော်ပြချက် အရ PSG ဟာ စာချုပ် ဖျက်သိမ်းခ အဖြစ် ယူရို 10 သန်း ဝန်းကျင် ပေးချေရမယ်လို့ သိရပါတယ်။

တရားဝင် ကြေငြာချက် ကို ကြာသပတေးနေ့မှာ ထုတ်ပြန်နိုင်ဖွယ် ရှိနေပြီး ၊ လုပ်ငန်း တွေ အားလုံးကို ဇူလိုင်လ ၄ ရက်နေ့မှာ စတင်နိုင်ဖို့ ပစ်မှတ်ထားနေကြပါတယ်။ ဒါကြောင့်မို့ 2021 ခုနှစ် က လီဂူးဝမ်း ချန်ပီယံ ဖလား ဆွတ်ခူးခဲ့တဲ့ ပြင်သစ်သားကြီးဟာ မကြာခင် 2022 ခုနှစ် လီဂူးဝမ်း အသင်းရဲ့ နည်းပြသစ် လာတော့မယ်လို့ ပြောလို့ ရနေပါပြီ။ အစောပိုင်းမှာ တုန်းက ရီးရဲ မက်ဒရစ် နည်းပြ ဇီဒန်း လဲ ဆန်ကာတင် စာရင်းမှာ ပါဝင်ခဲ့သည့်တိုင်အောင် ၊ သူဟာ ပြင်သစ် လက်ရွေးစင် နည်းပြ ရာထူးကို ရယူဖို့ပဲ ပိုပြီး ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ နည်းပြ ဒက်ချမ့်ဟာ ကမ္ဘာ့ဖလား အပြီးမှာပဲ အသင်းနဲ့ လမ်းခွဲမှာ ဖြစ်လို့ ၊ ဇီဒန်း က အဲဒီနေရာကို ဆက်ခံဖို့ ပစ်မှတ်ထားနေတာပါ။ ပီအက်စ်ဂျီ ဟာ Christophe Galtier ကို တရားဝင် ခန့်အပ်နိုင်ခြင်း မရှိသည့်တိုင်အောင် အပြောင်းအရွှေ့ ဆိုင်ရာ ကိစ္စရပ်တွေတော့ အခုချိန် ကတည်းက အရှိန်ဟုန်ကောင်းကောင်း နဲ့ ခြေလှမ်း လှမ်းလျှက် ရှိနေပါတယ်။ အားကစား ဆိုင်ရာ အကြံပေး လူးဝစ် ကမ့်ပို့စ် က လာမယ့် ဘောလုံးရာသီ မှာ အသုံးပြုနိုင်တဲ့ ကစားကွက် အခင်းအကျင်းကို အခြေခံကာ ၊ ဈေးကွက်ထဲကို ဦးဆောင်လှုပ်ရှားနေတယ်လို့ နားလည်ရပါတယ်။

ပြင်သစ် က သတင်းတွေမှာတော့ PSG ဟာ လာမယ့် ဘောလုံးရာသီမှာ 3-5-2 အခြေခံတဲ့ ကစားကွက် ကို အသုံးပြုမယ့် အကြောင်း အကျယ်တဝင့် ရေးသား ဖော်ပြလျှက် ရှိနေပါတယ်။ ဒါကြောင့်လဲ အင်တာ မီလန် အသင်းက ခံစစ်မှုး ရှရွန်နီးယား ကို အဓိကထား ချိတ်ဆက်နေ သလို ၊ ကွင်းလယ် နေရာတွေ အတွက် ပေါ်တူဂီ ကစားသမားတွေ ဖြစ်တဲ့ ရီနာတို ဆန်းချက် ၊ ဗီတင်ဟာ တို့ကို ခေါ်ယူနိုင်ဖို့ တရားဝင် ကြိုးစားလျှက် ရှိနေပါတယ်။

အထူးခြားဆုံး သတင်းကတော့ ဘာစီလိုနာ ကို ပြောင်းရွှေ့ဖို့ ကြန့်ကြာနေတဲ့ ပိုလန် တိုက်စစ်မှုးကြီး လီဝန်ဒေါ့စကီး ကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ကောလဟာလ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဘိုင်ယန် ဟာ အသက် 33 နှစ်အရွယ် တိုက်စစ်မှုးကြီး အတွက် ပြောင်းရွှေ့ကြေး ယူရို 50 သန်း အထိ အလိုရှိနေပြီး ၊ တစ်ဖက်က ခေါ်ယူမယ့် ဘာစီလိုနာ ကလဲ ဘဏ္ဍာရေး အကျပ်တည်းတွေကို ကြိုးစား ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။

လက်ရှိ အနေအထားထိတော့ လီဝန်ဒေါ့စကီး ဟာ ဘာစီလိုနာ နဲ့ 3 နှစ် စာချုပ် ချုပ်ဖို့ သဘောတူညီမှု ကြိုတင် ရယူထားတယ်လို့ နားလည်ရသည့်တိုင်အောင် ၊ တရားဝင် ချုပ်ဆိုခြင်း မရှိသေးပါဘူး။ ပီအက်စ်ဂျီ ကလဲ အဲဒီ အနေအထားကြောင့် ပိုလန် တိုက်စစ်မှုးကြီးကို ကြားဖြတ် လုယူဖို့ ကြံစည်နေဟန် တူပါတယ်။ သတင်းတွေ အရ ပီအက်စ်ဂျီ နည်းပြရာထူးကို တရားဝင် လက်ခံပြီးတဲ့ တစ်ပြိုင်နက် ၊ အားကစား ဆိုင်ရာ အကြံပေး လူးဝစ် ကမ့်ပို့စ် နဲ့ မျက်နှာချင်းဆိုင် တိုင်ပင်ပြီးမှသာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး ပေါ်ပေါက်လာနိုင်ဖွယ် ရှိပါတယ်။ သို့သော် ပီအက်စ်ဂျီ ရဲ့ ငွေအင်အား က ဘာမဆို ပြောင်းလဲ ပစ်နိုင်တယ် ဆိုတာတော့ မေ့ထားလို့ မရပါဘူး။

ZAWGYI: နိုက်စ် အသင်းရဲ့ နည်းပြ Christophe Galtier ဟာ မကြာခင်မှာပဲ ပီအက်စ်ဂျီ နည်းပြသစ် ဖြစ်လာတော့မှာပါ။ လက်ရှိမှာ သူ့ရဲ့ 2 နှစ် သက်တမ်း ကျန်ရှိနေတဲ့ စာချုပ်သက်တမ်း အတွက် လျော်ကြေး ပမာဏကို ညှိနှိုင်းနေကြပြီ ဖြစ်ပြီး ၊ အပြီးသတ် သဘောတူညီမှု ရယူနိုင်ဖို့လဲ အချက်အလက် အနည်းသာ ကျန်ပါတော့တယ်။ L’Equipe ရဲ့ ဖော်ပြချက် အရ PSG ဟာ စာချုပ် ဖျက်သိမ်းခ အဖြစ် ယူရို 10 သန်း ဝန်းကျင် ပေးချေရမယ်လို့ သိရပါတယ်။