ချဲလ်ဆီး ဟာ ခံစစ် အင်အား ဖြည့်တင်းနိုင်ဖို့ အတွက် ကမ်ပမ်ဘီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်သည့်တိုင်အောင် ၊ နာပိုလီ ခံစစ်မှုး ကူလီဘယ်လီ ကို ခေါ်ယူဖို့ အတွက်လဲ တရားဝင် ချဉ်းကပ်လျှက် ရှိနေပါတယ်။ သောမတ် တူချယ် က လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ခံစစ် ကစားသမား 3 ယောက် အထိ ဖြည့်တင်းဖို့ ကို မျှော်လင့်ထားတာပါ။ ဒါကြောင့်လဲ ပူးတွဲ ပိုင်ရှင် ဘိုလီ ဟာ ဆီနီဂေါ ခံစစ်မှုး ကူလီဘယ်လီ ကို ခေါ်ယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေကို ဦးဆောင် လျှက်ရှိနေပါတယ်။

မန်စီးတီး က နယ်သာလန် ခံစစ်မှုး နေသန် အကီ နဲ့တော့ စာချုပ် ဆိုင်ရာ ကိစ္စရပ်တွေကို ကြိုတင် သဘောတူညီမှု ရယူထားပြီးပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ် ကစားသမားနဲ့ အမိအရ လက်တွဲပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမယ့် အနေအထားမျိုး ရောက်နေပါပြီ။ ကူလီဘယ်လီ နဲ့ အကီ တို့နှစ်ယောက် ကို ခေါ်ယူဖို့ အခြေနေကောင်းတွေ ရှိနေပြီ ဖြစ်သည့်တိုင်အောင် ၊ ချဲလ်ဆီး ဟာ တူချယ် ရဲ့ ပီအက်စ်ဂျီ က တပည့် ကမ်ပမ်ဘီ ကို စိတ်ဝင်စားနေဆဲဖြစ်သလို ၊ ဆီဗီလာ ခံစစ်မှုး ကွန်ဒီ ကလဲ သူတို့ရဲ့ ဆန်ကာတင် စာရင်းမှာ ရှိနေဆဲ ဖြစ်ပါတယ်။

အစောပိုင်းမှာ ယူဗင်တပ် အသင်းက ဒီလစ် ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ၊ နောက်ပိုင်းမှ ဝင်ရောက်လာတဲ့ ဘိုင်ယန် မြူးနစ် အသင်းက အပြီးသတ် ခေါ်ယူနိုင်ဖို့ ခြေလှမ်းသာနေတာကြောင့် ၊ ချဲလ်ဆီး တာဝန်ရှိသူတွေဟာ ကူလီဘယ်လီ ဘယ်ကို မြှားဦးလှည့်ခဲ့တာလို့ နားလည်ရပါတယ်။ ကူလီဘယ်လီ နဲ့ နာပိုလီတို့ အကြား ချုပ်ဆို ထားတဲ့ စာချုပ်သက်တမ်းဟာ 1 နှစ် ဝန်းကျင်ပဲ ကျန်တော့သာ ဖြစ်ပြီး ၊ ပြောင်းရွှေ့ကြေး ပေါင် 34 သန်း ဝန်းကျင်နဲ့ အပြီးသတ် သဘောတူညီမှု ရယူနိုင်ဖွယ် ရှိနေတယ်လို့ နှစ်ဖက် တာဝန်ရှိသူတွေက ရှုမြင်ထားကြပါတယ်။

ချဲလ်ဆီး ဟာ ဝါရင့် ခံစစ်မှုးကြီးကို 5 နှစ် စာချုပ် အထိတောင် ကမ်းလှမ်းပေးဖွယ် ရှိနေပါတယ်။ တကယ်လို့ နာပိုလီ ခံစစ်မှုးသာ စတမ်းဖို့ဒ် ဘရစ်ချ် ကို ရောက်လာခဲ့ရင် ၊ ဂိုးသမား မန်ဒီ အတွက်တော့ နိုင်ငံ့ လက်ရွေးစင် အသင်းဖော် တစ်ဦးနဲ့ ပြန်လည်ဆုံစည်းခွင့် ရရှိမှာလဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အကီ ရဲ့ ပြောင်းရွှေ့ကြေး ပမာဏ ကိုလဲ မန်စီးတီး နဲ့ သဘောတူညီမှု ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ချဲလ်ဆီး ဟာ ရူဒီဂါ နဲ့ ခရစ္စတန်ဆန် တို့ရဲ့ နေရာကို အကီ ၊ ကူလီဘယ်လီ တို့နဲ့ အစားထိုးမှာ ဖြစ်ပြီး ၊ နောက်ထပ် ပစ်မှတ်တွေကိုလဲ ဆက်လက် ခေါ်ယူနိုင်ဖို့ လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ ဆက်စပ် သတင်းတွေ ကို ပြောရရင် အနာဂတ် မသေချာမှုတွေကြောင့် အမေရိကား ခရီးစဉ် ကို မလိုက်ပဲ လန်ဒန်မှာ ကျန်ခဲ့တဲ့ လူငယ် တိုက်စစ်မှုး ဘရော့ဂျာ ဟာ မကြာခင်မှာပဲ အသင်းရဲ့ ရာသီ အကြို ပြင်ဆင်မှု ခရီးစဉ် ကို လိုက်ပါ ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

အယ်ဘေးနီးယား တိုက်စစ်မှုးလေး ကို ခေါ်ယူဖို့ အတွက် အဲဗာတန် ၊ ဝက်စ်ဟမ်း အသင်းတို့က စိတ်ဝင်စားနေပေမယ့် ၊ ချဲလ်ဆီး က သူ့ရဲ့ အနာဂတ် နဲ့ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်ချက် ချမှတ်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆောက်သမ်တန် အသင်းဆီ တရာသီ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး နောက်ပိုင်း ၊ ပရီးမီးယားလိဂ် ခံစစ် တော်တော်များများ ကို ဒုက္ခပေးနိုင်ခဲ့တာ ဖြစ်လို့ ၊ သူ့ရဲ့ ခြေစွမ်းပေါ် ချဲဆီး ကလဲ စမ်းသပ်ကြည့်ချင်သေးတာပါ။

ZAWGYI: ချဲလ်ဆီး ဟာ ခံစစ် အင်အား ဖြည့်တင်းနိုင်ဖို့ အတွက် ကမ်ပမ်ဘီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်သည့်တိုင်အောင် ၊ နာပိုလီ ခံစစ်မှုး ကူလီဘယ်လီ ကို ခေါ်ယူဖို့ အတွက်လဲ တရားဝင် ချဉ်းကပ်လျှက် ရှိနေပါတယ်။ သောမတ် တူချယ် က လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ခံစစ် ကစားသမား 3 ယောက် အထိ ဖြည့်တင်းဖို့ ကို မျှော်လင့်ထားတာပါ။ ဒါကြောင့်လဲ ပူးတွဲ ပိုင်ရှင် ဘိုလီ ဟာ ဆီနီဂေါ ခံစစ်မှုး ကူလီဘယ်လီ ကို ခေါ်ယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေကို ဦးဆောင် လျှက်ရှိနေပါတယ်။