လာမယ့်နွေရာသီမှာ အထောင်တိုက်စစ်မှူးသစ် မခေါ်ယူနိုင်ခဲ့ပါက ယူနိုက်တက်ဟာ မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို အသင်းမှာ ကျိန်းသေပေါက် ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။

ထိုင်းနဲ့ Australia နိုင်ငံတွေသို့ ရာသီကြိုအစီအစဥ်တွေ သွားရောက်ပြုလုပ်မယ့် ယူနိုက်တက်အသင်းလူစာရင်းမှာ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူး ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အဲရစ်တန်ဟဂ်လက်ထက်မှာ အခွင့်အရေးတွေ ပြန်လည် ရရှိလာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

တကယ်လို့ အထောင်တိုက်စစ်မှူးသစ်သာ မခေါ်ယူနိုင်ခဲ့ပါက ယူနိုက်တက်ဟာ လီဗာပူးလ်၊ မဲလ်ဘုန်း၊ ခရစ္စတယ်ပဲလေ့စ်၊ အက်စ်တန်ဗီလာတို့နဲ့ကစားမယ့် ခြေစမ်းပွဲတွေမှာ ရပ်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ်မှူးအဖြစ် စမ်းသပ်အသုံးပြုသွားမယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ လာမယ့်လအတွင်းမှာ အက်ဒီဆင်ကာဗာနီ၊ ဂျူအန်မာတာ၊ ဂျက်ဆီလင်ဂတ်နဲ့ ပေါလ်ပေါ့ဘာတို့ကို လက်လွှတ်ရမှာဖြစ်တာကြောင့် အနည်းဆုံး အထောင်တိုက်စစ်မှူးတစ်ယောက် ခေါ်ယူလိုပါတယ်။

ယူနိုက်တက်နဲ့ ရပ်ရှ်ဖို့ဒ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ (+၁ နှစ်) အထိ ကျန်ရှိနေသေးပေမယ့် ပီအက်စ်ဂျီအသင်းဟာ အင်္ဂလန်သားကို စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် ကိုင်လီယန်အမ်ဘာပေကို စာချုပ်သက်တမ်း တိုးနိုင်ခဲ့တာကြောင့် လက်ရှိမှာ ပီအက်စ်ဂျီတို့ဟာ ရပ်ရှ်ဖို့ဒ်ကို စိတ်ဝင်စားခြင်း မရှိတော့ဘူးလို့ ယူဆနိုင်ပါတယ်။

ဘာစီလိုနာဟာလည်း ယူနိုက်တက်တိုက်စစ်မှူးကို ကာလရှည် စောင့်ကြည့်ခဲ့ပါတယ်။ အူစမန် ဒမ်ဘီလီအနေနဲ့ စာချုပ်သက်တမ်း နောက်ဆုံးလသို့ ရောက်ရှိနေပြီဖြစ်သလို မန်းဖစ်ဒီပေးနဲ့ မာတင်ဘရိုက်ဝိတ်တို့ရဲ့ အနာဂတ်ဟာလည်း သေချာမှုမရှိတော့တာကြောင့် ကတ္တလန်ကလပ်ဟာ ရပ်ရှ်ဖို့ဒ်ကို စောင့်ကြည့်နေတာပါ။

ဒါပေမယ့် သရဲနီတွေအနေနဲ့ ရပ်ရှ်ဖို့ဒ်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားဖွယ်ရှိသလို အထောင်တိုက်စစ်နေရာမှာလည်း စမ်းသပ် အသုံးပြုသွားဖို့ ပြင်ဆင်နေပါတယ်။

ZAWGYI: လာမယ့်နွေရာသီမှာ အထောင်တိုက်စစ်မှူးသစ် မခေါ်ယူနိုင်ခဲ့ပါက ယူနိုက်တက်ဟာ မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို အသင်းမှာ ကျိန်းသေပေါက် ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။