ချဲလ်ဆီးကတော့ လမ်းပတ်ကို ၃ မှတ်ပေးခဲ့ပြီးအ ဝေးကွင်းမှာ အရေးနိမ့်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီပွဲမှာ သူတို့အားသာတဲ့ ၃-၄-၁-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဝါနာ၊ မစ်ဆန်မောင့်၊ ကိုင်ဟာဗက်ဇ်တို့ကိုတွဲပေးခဲ့ပြီး ကွင်းလယ်မှာတော့ လော့တပ်ချပ်စ်နဲ့ ဂြောျ၈ငြျဟို အတွဲကို အသုံးပြုခဲ့ပါတယ်။ အလွန်ဆိုနဲ့ ရီစီဂျိမ်းစ်တို့ကို Full back တွေအဖြစ် သုံးခဲ့ပြီး နောက်တန်းမှာတော့ ရူဒီဂါ၊ဆေးလ်ဗား၊ အက်ပီကျူတာတို့ကို ကစားစေခဲ့တာပါ။

အိမ်ရှင်အဲဗာတန်ဟာ ၅-၄-၁ ကစားကွက်နဲ့ လီဗာပူးကို ရင်ဆိုင်ခဲ့တုန်းက ကစားကွက်အတိုင်း အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ရီချာလီဆန်ကို အထောင်ထားကာ ဂါရေး၊ ဒူကိုရီ၊ ဂေါ်ဒွန်၊ အီဝိုဘီ၊ မိုင်ကိုလန်ကို ကိုးမန်း၊ဟိုလ်ဂိတ်၊ မီနာတို့ရဲ့ စုဖွဲ့မှုနဲ့ ချဲလ်ဆီးကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ တန်းဆင်းဇုန်ဖိအားရှိနေတဲ့ အဲဗာတန်ဟာ ဒီပွဲမှာ မာမာထန်ထန်၊ ခပ်ကြမ်းကြမ်းနဲ့ ချဲလ်ဆီးကို တုံ့ပြန်သွားခဲ့ပါတယ်။ ဒါကြောင့် အဲဗာတန်ရဲ့ ခပ်မာမာတုံ့ပြန်ပုံကြောင့် ချဲလ်ဆီးတို့ ကစားရခက်နေခဲ့ပြီး ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာယူထားရုံကလွဲရင် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။

ချဲလ်ဆီးကွင်းလယ်က လော့တပ်ချပ်စ်နဲ့ ဂျော်ဂျင်ဟိုတို့ရဲ့ ကွင်းလယ်ပိုင်းက ဖန်တီးမှုပိုင်းအားနည်းနေခဲ့ပြီး ဝါနာ၊ ကိုင်ဟာဗက်ဇ်တို့ရဲ့ တိုးအား၊ ရုန်းအားတွေကလည်း အရာမထင်ခဲ့ပါဘူး။ အဲဗာတန်ကတော့ ပထမပိုင်းမှာခံစစ်သပ်သပ် ကစားသွားခဲ့ပြီး အဝါကတ်တေါ ပလူပျံနေခဲ့ပါတယ်။ ဒုတိယပိုင်းပွဲစစချင်း ၄၆ မိနစ်မှာတော့ အဲဗာတန်တို့ မထင်မှတ်ထားတဲ့ အနေအထားကနေ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ အက်ပီကျူတာဆီက ဘောလုံးကို ရီချာလီဆန်နဲ့ ဂါရေးတို့က အကောင်းဆုံးဖြတ်ယူနိုင်ခဲ့ပြီး ရီချာလီဆန်က လှလှပပ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက်မှာလည်း ချဲလ်ဆီးရဲ့ တိုက်စစ်ကစားပုံကတက်လာခဲ့ခြင်း မရှိဘဲ ဘောလုံးပိုင်ဆိုင်မှု အသာရရုံကလွဲလို့ ကွင်းလယ်မှာ ဘောလုံးက အိုင်နေခဲ့ပါတယ်။ အဲဗာတန်ကတော့ဂိုးပေးလိုက်ရပြီးနောက်မှာ ခံစစ်ကို ပိုမိုအာရုံစိုက်ခဲ့ပြီး ချဲလ်ဆီးတိုက်စစ်ကို ဘယ်လိုအခွင့်အရေးမှ မပေးခဲ့ပါဘူး။ ၅၈ မိနစ်မှာ မစ်ဆန်မောင့်ရဲ့ မြေထောက်ကန်သွင်းချက် လှပခဲ့ပေမဲ့ တိုင်နှစ်တိုင်ထိပြီး ထွက်ကာ ဂိုးကံခေနေခဲ့ရပါတယ်။

အဲဒီနောက် ချဲလ်ဆီးတို့ ဝက်စ်ဟမ်းနဲ့ပွဲတုန်းကအတိုင်း ပူလီဆစ်၊ ဇီးယက်ချ်တို့ကို ထည့်သွင်းပြီးတိုက်စစ်ပိုင်း အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီး ကစားပုံ အေးစက်စက်နိုင်နေဆဲဖြစ်ပြီး ထင်သလောက် ကစားပုံ မတက်လာခဲ့ပါဘူး။ ၇၆ မိနစ်ဝန်းကျင်မှာ လော့တပ်ချပ်စ်က အဝေးကန်ချက် ကောင်းမွန်ခဲ့ပေမဲ့ အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီးမိနစ်တွေမှာ အသင်းနှစ်သင်းရဲ့ ကစားပုံက ပိုမိုအကြတ်အနယ်ရှိလာခဲ့ပြီး ချဲလ်ဆီးရဲ့ထိုးဖောက်မှုတွေက ပိုမိုထိရောက်လာခဲ့သလို အဲဗာတန်ရဲ့ တန်ပြန်တိုက်စစ်တွေကလည်း ချဲလ်ဆီးနောက်တန်းနဲ့ ဂိုးသမား မန်ဒီတို့ကို အလုပ်ရှုပ်စေခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာ ချဲလ်ဆီးရဲ့ တိုက်စစ်ဆင်မှုတွေက ရင်ခုန်စရာကောင်းခဲ့ပြီး ကိုဗာဆစ် အပိုင်ကန်ခွင့်ရခဲ့ပေဲ့ ဒီတစ်ကြိမ်မှာလည်း ပစ်ဖို့ဒ် ကာကွယ်ခဲ့ပါတယ်။ ချဲလ်ဆီးတို့ ပွဲပြီးဆုံးချိန်အထိ ချေပဂိုးပြန်သွင်းနိုင်ချေ မရှိလို့အိမ်ရှင်အဲဗာတန်က အဖိုးတန်အနိုင် ၃ မှတ်ကို ရခဲ့ပါတယ်။

ZAWGYI: ချဲလ်ဆီးကတော့ လမ်းပတ်ကို ၃ မှတ်ပေးခဲ့ပြီးအ ဝေးကွင်းမှာ အရေးနိမ့်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီပွဲမှာ သူတို့အားသာတဲ့ ၃-၄-၁-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဝါနာ၊ မစ်ဆန်မောင့်၊ ကိုင်ဟာဗက်ဇ်တို့ကိုတွဲပေးခဲ့ပြီး ကွင်းလယ်မှာတော့ လော့တပ်ချပ်စ်နဲ့ ဂြောျ၈ငြျဟို အတွဲကို အသုံးပြုခဲ့ပါတယ်။ အလွန်ဆိုနဲ့ ရီစီဂျိမ်းစ်တို့ကို Full back တွေအဖြစ် သုံးခဲ့ပြီး နောက်တန်းမှာတော့ ရူဒီဂါ၊ဆေးလ်ဗား၊ အက်ပီကျူတာတို့ကို ကစားစေခဲ့တာပါ။