မန်ချက်စတာယူနိုက်တက်ရဲ့ အလားအလာအကောင်းဆုံး လူငယ်ကြယ်ပွင့်နှစ်ယောက်ဖြစ်တဲ့ အယ်ဗာရိုဖာနန်ဒက်စ်နဲ့ ရှိုလာရှိုရီတိုင်းယားတို့ဟာ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ယူနိုက်တက်ဟာ မနေ့ကပဲ ရာသီကြိုခရီးစဉ်ကို ပထမအသင်းရဲ့ ပုံမှန်ကစားသမားများ၊ အကယ်ဒမီထွက်လူငယ်များနဲ့ ကစားသမားသစ် တိုင်ရယ်မာလာစီယာအပါအဝင် ကစားသမား ၃၁ ယောက်နဲ့ ထွက်ခွာခဲ့ပြီး ယနေ့မှာပဲ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒီခရီးမှာမပါဝင်တဲ့ ကစားသမားတစ်ချို့လည်း ရှိနေပါတယ်။ အဲ့ဒီထဲမှာဆိုရင်တော့ စီနီယာကစားသမားဖြစ်တဲ့ ဖီးလ်ဂျုံးစ်က ဒဏ်ရာကိုကုသမှု ပြန်လည်ခံယူနေရလို့ မလိုက်ပါနိုင်ခဲ့သလို၊ ဘရန်ဒန်ဝီလီယံကလည်း အသေးစားဒဏ်ရာပြဿနာ ရှိနေလို့ လူစာရင်းထဲမှာ မပါဝင်ခဲ့ပါဘူး။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ အကယ်ဒမီထွက် ကစားသမားတွေထဲက အကောင်းဆုံး ၂ ယောက်ဖြစ်တဲ့ အယ်ဗာရိုဖာနန်ဒက်စ်နဲ့ ရှိုလာရှိုရီတိုင်းယားတို့ နှစ်ယောက်မပါဝင်လာတာပါပဲ။ နှစ်ယောက်စလုံးဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ပထမအသင်းလူစာရင်းမှာ မကြာခဏပါဝင်လာတဲ့ ကစားသမားလေးတွေ ဖြစ်ကြပါတယ်။

အကြောင်းအရင်းကတော့ ယူနိုက်တက်ဟာ ဒီလူငယ်လေးနှစ်ယောက်ကို လာမယ့်ရက်ပိုငးအတွင်း အငှားချဖို့စီစဉ်ထားလို့ပါပဲ။ ဒီရှုန်းဘားနက်နဲ့ တီဒန်မန်ဂီတို့လည်း ဒီအခြေအနေမျိုးပါပဲ။ ဒီကစားသမားလေးတွေထဲကမှ ရှိုရီတိုင်းယားဆိုရင် လွန်ခဲ့တဲ့ ၂ ရာသီလောက်ကတည်းက အသင်းကြီးမှာ ပွဲဦးထွက်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေက သူ့ရဲ့တက်လမ်းကို အနှောင့်အယှတ်ပေးခဲ့တာကြောင့် အသင်းကြီးမှာ ထင်သလောက် နေရာရရှိခဲ့ခြင်း မရှိပါဘူး။ အသက်အရွယ်အားဖြင့် ၁၈ နှစ်သာ ရှိသေးတာကြောင့် ကမ္ဘာကြီးက သူ့ခြေထောက်ပေါ်မှာ ရှိနေပါသေးတယ်။ အခွင့်အရေးတွေလည်း ရရှိလာဦးမှာပါ။

ဖာနန်ဒက်ဇ်ကတော့ ၂၀၂၁-၂၂ ရာသီရဲ့ တစ်နှစ်တာ အကောင်းဆုံး အရန်အသင်းကစားသမားဆု ရရှိထားသူပါ။ သူ့ရဲ့အရည်အသွေးအပေါ်မှာ အမြဲတမ်းချီးကျူးခံရလေ့ရှိပေမယ့် အငှားထွက်ရတဲ့ အကြောင်းအရင်းကတော့ စီနီယာအသင်းမှာ သူကစားတဲ့ ဘယ်နောက်ခံလူနေရာက လူများနေလို့ပါပဲ။ ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူစာရင်းမှာဆိုရင် လုခ်ရှော၊ အဲလက်စ်တဲလက်စ်နဲ့ အခုအသစ် ခေါ်ယူထားတဲ့ တိုင်ရယ်မာလာစီယာတို့ ရှိနေပါတယ်။

ခြေစမ်းခရီးလိုမျိုးမှာ တစ်နေရာစာအတွက် ကစားသမား ၃ ယောက်ထက် ပိုခေါ်သွားဖို့ အဆင်မပြေပါဘူး။ အဲ့ဒါကြောင့် ချန်ပီယံရှစ်ကလပ် သို့မဟုတ် ပိုအဆင့်မြင့်တဲ့ ကလပ်အသင်းတစ်သင်းသင်းကို အငှားထွက်ကစားပြီး ခြေစွမ်းပြသဖို့ လိုအပ်နေပါတယ်။ ယူနိုက်တက်က အငှားချဖို့စီစဉ်ထားပေမယ့်လည်း ပုံမှန်နေရာရမယ့် အသင်းမျိုးကိုသာ အငှားချဖို့ ယူနိုက်တက်က စီစဉ်ထားပါတယ်။ တစ်ဖက်မှာလည်း ယူနိုက်တက် ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်က တန်ဟက်ရဲ့စည်းမျည်း ၅ ခုနဲ့ပတ်သက်ပြီး သူ့အနေနဲ့ သေချာလေးကိုင်တွယ်နိုင်မယ်လို့ မမြင်မိကြောင်း ဟာသလုပ်ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၆ နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်ဟာ ရော်နယ်ဒို ၊ ဗာရာနီ နဲ့ ဆန်ချိုတို့ကိုခေါ်ယူခဲ့တာဖြစ်ပေမယ့် ရလဒ်တွေက ထင်သလောက်မကောင်းခဲ့တာဖြစ်ပါတယ်။ ရလဒ်ပိုင်းတင်ဆိုးဝါးတာမဟုတ်ပဲ ယူနိုက်တက်ဟာ မန်စီးတီးနဲ့ ၃၅ မှတ်အထိ ကွာဟခဲ့သလို အဆင့် ၄ နေရာက တော့တင်ဟမ်နဲ့လည်း ၁၃ မှတ်အထိ ကွာဟခဲ့တာဖြစ်ပါတယ်။

တန်ဟက်ကတော့ ဒီရာသီမှာ ယူနိုက်တက်နည်းပြသစ်ဖြစ်လာခဲ့ပြီး သတင်းတွေအရ နယ်သာလန်သားနည်းပြဟာ တင်းကျပ်တဲ့စည်းမျည်း ၅ ခုကို ထုတ်ပြန်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ နယ်သာလန်သားနည်းပြဟာ ယူနိုက်တက်အသင်းအဝတ်လဲခန်းအပြင် စည်းကမ်းလိုက်နာရမှာတွေကိုပါ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တန်ဟက်ရဲ့စည်းမျည်း ၅ ခုထဲမှာ အသင်းအဝတ်လဲခန်းသတင်းပေါက်ကြားသူ မည်သူကိုမဆိုရှာတွေ့ခဲ့မယ်ဆိုရင် အထုတ်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ် နဲ့ အစည်းအဝေးတွေကိုနောက်ကျခဲ့မယ်ဆိုရင် လူစာရင်းကနေ ချန်လှပ်ခံရမှာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ယူနိုက်တက်ကစားသမားတွေအနေနဲ့ ပွဲကစားတဲ့ရက်သတ္တပတ်တွေမှာ အရက်သေစာ သောက်စားခွင့်မရှိတာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ယူနိုက်တက်ကစားသမားတွေအားလုံး အသင်းရဲ့စားဖိုဆောင်မှာပဲ အစားအသောက်တွေကို စားသောက်ရမှာဖြစ်ပြီး သီးသန့်စားခွင့်မရှိတာဖြစ်ပါတယ်။ နောက်တစ်ချက်က အသင့်စား အစားအသောက်တွေကိုရှောင်ကြဉ်ရမှာဖြစ်ပြီး BMI တိုင်းတာချက်ကိုလည်း လအလိုက် တိုင်းတာစစ်ဆေးခံရမှာဖြစ်ပါတယ်။ ပေါလ်စခိုးလ်ကတော့ တန်ဟက်အနေနဲ့ အဆိုပါပြဿနာတွေကို သေချာလေးကိုင်တွယ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်ရဲ့ အလားအလာအကောင်းဆုံး လူငယ်ကြယ်ပွင့်နှစ်ယောက်ဖြစ်တဲ့ အယ်ဗာရိုဖာနန်ဒက်စ်နဲ့ ရှိုလာရှိုရီတိုင်းယားတို့ဟာ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ယူနိုက်တက်ဟာ မနေ့ကပဲ ရာသီကြိုခရီးစဉ်ကို ပထမအသင်းရဲ့ ပုံမှန်ကစားသမားများ၊ အကယ်ဒမီထွက်လူငယ်များနဲ့ ကစားသမားသစ် တိုင်ရယ်မာလာစီယာအပါအဝင် ကစားသမား ၃၁ ယောက်နဲ့ ထွက်ခွာခဲ့ပြီး ယနေ့မှာပဲ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။