ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီ အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမ ၁၅ဦးလောက်အထိ ရောင်းထုတ်ဖို့ ပြင်ဆင်နေကြောင်း သိရပြီး၊ ဒီကစားသမား တွေထဲက နေမာ၊ အိုင်ကာဒီနဲ့ ကင်ပမ်ဘီတို့ဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိမှာ ဖြစ်ပါတယ်။ ပြင်သစ် လီဂူးဝမ်းရဲ့ လက်ရှိ ချန်ပီယံတို့ဟာ သူတို့ အသင်းရဲ့ ကစားသမား စာရင်းကို လျှော့ချဖို့ ပြင်ဆင်နေပြီး၊ နည်းပြသစ် ခရစ္စတိုဖီ ဂယ်လ်တီယာရဲ့ ပွဲဦးထွက် ဘောလုံးရာသီ မတိုင်မီ အပြောင်းအလဲ အချို့ ပြုလုပ်ဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးရှင် နေမာဟာ မကြာသေးမီ ရက်သတ္တပတ် တွေအတွင်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သိရပြီး၊ ချဲလ်ဆီး၊ မန်စီးတီး အသင်းတို့နဲ့ သတင်းတွေ ထွက်နေပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ နေမာရဲ့ အပြောင်းအရွှေ့ အတွက် မန်စီးတီး ကွင်းလယ် ကစားသမား ဘာနာဒို ဆေးလ်ဗားနဲ့ အလဲအထပ် ပြုလုပ်ဖို့ အလားအလာ ရှိနေတယ်လို့ ပြင်သစ် သတင်းဌာန တခုက ဖော်ပြနေပေမယ့်၊ မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာကတော့ ဒီသတင်းတွေကို အခုလို ပယ်ချသွားခဲ့ပါတယ်။

“ပြင်သစ် သတင်းဌာန တခုရဲ့ ရေးသား ဖော်ပြချက် မှားယွင်းနေတယ်လို့ ပြောရတာ သူတို့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့် သူတို့ ဖော်ပြနေတာတွေက အမှန်မဟုတ်ဘူးလေ။ သူတို့ရဲ့ အချက်အလက်တွေက အမှန်တရားနဲ့ တော်တော်လေး လွဲနေပါတယ်။ နေမာဟာ မယုံနိုင်စရာ အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမား တဦးဖြစ်ပြီး၊ ကျွန်တော် သိသလောက်တော့ သူက တကယ်ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် ကျွန်တော်တို့ အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေကတော့ မမှန်ပါဘူး။”

“သူတို့လို သတင်းဌာနတွေ ရေးနေကြတဲ့ သတင်းတိုင်းသာ အမှန် ဖြစ်မယ်ဆိုရင် မန်စီးတီး အသင်းက နွေရာသီ အပြောင်းအရွှေ့ ကာလတွေရောက်တိုင်း ကစားသမား ၁၅၀လောက်ထိ ဝယ်ရမယ့်ပုံစံမျိုး ဖြစ်နေပါတယ်။” ပီအက်စ်ဂျီ အသင်းက ရောင်းချမယ့် ကစားသမား တွေထဲမှာ လီဗာပူးလ် ကစားသမားဟောင်း ဂီနီ ဝိုင်နယ်လ်ဒမ်လည်း ပါဝင်နေပြီး၊ နယ်သာလန်သားဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်စ်ဂျီ အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပေမယ့်၊ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပါတယ်။

လီဂူးဝမ်း ထိပ်သီးကလပ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ နောက်ထပ် ကစားသမားက အာဂျင်တီးနား တိုက်စစ်မှူး အိုင်ကာဒီ ဖြစ်ပြီး၊ သတင်းတွေအရ စီးရီးအေ တန်းတက်အသင်း တသင်းဖြစ်တဲ့ မွန်ဇာ အသင်းဟာ ဒီကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ချဲလ်ဆီး အသင်းဟာ ပီအက်စ်ဂျီ နောက်ခံလူ ကင်ပမ်ဘီကို ခေါ်ယူနိုင်ဖွယ်ရှိပြီး၊ ပီအက်စ်ဂျီ အသင်းဟာ သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမား အတွက် ပေါင်၄၂သန်းလောက်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ဒီအပြောင်းအရွှေ့ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

ချဲလ်ဆီး အသင်းဟာ သူတို့ရဲ့ ဗဟိုနောက်ခံလူတွေ ဖြစ်ကြတဲ့ အန်တိုနီယို ရူဒီဂါနဲ့ အန်းဒရက်စ် ခရစ္စတန်ဆန်တို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ခွင့်ပြုခဲ့ရပြီး၊ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာကိုလည်း ဘာစီလိုနာ အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတာကြောင့် နောက်ခံလူတဦး ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ် အသင်းကလည်း ပီအက်စ်ဂျီ ကွင်းလယ်လူ လီအန်ဒရို ပါရီဒက်စ်ကို စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် သူတို့ဟာ ဒီအပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့အတွက် အသင်းက ကစားသမား အချို့ကို ရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။ ပီအက်စ်ဂျီ အသင်းက ရောင်းချမယ့် ကစားသမား တွေထဲမှာ ကာဇာဝါ၊ ဂျူလီယန် ဒရက်စ်လာ၊ ယူနိုက်တက် ကွင်းလယ်လူဟောင်း အန်ဒါဟာရဲရား၊ ဒီယာလို၊ သီလိုခါရာ၊ ဂွန်ဇာလက်ဇ်၊ ဆာရာဘီရာ၊ ဂွီရီ၊ ကယ်လီမူအန်ဒိုနဲ့ ဒီနာအီဘင်ဘီတို့ ပါဝင်နေတယ်လို့ သိရပါတယ်။

ZAWGYI: ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီ အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမ ၁၅ဦးလောက်အထိ ရောင်းထုတ်ဖို့ ပြင်ဆင်နေကြောင်း သိရပြီး၊ ဒီကစားသမား တွေထဲက နေမာ၊ အိုင်ကာဒီနဲ့ ကင်ပမ်ဘီတို့ဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိမှာ ဖြစ်ပါတယ်။ ပြင်သစ် လီဂူးဝမ်းရဲ့ လက်ရှိ ချန်ပီယံတို့ဟာ သူတို့ အသင်းရဲ့ ကစားသမား စာရင်းကို လျှော့ချဖို့ ပြင်ဆင်နေပြီး၊ နည်းပြသစ် ခရစ္စတိုဖီ ဂယ်လ်တီယာရဲ့ ပွဲဦးထွက် ဘောလုံးရာသီ မတိုင်မီ အပြောင်းအလဲ အချို့ ပြုလုပ်ဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။