မန်ချက်စတာ ယူနိုက်တက် ပရိသတ်တစ်ဦးဟာ တန်ဟတ်လက်အောက်မှာ မန်ယူနိုက်တက်တို့ဟာ (၂၁)ကြိမ်မြောက် လိဂ်ဖလားကို ရရှိဖို့ ဘာကြောင့် နီးစပ်လျက် ရှိနေတာလဲဆိုတဲ့ သီအိုရီတစ်ခုကို ဖန်တီးချပြသွားခဲ့ပါတယ်။ အေဂျက်အသင်းကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် မန်ယူနိုက်တက်နည်းပြသစ်ဖြစ်လာတဲ့ တန်ဟတ်ဟာ မန်ယူနိုက်တက်ကို စတင်ကိုင်တွယ် ထားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်(၂)ပွဲမှာတော့ တစ်ပွဲကို (၄)ဂိုးနှုန်းနဲ့ တိုက်စစ်အစွမ်းပြပြီး အနိုင်ယူပြထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မန်ယူနိုက်တက် ပရိသတ်တစ်ဦးကတော့ မကြာခင်စတင်တော့မယ့် ရာသီသစ်မှာ အောင်မြင်မှုတွေ ရရှိဖို့ မန်ယူနိုက်တက်တို့ဟာ နေရာတကျဖြစ်နေပြီလို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မန်ယူနိုက်တက် ပရိသတ်က တန်ဟတ်လက်အောက်မှာ ဆန်ချို၊ ရက်ဖို့၊ ဖာနန်ဒက်စ်နဲ့ မာရှယ်တို့လို ကစားသမားတွေဟာ အထူးတောက်ပလာမယ့် ကစားသမားတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

အဆိုပါ ပရိသတ်က သူ့ရဲ့ သီအိုရီမှာ မန်ယူနိုက်တက်က (၂၁)ကြိမ်မြောက် လိဂ်ဖလားကို ဘာကြောင့် ရရှိသွားနိုင်တာလဲဆိုတဲ့ သီအိုရီကို သဘာ၀ ကျကျ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ လက်ရှိ မန်ယူနိုက်တက်တို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ (၃)နှစ် စာချုပ်ချုပ်ဆိုပြီး ခေါ်ယူနိုင်ခဲ့တဲ့ ဘရက်ဖို့ဒ် ကွင်းလယ်လူဟောင်း အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ရာသီက ဘရက်ဖို့ဒ်မှာ ကျောနံပါတ်((၂၁)ကို ဝတ်ဆင်ကစားခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ ယူရို (၂၀၂၀)မှာ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ပြီးတဲ့နောက် ကစားသမားဘဝကနေ အနားယူရလုနီးပါး ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဘရက်ဖို့ဒ်က ခေါ်ယူခဲ့ပြီးတဲ့နောက် ဘရက်ဖို့ဒ်မှာ ကျောနံပါတ်(၂၁)ကို ဝတ်ဆင်ခဲ့ပြီး (၁၁)ပွဲကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါင် (၄၆)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တဲ့ အေဂျက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဟာလည်း အေဂျက်အသင်းမှာ ကျောနံပါတ်(၂၁)ကို ဝတ်ဆင်ကစားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် မန်ယူနိုက်တက်ကို ရောက်တော့မယ့် အခြေအနေမှာ ရှိနေမယ့် ကွင်းလယ်လူ ဒီဂျောင်ဟာလည်း ဘာစီလိုနာမှာ ကျောနံပါတ် (၂၁)ကို ဝတ်ဆင်ကစားလျက် ရှိနေတာ ဖြစ်ပါတယ်။ နောက်ထပ် (၂၁) ဂဏန်းနဲ့ ပတ်သက်ပြီးတော့ တိုက်ဆိုင်လွန်းနေတဲ့ အချက်ကတော့ တန်ဟတ်ကို မန်ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်ကြောင်း ကြေညာခဲ့တဲ့ နေ့ဟာ ဧပြီလ (၂၁)ရက်နေ့မှာ ကြေညာသွေားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို ထူးခြားလှတဲ့ တိုက်ဆိုင်မှုတွေကြောင့်ပဲ အဆိုပါ မန်ယူနိုက်တက် ပရိသတ်က တန်ဟတ်လက်အောက်မှာ မန်ယူနိုက်တက်တို့ဟာ (၂၁)ကြိမ်မြောက် လိဂ်ဖလားကို ရရှိဖို့ နီးစပ်နေပြီဆိုတဲ့ သီအိုရီတစ်ခုကို ထုတ်ဖော်ဖန်တီးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အဆို ပရိသတ်ဟာ လွန်ခဲ့တဲ့ (၂၀၁၂)ခုနှစ်တုန်းက အာဆင်နယ်ကနေ ခေါ်ယူခဲ့တဲ့ ဗန်ပါစီတစ်ယောက် မန်ယူနိုက်တက်မှာ ကျောနံပါတ် (၂၀)ကို ရွေးချယ်ဝတ်ဆင်ပြီး အကြိမ်(၂၀)မြောက် လိဂ်ဖလားရရှိခဲ့တာကိုလည်း ထောက်ပြ ပြောဆိုသွားခဲ့ပါသေးတယ်။ ဆိုတော့ က အဆိုပါ မန်ယူနိုက်တက် ပရိသတ်ရဲ့ သီအိုရီတွေထဲမှာ ဖော်ပြထားတဲ့ (၂၁) ကိန်းဂဏန်းတွေရဲ့ တိုက်ဆိုင်မှုတွေက တော်တော်လေး ကိုများပြားလျက် ရှိနေတာကြောင့် တကယ်ပဲ တန်ဟတ်နဲ့ အတူ (၂၁)ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို မန်ယူနိုက်တက်တို့ ရရှိသွားမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် ပရိသတ်တစ်ဦးဟာ တန်ဟတ်လက်အောက်မှာ မန်ယူနိုက်တက်တို့ဟာ (၂၁)ကြိမ်မြောက် လိဂ်ဖလားကို ရရှိဖို့ ဘာကြောင့် နီးစပ်လျက် ရှိနေတာလဲဆိုတဲ့ သီအိုရီတစ်ခုကို ဖန်တီးချပြသွားခဲ့ပါတယ်။ အေဂျက်အသင်းကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် မန်ယူနိုက်တက်နည်းပြသစ်ဖြစ်လာတဲ့ တန်ဟတ်ဟာ မန်ယူနိုက်တက်ကို စတင်ကိုင်တွယ် ထားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်(၂)ပွဲမှာတော့ တစ်ပွဲကို (၄)ဂိုးနှုန်းနဲ့ တိုက်စစ်အစွမ်းပြပြီး အနိုင်ယူပြထားခဲ့တာ ဖြစ်ပါတယ်။