နေးရှင်းလိဂ်အေအုပ်စု၃ရဲ့ အဖွင့်ပွဲစဉ်တပွဲဖြစ်တဲ့ ဟန်ဂေရီနဲ့အင်္ဂလန်တို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်အသင်းဗျူဟာမြောက်ကစားပုံအောက်မှာ ခြင်္သေ့တို့လက်မြှောက်ခဲ့ရပြီး ပွတ်ရှ်ကက်စ်အရီနာမှာ ၁-ဝနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ မေဆင်မောင့်၊ကိန်း၊ဘိုဝင်တို့ရဲ့တိုက်စစ်အတွဲအဖက်မှာ လိုအပ်ချက်တွေရှိနေခဲ့တဲ့ ဆောက်ဂိတ်ရဲ့အသင်းမှာ ဆာကာ၊ဂရီယာလစ်ချ်၊ကယ်လ်ဗင်ဖိလစ်တို့ဝင်ရောက်လာခဲ့ပေမဲ့လဲ အိမ်ရှင်တို့ရဲ့မာကျောတဲ့ကစားပုံအောက်အရာမထင်ဖြစ်ခဲ့ရပါတယ်။

ဘောလုံးဝေဖန်သူတွေအဖြစ်မီဒီယာအသီးသီးမှာတင်ဆက်ခဲ့ကြတဲ့ မက်အက်ဆွန်၊မိုက်ကယ်အိုဝင်စတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်းတွေကတော့ ဂိုးရဖို့အတွက် အခွင့်အရေးတွေပိုမိုနီးစပ်ခဲ့တဲ့ ဟန်ဂေရီတို့ရဲ့အနိုင်ရလဒ်ဟာထိုက်တန်ခဲ့ပြီး အင်္ဂလန်တို့ဟာနှေးကွေးနေခဲ့ကြတယ်လို့ သုံးသပ်သွားခဲ့ကြပါတယ်။ အိမ်ရှင်တို့အတွက် တလုံးတည်းသောအနိုင်ဂိုးကို ထရန့်အလက်ဇန်ဒါအာနိုးအစားလူစားဝင်ရောက်လာခဲ့သူ ရီးဂျိမ်းစ်ရဲ့ဟန်ဂေရီကွင်းလယ်ကစားသမားZsolt Nagyအပေါ် ဧရိယာတွင်းဆွဲလှဲခဲ့သလိုဖြစ်ခဲ့တဲ့

ပြစ်ဒဏ်အတွက်ရရှိတဲပယ်နယ်တီကတဆင့် လိုင်ဇစ်စတား ဒိုမီနစ်ခ် ဆိုဘော့ဇ်စလိုင်းက ပစ်ဖိုဒ်ရဲ့ညာထောင့်ထဲကို အနိမ့်ကန်သွင်းကာ ပွဲချိန်၆၆မိနစ်မှာ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ အသင်းကြီးတွေဖြစ်တဲ့ ဂျာမနီနဲ့အီတလီတို့ပါဝင်နေသေးတဲ့ အုပ်စု၃မှာ အားအနည်းဆုံးလို့ဆိုရမဲ့ ဟန်ဂေရီတို့ကို အရေးနိမ့်ခဲ့ခြင်းဟာ အင်္ဂလန်တို့အတွက် အထိနာခဲ့ပြီး နောက်ပွဲစဉ်တွေအတွက် ဖိအားများသွားခဲ့ရပြီဖြစ်ပါတယ်။

ဟန်ဂေရီတို့ဟာ ဒီပွဲအနိုင်ရလဒ်ကြောင့် ၁၉၆၂ခုနှစ်က ဖီဖာကမ္ဘာ့ဖလားနောက်ပိုင်း အင်္ဂလန်ကိုမနိုင်ဖူးတဲ့ စံချိန်ကိုချိုးဖျက်သွားနိုင်ခဲ့ပြီး သူတို့နောက်ဆုံးအနိုင်ရခဲ့စဉ်အချိန်တုန်းက အင်္ဂလန်နည်းပြဆောက်ဂိတ်မွေးဖို့အတွက် ၈နှစ်နဲ့၉၅ရက်လိုသေးတယ်လို့ optaကအတိအကျဖော်ပြသွားခဲ့ပါတယ်။ ယခုပွဲအနိုင်ကြောင့် အဆိုပါအချိန်ကနေ ယနေ့တိုင် ၁၅ပွဲဆုံတွေ့ခဲ့သမျှ အနိုင်မရခဲ့ဖူးတဲ့ သမိုင်းမှတ်တမ်းဆိုးကို ဟန်ဂေရီတို့ပြန်လည်ချေဖျက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆောက်ဂိတ်အတွက်တော့ အင်္ဂလန်နည်းပြဘဝမှာ နေးရှင်းလိဂ်က အိပ်မက်ဆိုးဖြစ်နေခဲ့ပြီးသူ့ရဲ့လက်ထက်၁၁ပွဲအရှုံးမှာ နေးရှင်းလိဂ်မှာချည်း ၅ပွဲရှုံး​ထားခဲ့တာလဲဖြစ်ပါတယ်။ ပွဲအပြီးမှာ ဆောက်ဂိတ်က “အပူချိန်ကလဲ အကြောင်းအရာတခုဖြစ်စေခဲ့ပါတယ်။ ဒါက ကစားသမားတွေကို အင်အားအများအပြားကုန်ဆုံးစေခဲ့ပါတယ်။ ကျနော်သူတို့အပေါ်မှာ အပြစ်တင်မကြိမ်းမောင်းချင်ပါဘူး။ ဒီလိုကစားပွဲတွေကနေ ကျနော်တို့ ပြန်လည်သင်ယူတတ်ကြဖို့လိုအပ်ပါတယ် ။” လို့ပြောကြားသွားခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ ဆွီဒင်နည်းပြကြီး အဲရစ်ဆင်နောက်ပိုင်းမှာ ဝက်စ်ဟမ်းကစားသမား၃ဦးကို လက်ရွေးစင်ပွဲဦးထွက်ကစားခွင့်ပေးခဲ့တဲ့ ပထမဆုံးသောနည်းပြလဲဖြစ်လာခဲ့ပါတယ်။ ဒီပွဲမှာ ပထမဆုံးပွဲထွက်ခဲ့တဲ့ ဘိုဝင်အပါအဝင် ဒီကလန်ရိုက်စ်၊ ခရက်စ်ဝဲလ်တို့ကို သူက လက်ရွေးစင်အဖြစ်ရွေးချယ်ခဲ့သူဖြစ်ပြီး အဲရစ်ဆင်တုန်းကတော့ ကာရစ်၊ဂျိုးကိုးနဲ့ဆင်ကလဲယားတို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ZAWGYI: နေးရှင်းလိဂ်အေအုပ်စု၃ရဲ့ အဖွင့်ပွဲစဉ်တပွဲဖြစ်တဲ့ ဟန်ဂေရီနဲ့အင်္ဂလန်တို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်အသင်းဗျူဟာမြောက်ကစားပုံအောက်မှာ ခြင်္သေ့တို့လက်မြှောက်ခဲ့ရပြီး ပွတ်ရှ်ကက်စ်အရီနာမှာ ၁-ဝနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ မေဆင်မောင့်၊ကိန်း၊ဘိုဝင်တို့ရဲ့တိုက်စစ်အတွဲအဖက်မှာ လိုအပ်ချက်တွေရှိနေခဲ့တဲ့ ဆောက်ဂိတ်ရဲ့အသင်းမှာ ဆာကာ၊ဂရီယာလစ်ချ်၊ကယ်လ်ဗင်ဖိလစ်တို့ဝင်ရောက်လာခဲ့ပေမဲ့လဲ အိမ်ရှင်တို့ရဲ့မာကျောတဲ့ကစားပုံအောက်အရာမထင်ဖြစ်ခဲ့ရပါတယ်။