ယူနိုက်တက် အသင်း တာဝန်ရှိသူတွေက အေဂျက်နည်းပြ တန်ဟတ်ကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးချိန်မှာ တန်ဟတ်ဟာ သူ့ရဲ့ လက်ထောက်နည်းပြနေရာအတွက် မန်ယူနိုက်တက် ကစားသမားဟောင်း ဗန်ပါစီကို ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗန်ပါစီကတော့ မန်ယူနိုက်တက်ကို နည်းပြအဖွဲ့ဝင်တစ်ယောက်အဖြစ် ပြန်လာရမယ့် အခြအနေတစ်ခုကို လက်လွှတ်ခဲ့ပြီး တန်ဟတ်ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်သွားခဲ့ပါတယ်။

ဗန်ပါစီ အနေနဲ့ မန်ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပြီး ဖီရင်နု အသင်းရဲ့ လူငယ်အသင်းနည်းပြအဖြစ်သာ ဆက်လတ်တာဝန်ယူဆောင်ရွက်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပြီး၊ ဘာကြောင့် မန်ယူနိုက်တက်ကို ငြင်းပယ်ခဲ့ရတာလည်းဆိုတာကိုတော့ ပြောပြသွားခဲ့ပါတယ်။ ဗန်ပါစီက ” ကျွန်တော် မန်ယူနိုက်တက် ပရိသတ်တွေဆီကနေ ကြီးမားတဲ့ လေးစားမှုတွေ ရခဲ့ပါတယ်၊ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ မန်ယူနိုက်တက်မှာ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပြီးတဲ့နောက် ကျွန်တော် ဖီနာဘာချီကိုပြောင်းရွှေ့ခဲ့ပါတယ်၊

ဖီနာဘာချီကို ရောက်ခဲ့ပြီးတဲ့နောက် အိုးထရက်ဖို့ဒ်ကို မန်ယူနိုက်တက်ရဲ့ ပြိုင်ဘက် အနေနဲ့ ပြန်လာခဲ့ရပါတယ်၊ အဲ့ဒီအချိန်ထိကို မန်ယူနိုက်တက် ပရိသတ်တွေ ချစ်ခင်အားပေးမှုတွေကို ကျွန်တော် ရရှိနေဆဲ ဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်၊ ဖီနာဘာချီအသင်းကြီးရဲ့ နည်းပြ ဒစ်အက်ဗိုကတ်က ကျွန်တော့်ကို ပြောခဲ့တာ ရှိပါတယ်၊ မင်းရဲ့ လက်ကျန် ဘဝတစ်ခုလုံးမှာ ယူနိုက်တက် ပရိသတ်တွေက မင်းကိုတန်ဖိုးထားကြလိမ့်မယ်တဲ့၊ သူပြောတာ မှန်ခဲ့ပါတယ်၊

အင်္ဂလန်မှာ နေရတာ တကယ်ကောင်းပါတယ်၊ လူတွေက ချစ်ခင်နွေးထွေးကြပါတယ်၊ ဒါပေမဲ့ လက်ရှိ အချိန်မှာ ကျွန်တော်သားနဲ့ သမီးက အရေးကြီးပါတယ်၊ လန်ဒန်မှာ အာဆင်နယ် အတွက် ကစားပေးတုန်းကလည်း ကျွန်တော် အိမ်(၅)ကြိမ် ပြောင်းခဲ့ရပါတယ်၊ မန်ချက်စတာနဲ့ အစ္စတန်ဘူမှာလည်း နေခဲ့ရတယ်၊ အခုချိန်မှာတော့ ကလေးတွေအတွက် ကောင်းတာလုပ်ဖို့ စဉ်းစားထားပါတယ်၊ နေရာတစ်ခုမှာ တည်ငြိမ်မှု ရှိအောင်နေထိုင်တာက ပိုကောင်းမယ်လို့ ခံစားမိပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဗန်ပါစီ အနေနဲ့ မန်ယူနိုက်တက်မှာ လက်ထောက်နည်းပြ အဖြစ်လုပ်ဆောင်ဖို့ တာဝန်ကို သူ့ရဲ့ ကလေးတွေနဲ့ အနာဂတ်အခြေအနေတွေ ကြောင့် ငြင်းပယ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဗန်ပါစီဟာ မန်ယူနိုက်တက် ကစားသမားအဖြစ် (၂၀၁၂-၁၃)၊ (၂၀၁၃-၁၄)နဲ့ (၂၀၁၄-၁၅) ဘောလုံးရာသီတွေမှာ (၃)ရာသီကြာ ကစားခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ (၁၀၅)ပွဲကစားခဲ့ပြီး သွင်းဂိုး (၅၈)ဂိုး သွင်းယူပေးခဲ့ပါတယ်။

အာဆင်နယ်မှာ (၈)နှစ်ကြာ ကစားခဲ့ပေမဲ့ ပရီးမီးယားလိဂ်ဖလား မရခဲ့တဲ့ ဗန်ပါစီဟာ မန်ယူနိုက်တက်မှာ ဖာဂူဆန်နဲ့ အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်တဲ့ ကစားသမား ဘဝကို တည်ဆောက်နိုင်ခဲ့သူဖြစ်ပါတယ်။ မန်ယူနိုက်တက် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားခဲ့တဲ့ သူလည်း ဖြစ်ခဲ့ပြီး တန်ဟတ်က သူ့ရဲ့ လက်ထောက်နည်းပြ အဖြစ်လုပ်ကိုင်ဖို့ ကမ်းလှမ်းချိန်မှာ ပရိသတ်တွေကလည်း အသင်းဆီ ပြန်လာစေချင်ခဲ့ကြပေမဲ့ ဗန်ပါစီကတော့ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဗန်ပါစီဟာ ဖီရင်နု အသင်းရဲ့ လူငယ်အသင်းမှာ လူငယ်နည်းပြအဖွဲ့ ဝင်တစ်ယောက် အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိနေပါတယ်။

ZAWGYI: ယူနိုက်တက် အသင်း တာဝန်ရှိသူတွေက အေဂျက်နည်းပြ တန်ဟတ်ကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးချိန်မှာ တန်ဟတ်ဟာ သူ့ရဲ့ လက်ထောက်နည်းပြနေရာအတွက် မန်ယူနိုက်တက် ကစားသမားဟောင်း ဗန်ပါစီကို ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗန်ပါစီကတော့ မန်ယူနိုက်တက်ကို နည်းပြအဖွဲ့ဝင်တစ်ယောက်အဖြစ် ပြန်လာရမယ့် အခြအနေတစ်ခုကို လက်လွှတ်ခဲ့ပြီး တန်ဟတ်ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်သွားခဲ့ပါတယ်။