မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူးဝစ္စဆာဟာက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၂၂-၂၀၂၃ခုနှစ် ဘောလုံးရာသီအတွင်း နည်းပြသစ် အဲရစ် တန်းဟဂ်ရဲ့ လက်အောက်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ သရဲနီတို့ဟာ လာမယ့် ဘောလုံးရာသီမှာ နယ်သာလန်သား နည်းပြရဲ့ လက်အောက်မှာ ခေတ်သစ်တခု စတင်ဖို့ ပြင်ဆင်နေပြီး၊ ဒီလို အပြောင်းအလဲ ကာလမှာ ရော်နယ်လ်ဒိုရဲ့ သက်ရောက်မှုဟာ ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ ရှိနေလိမ့်မယ်လို့ ဆာဟာက ပြောထားပါတယ်။

အသက် ၃၇နှစ်အရွယ် တိုက်စစ်မှူးဟာ ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဘောလုံးရာသီတခု ဖြတ်သန်းဖို့ ပြင်ဆင်ထားပြီး၊ သူဟာ မားကပ်စ် ရပ်ခ်ျဖို့ဒ်တို့လို ရုန်းကန်နေရတဲ့ ကစားသမားတွေ အတွက် လှုံ့ဆော်မှု ပေးနိုင်မှာ သေချာပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လာမယ့် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် ဒီပေါ်တူဂီသားဟာ အခြား ကစားသမားတွေ မလုပ်နိုင်တဲ့ နယ်ပယ်တခုမှာပါ သက်ရောက်မှု ရှိလိမ့်မယ်လို့ ဆာဟာက ယုံကြည်နေတာပါ။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရော်နယ်လ်ဒိုဟာ လာမယ့် ဘောလုံးရာသီမှာ ယူနိုက်တက် အတွက် ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမလားလို့ ပြင်သစ်သား တိုက်စစ်မှူးဟောင်း ဆာဟာကို မေးမြန်းခဲ့ရာ သူက အခုလို ပြန်ဖြေသွားခဲ့ပါတယ်။ “ရော်နယ်လ်ဒိုက လာမယ့် ဘောလုံးရာသီမှာ ယူနိုက်တက် အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမှာ သေချာပါတယ်။ အသင်းကို ပြန်လည် တည်ဆောက်ရာမှာ သူက သွင်းဂိုးတွေ သွင်းယူပေးရုံ သာမကပဲ၊ အခြား နေရာတခုကနေလည်း ပါဝင်ပါလိမ့်မယ်။”

“နောက်ပြီး အသင်းရဲ့ နည်းပြသစ်ဟာ ရော်နယ်လ်ဒိုနဲ့ ကိုက်ညီမယ့် စည်းမျဉ်းအသစ်တွေ၊ စံနှုန်းအသစ်တွေကို အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေမှာ သေချာပါတယ်။ အဲဒါတွေက ဖိအားပေး ကစားဟန်ကို အရမ်းကြီး အားပြုတာမျိုးတော့ သိပ်မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ရော်နယ်လ်ဒိုက အလုပ်အပေါ် ထားရှိတဲ့ သူ့ရဲ့ ကျင့်ဝတ်တွေကို လိုက်နာတတ်တဲ့သူ ဖြစ်ပြီး၊ အမြဲတမ်း တာဝန်ယူချင်စိတ် အပြည့်ရှိတဲ့ ကစားသမားမျိုးပါ။ ဒီအသင်းမှာ စွမ်းဆောင်ရည်အရ ကြည့်မယ်ဆိုရင်လည်း ရော်နယ်လ်ဒိုက အကောင်းဆုံးပဲလေ။”

“သူက အသင်းမှာ ယုံကြည်မှု ပျောက်ဆုံးနေတဲ့ ရပ်ခ်ျဖို့ဒ်တို့လို ကစားသမားတွေကို အကောင်းဆုံး ထိန်းကျောင်းပြီး ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိလာအောင် ကူညီပေး နိုင်ပါလိမ့်မယ်။ အဲဒီအချက်က အခြား ကစားသမားတွေထက် ပိုတဲ့ ရော်နယ်လ်ဒိုရဲ့ သက်ရောက်မှုပါ။ ယူနိုက်တက်ဟာ လာမယ့် ဘောလုံးရာသီမှာ နည်းပြအသစ်၊ စည်းမျဉ်းအသစ်၊ ကစားသမား အသစ်တွေနဲ့ အသင်းကို ပြန်လည် တည်ဆောက်တော့မှာ ဖြစ်တာကြောင့်၊ သူတို့ရဲ့ အသွင်သစ်တခုကို မြင်တွေ့ရဖို့ ကျွန်တော် အရမ်း စိတ်လှုပ်ရှားမိပါတယ်။”

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ စိတ်ပျက်စရာ အကောင်းဆုံး ဘောလုံးရာသီ တခုရဲ့ နောက်ကွယ်မှာ နည်းပြသစ် အဲရစ် တန်းဟဂ်နဲ့အတူ ခေတ်သစ်တခု စတင်ဖို့ ပြင်ဆင်နေပြီး၊ အပြောင်းအရွှေ့ စျေးကွက်မှာ ကစားသမားသစ် ကမ်းလှမ်းမှုတွေလည်း ပြုလုပ်နေပါတယ်။ သရဲနီတို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်၆ နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပြီး၊ နောက်ဆုံး ဘောလုံးရာသီ ၅ခုဆက်တိုက်မှာလည်း ဆုဖလား တလုံးတောင် ဆွတ်ခူးနိုင်ခြင်း မရှိခဲ့တာကြောင့် ပရိတ်သတ်တွေ အနေနဲ့ စိတ်ပျက်နေခဲ့တာ အမှန်ပါပဲ။ ဒါ့ကြောင့် ယူနိုက်တက်ဟာ လာမယ့် ဘောလုံးရာသီမှာ ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ ဆန္ဒပြင်းပြနေမှာ ဖြစ်ပြီး၊ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူတို့ရဲ့ အစီအစဉ်တွေမှာ အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်လာမှာပါ။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူးဝစ္စဆာဟာက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၂၂-၂၀၂၃ခုနှစ် ဘောလုံးရာသီအတွင်း နည်းပြသစ် အဲရစ် တန်းဟဂ်ရဲ့ လက်အောက်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ သရဲနီတို့ဟာ လာမယ့် ဘောလုံးရာသီမှာ နယ်သာလန်သား နည်းပြရဲ့ လက်အောက်မှာ ခေတ်သစ်တခု စတင်ဖို့ ပြင်ဆင်နေပြီး၊ ဒီလို အပြောင်းအလဲ ကာလမှာ ရော်နယ်လ်ဒိုရဲ့ သက်ရောက်မှုဟာ ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ ရှိနေလိမ့်မယ်လို့ ဆာဟာက ပြောထားပါတယ်။