မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်းဟာ ညက ကစားသွားခဲ့တဲ့ လီဗာပူးလ်နဲ့ ကွန်မြူနဒီ ဒိုင်းပွဲစဥ်မှာ ပွဲစဥ်တစ်ခုလုံးမှာ ဘောလုံး ထိချက် ၈ ချက်သာ ရှိခဲ့တယ်လို့ ဘောလုံးသတင်းအချက်အလတ်နဲ့ ဝတ်ဆိုက်ဒ်တွေကနေ ဖော်ပြလာခဲ့ပါတယ်။ အာနိုး၊ ဆာလာ ၊ နူနက်တို့ရဲ့ သွင်းဂိုးတွေနဲ့ လီဗာပူးလ်တို့ဟာ မန်စီးတီးကို အနိုင်ရခဲ့တာ ဖြစ်ပြီး မန်စီးတီးအတွက် တလုံးထဲသော ခြေပဂိုးကိုတော့ ကစားသမားသစ် အဲဗာရက်က ပွဲကစားချိန် မိနစ် ၇၀ မှာ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်သာ ရှိသေးတဲ့ဟာလန်းဟာ လက်ရှိနွေစျေးကွက်ထဲမှာမှ ဒေါ့မွန်အသင်းထံကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဂွာဒီယိုလာအတွက် တိုက်စစ်မှာ အားထားရမယ့် သူအဖြစ် မျှော်လင့်ခံထားရတဲ့ သူပဲ ဖြစ်ပါတယ်။ ဆဲလ်ဘတ်နဲ့ ဒေါ့မွန်အသင်းတွေမှာ မြင့်မားလှတဲ့ ဂိုးသွင်းစွမ်းရည်တွေ ပြသထားခဲ့တာဖြစ်ပြီး ဘောလုံးလောကမှာ အကောင်းဆုံး နံပါတ် ၉ တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်လာဖို့အထိ ထင်ကြေးပေးခံထားရတဲ့သူလည်းပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ်ဘောလုံးလောကမှာ အခြေကျ အံဝင်ဖို့ဆိုရင်တော့ ဟာလန်းအတွက် အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ဆိုင်းရမယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ပှဲကစားခြိနျ ပထမပိုငျး ၄၅ မိနဈမှာဆိုရငျ ဟာလနျးအနနေဲ့ တောတြောလြေး ရုနျးကနျနခေဲ့ရတာကိုတှေ့မွငျခဲ့ရပါတယျ။ မာတဈနဲ့ ဗနျဒိုကျတို့ရဲ့ ထိနျးခြုပျမှုအောကျမှာ ရောကျနခေဲ့ပွီး ပါတယျလို့တောငျမထငျခဲ့ရတဲ့ အထိ ဖွဈခဲ့တာပါ။

ဒီလိုမျိုး လူကပ် ထိန်းချုပ်မှု ခံခဲ့ရပေမဲ့ အပိုင်ဂိုးသွင်းခွင့်တွေကိုတော့ ဟာလန်းတစ်ယောက် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးတွေကိုတော့ ဟာလန်းတစ်ယောက် အံ့အားသင့်စရာ ကောင်းလောက်အောင်ကို လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးရဲ့ ပရိသတ်တွေကတောင် ဟာလန်းရဲ့ ခြေစွမ်းတွေက အထင်ကြီးစရာ တစ်ခုမှကို မရှိဘူးလို့ ဝေဖန်ပြောကြားခဲ့ကြသေးတာ ဖြစ်ပါတယ်။ ပရိသတ်အများစုက ပရီးမီးယားလိဂ်ဆိုတာ ဟာလန်းတခါမှ မကြုံဖူးတဲ့ ခက်ခဲ လိဂ်တစ်ခု ဖြစ်တယ်ဆိုတာ သဘောပေါက်သွားလောက်ပြီ လို့ မှတ်ချက်ပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက်၊ မာတစ်တို့ရဲ့ ထိန်းချုပ်ကစားမှုနဲ့အတူ ဟာလန်းဟာ ပွဲချိန်အတွင်း ဘောလုံးထိချက် ၈ ကြိမ်သာ ရှိခဲ့ပြီး သူဝတ်ဆင်ထားတဲ့ ကျောနံပါတ် ၉ ထက်တောင် ဘောလုံးထိချက် နည်းပါးနေခဲ့တာလည်းပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ဟာလန်းဟာ ပွဲချိန်အတွင်း အပိုင်အခွင့်အရေးတချို့ကို အံ့အားသင့်စရာ ကောင်းလောက်အောင် လွဲချော်ခဲ့သလို ဘောလုံးအထိန်းအသိမ်းတွေမှာလည်း တော်တော်လေးကို မသေမသပ် ဖြစ်နေခဲ့တာကို တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ ဘောလုံးအထိန်းအသိမ်းနဲ့ ပတ်သက်ရင် ဝေဖန်ခံခဲ့ရတဲ့ မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူကာကူနဲ့တောင် နှိုင်းယှဥ်ပြီး ဝေဖန်ပြောဆိုမှုတွေကိုပါ ဟာလန်းတစ်ယောက် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဆိုတော့ ဟာလန်းအတွက် မန်စီးတီးနဲ့ စတင်မှုဟာ အခြေအနေမကောင်းခဲ့ပဲ စိတ်ပျက်စရာ ကြုံခဲ့ရပေမဲ့ မန်စီးတီး နည်းပြ ဖြစ်သူ ဂွာဒီယိုလာကတော့ ဟာလန်းရဲ့ ခြေစွမ်းအပေါ် စိုးရိမ်စရာ မရှိဘူးလို့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI: မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်းဟာ ညက ကစားသွားခဲ့တဲ့ လီဗာပူးလ်နဲ့ ကွန်မြူနဒီ ဒိုင်းပွဲစဥ်မှာ ပွဲစဥ်တစ်ခုလုံးမှာ ဘောလုံး ထိချက် ၈ ချက်သာ ရှိခဲ့တယ်လို့ ဘောလုံးသတင်းအချက်အလတ်နဲ့ ဝတ်ဆိုက်ဒ်တွေကနေ ဖော်ပြလာခဲ့ပါတယ်။ အာနိုး၊ ဆာလာ ၊ နူနက်တို့ရဲ့ သွင်းဂိုးတွေနဲ့ လီဗာပူးလ်တို့ဟာ မန်စီးတီးကို အနိုင်ရခဲ့တာ ဖြစ်ပြီး မန်စီးတီးအတွက် တလုံးထဲသော ခြေပဂိုးကိုတော့ ကစားသမားသစ် အဲဗာရက်က ပွဲကစားချိန် မိနစ် ၇၀ မှာ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်သာ ရှိသေးတဲ့ဟာလန်းဟာ လက်ရှိနွေစျေးကွက်ထဲမှာမှ ဒေါ့မွန်အသင်းထံကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဂွာဒီယိုလာအတွက် တိုက်စစ်မှာ အားထားရမယ့် သူအဖြစ် မျှော်လင့်ခံထားရတဲ့ သူပဲ ဖြစ်ပါတယ်။ ဆဲလ်ဘတ်နဲ့ ဒေါ့မွန်အသင်းတွေမှာ မြင့်မားလှတဲ့ ဂိုးသွင်းစွမ်းရည်တွေ ပြသထားခဲ့တာဖြစ်ပြီး ဘောလုံးလောကမှာ အကောင်းဆုံး နံပါတ် ၉ တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်လာဖို့အထိ ထင်ကြေးပေးခံထားရတဲ့သူလည်းပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ်ဘောလုံးလောကမှာ အခြေကျ အံဝင်ဖို့ဆိုရင်တော့ ဟာလန်းအတွက် အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ဆိုင်းရမယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ပှဲကစားခြိနျ ပထမပိုငျး ၄၅ မိနဈမှာဆိုရငျ ဟာလနျးအနနေဲ့ တောတြောလြေး ရုနျးကနျနခေဲ့ရတာကိုတှေ့မွငျခဲ့ရပါတယျ။ မာတဈနဲ့ ဗနျဒိုကျတို့ရဲ့ ထိနျးခြုပျမှုအောကျမှာ ရောကျနခေဲ့ပွီး ပါတယျလို့တောငျမထငျခဲ့ရတဲ့ အထိ ဖွဈခဲ့တာပါ။

ဒီလိုမျိုး လူကပ် ထိန်းချုပ်မှု ခံခဲ့ရပေမဲ့ အပိုင်ဂိုးသွင်းခွင့်တွေကိုတော့ ဟာလန်းတစ်ယောက် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးတွေကိုတော့ ဟာလန်းတစ်ယောက် အ့ံအားသင့်စရာ ကောင်းလောက်အောင်ကို လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးရဲ့ ပရိသတ်တွေကတောင် ဟာလန်းရဲ့ ခြေစွမ်းတွေက အထင်ကြီးစရာ တစ်ခုမှကို မရှိဘူးလို့ ဝေဖန်ပြောကြားခဲ့ကြသေးတာ ဖြစ်ပါတယ်။ ပရိသတ်အများစုက ပရီးမီးယားလိဂ်ဆိုတာ ဟာလန်းတခါမှ မကြုံဖူးတဲ့ ခက်ခဲ လိဂ်တစ်ခု ဖြစ်တယ်ဆိုတာ သဘောပေါက်သွားလောက်ပြီ လို့ မှတ်ချက်ပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။