လတ်တလောထွက်ပေါ်လာတဲ့သတင်းတွေအရ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အိုင်းယက်စ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး အန်တိုနီကို ခေါ်ယူတော့မှာဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်တောင်ပံတိုက်စစ်မှူးအနေနဲ့ ဆာအို ပါအူလိုအသင်းကနေ ၂၀၂၀ ပြည့်နှစ်တုန်းက အိုင်းယက်စ်အသင်းကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း အဲရစ် တန်ဟာ့ဂ်ရဲ့လက်အောက်မှာ အလျင်အမြန်ပဲ အသင်းရဲ့ အဓိက,ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အန်တိုနီအနေနဲ့ ဒတ်ချ်ပြည်တွင်းအမှတ်ပေးချန်ပီယံဆုကို အိုင်းယက်စ်အသင်းနဲ့အတူ ရယူနိုင်ခဲ့ပြီး ၃၃ ပွဲကစားခဲ့ရာမှာ သွင်းဂိုး ၁၂ ဂိုးနဲ့အတူ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်မန်နေဂျာသစ်ဖြစ်လာခဲ့တဲ့ တန်ဟာ့ဂ်အနေနဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွက် အန်တိုနီကို ထိပ်တန်းပစ်မှတ်ကစားသမားအဖြစ် သတ်မှတ်ထားပြီး The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်အနေနဲ့ အဆိုပါတောင်ပံကစားသမားကို ခေါ်ယူဖို့အတွက် ကြိုးစားပြီးပြီဖြစ်ကြောင်း သိရပါတယ်။

အဆိုပါဖော်ပြချက်အရ ယူနိုက်တက်အသင်းရဲ့ ရာထူးအကြီးပိုင်းအချို့ကတော့ အန်တိုနီကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့အပြီးသတ်ခေါ်ယူဖို့အတွက် ကြိုးပမ်းနေပြီး အိုင်းယက်စ်အသင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမ်စတာဒမ်မြို့ကိုတောင် ရောက်ရှိနေကြပြီးဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဘရာဇီးလ်သားအနေနဲ့ တန်ဟာ့ဂ်ရဲ့ ယူနိုက်တက်မန်နေဂျာအဖြစ် ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာဖို့တောင် ရှိနေတာဖြစ်ပါတယ်။

တန်ဟာ့ဂ်ရဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့သွားဖို့အတွက် အတည်ပြုခဲ့ကြတုန်းက အန်တိုနီအနေနဲ့ ဒတ်ချ်နည်းပြကြီးကို ဗီဒီယိုတစ်ခုနဲ့ နှုတ်ဆက်သွားခဲ့ပြီး “ကျွန်တော်ကတော့ ခင်ဗျားရဲ့အသင်းသစ်မှာ အကောင်းဆုံးတွေချည်းဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။ ကျွန်တော့်ကို သင်ပေးသမျှအတွက်လည်း ကျေးဇူးတင်ချင်ပါတယ်။ နေ့တိုင်း သင်ယူနိုင်မယ့် အခွင့်အရေးတွေပေးခဲ့တာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်”

“တကယ်လို့များ ခင်ဗျားသာ ကျွန်တော့်ကို လိုအပ်မယ်ဆိုရင် ခင်ဗျားဘက်က အမြဲတမ်းရပ်တည်ပေးနေမှာပါ”လို့ ပြောကာ နှုတ်ဆက်စကားပါးသွားခဲ့တာဖြစ်ပါတယ်။ တန်ဟာ့ဂ်ကတော့ တကယ်လို့များ အန်တိုနီကို ဒီနှစ်နွေရာသီမှာ ရောင်းချခဲ့မယ်ဆိုရင် အိုင်းယက်စ်အသင်းအနေနဲ့ သူ့နေရာကို အစားထိုးဖို့အတွက် ရုန်းကန်ရနိုင်ကြောင်း ဝန်ခံသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းက တန်ဟာ့ဂ်က “တကယ်လို့များ အန်တိုနီကို ထွက်ခွင့်ပေးလိုက်မယ်ဆိုရင် ဒါက အိုင်းယက်စ်အသင်းအတွက် ဆုံးရှုံးမှုတစ်ရပ်ပါပဲ။ သူတို့ရဲ့လက်ရှိလူစာရင်းမှာ သူ့ရဲ့နေရာကို တာဝန်ယူနိုင်ဖို့အတွက် ဘယ်သူမှရှိနေတာမဟုတ်ဘူး။ သူက ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမားတစ်ယောက်ပါ”လို့ ပြောသွားခဲ့ဖူးတာဖြစ်ပြီး လက်ရှိမှာတော့ ဆရာတပည့်တွေ ပြန်လည်ဆုံစည်းကြမှာလားဆိုတာ စောင့်ကြည့်ရမှာပါ။

ZAWGYI: လတ်တလောထွက်ပေါ်လာတဲ့သတင်းတွေအရ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အိုင်းယက်စ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး အန်တိုနီကို ခေါ်ယူတော့မှာဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်တောင်ပံတိုက်စစ်မှူးအနေနဲ့ ဆာအို ပါအူလိုအသင်းကနေ ၂၀၂၀ ပြည့်နှစ်တုန်းက အိုင်းယက်စ်အသင်းကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း အဲရစ် တန်ဟာ့ဂ်ရဲ့လက်အောက်မှာ အလျင်အမြန်ပဲ အသင်းရဲ့ အဓိက,ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။