ရက်ဖ် ရန်းနစ်က ယူနိုက်တက်ကို နွေရာသီမှာ တိုက်စစ်မှူး၂ဦး ခေါ်ယူဖို့ တိုက်တွန်းခဲ့သလို နည်းပြသစ် တန်ဟက်ကိုလည်း ရော်နယ်ဒိုကို အသင်းမှာ ဆက်ထိန်းထားဖို့ အကြံပေးသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယမန်နေ့ည ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း အကောင်းဆုံး ကစားသမားဆုရနိုင်တဲ့ စွမ်းဆောင်ရည် ပြသခဲ့ကာ ၂၄ဂိုးမြောက် ဂိုးကို သွင်းယူခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်အပြီး ရော်နယ်ဒိုက ‘ ငါ မပျက်စီးသေးဘူး’ လို့ ပရိသတ်တွေကိုပြောကာ လက်ပြခဲ့ပြီးနောက် ဥမင်ထဲကို ဝင်သွားခဲ့ပါတယ်။

ရန်းနစ်က ” ကျွန်တော်တို့ ဒီည ကစားတဲ့ပုံစံမှာ သူ့ကြောင့် ရတဲ့ပင်နယ်တီကို ကိုယ်တိုင်ကန်သွင်းခဲ့သလို ခံစစ်ကိုလည်း ကူခဲ့ပါတယ်။ သူ ဘာကြောင့် အသင်းကို မကူနိုင်ရမှာလဲ။ ဒါပေမဲ့ နောက်ရာသီအတွက်ကတော့ တန်ဟက်နဲ့ ခရစ္စတီယာနိုကိုပဲ မေးကြည့်ရမှာပါ။ ခရစ္စတီယာနိုက အထောင်တိုက်စစ်မှူး မဟုတ်ပါဘူး။ သူ အဲ့ဒီနေရာမှာ မကစားချင်ပေမဲ့ နိုင်ငံတကာပွဲစဉ်တွေကြည့်ရင် တိုက်စစ်မှူး၂ယောက်နဲ့ ကစားတဲ့အသင်း သိပ်မရှိပါဘူး။ ကျွန်တော့်အတွက်ကတော့ ဒါက ယူနိုက်တက်ကစားသမားတွေရဲ့ အနာဂတ်နဲ့ သက်ဆိုင်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်က အရည်အချင်းရှိတဲ့ တိုက်စစ်မှူး၂ယောက် လိုတယ်ဆိုတာ သိသာပါတယ်။”

“မော်ဒန်တိုက်စစ်မှူတွေက တိုက်စစ်မှူးဖြစ်ဖို့ မလိုပါဘူး။ လီဗာပူးနဲ့ မန်စီးတီးဆို ထိပ်တန်း တိုက်စစ်မှူး ၅ယောက်၊ ၆ယောက်လောက် ရှိပါတယ်။ ဂျီးဆပ်စ်၊ ဂရီးလစ်ချ်တို့က တောင်ပံမှာ ကစားတယ်ဆိုပေမဲ့ တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။ တစ်ဖက်မှာလည်း သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းစတား ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ပြိုင်ဘက်မရှိဖြစ်နေတယ်လို့ သိရပါတယ်။ အခြားအင်အားကြီးပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး ၊ ချဲလ်ဆီး နဲ့ လီဗာပူးတို့ဟာ ပေါင်သန်း ၁၀၀ တန်စတားကို ခေါ်ယူဖွယ်မရှိတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်း နဲ့ နိုင်ငံအသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ ရိုက်စ်ဟာ နွေရာသီမှာ အသင်းပြောင်းဖို့ များနေပြီး ယူနိုက်တက်ကလည်း အသင်းရဲ့အင်အားကိုဖြည့်တင်းလိုနေကာ အင်္ဂလန်သားကို ခေါ်ယူဖွယ်ရှိနေပါတယ်။ ESPN သတင်းဌာနကတော့ အခြားအသင်းတွေဟာ ရိုက်စ်ကို ခေါ်ယူဖို့ စိတ်မဝင်စားတာကြောင့် ယူနိုက်တက်ကသာ လွတ်လွတ်လပ်လပ်ခေါ်ယူနိုင်တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရိုက်စ်ရဲ့စွမ်းဆောင်ရည်ကို သဘောကျနေပြီး နည်းပြသစ် တန်ဟက်ရောက်လာတဲ့အနေအထားမှာ ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

တန်ဟက်ကလည်း အသင်းရဲ့ လူအင်အားကို အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေပြီး ကစားသမား အများအပြားခေါ်ယူဖွယ်ရှိနေပါတယ်။ ဝက်စ်ဟမ်းက သူတို့စတားအတွက် ပေါင်သန်း ၁၀၀ ကျော်လောက်အလိုရှိနေကာ တကယ်လို့ ယူနိုက်တက်ခေါ်ယူဖြစ်ရင် စီးတီးက ဂရီးလစ်ချ်အပြောင်းအရွှေ့ကို ကျော်ဖြတ်သွားဖွယ်ရှိနေပါတယ်။ ဒါပေမယ့် စီးတီး ၊ ချဲလ်ဆီး နဲ့ လီဗာပူတို့က မခေါ်ယူတဲ့အနေအထားမှာ သူကိုယ်တိုင်က ယူနိုက်တက်ကို ပြောင်း မပြောင်းဆုံးဖြတ်ရဖွယ်ရှိနေပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ အသက် ၂၃ နှစ်သားကို အလိုရှိနေတာဟာ အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် ပေါလ်အင့်စ်လက်သစ်ဗားရှင်းမျိုးဖြစ်တာကြောင့်လို့ ဖော်ပြနေကြပါတယ်။

ဝက်စ်ဟမ်းနဲ့ ရိုက်စ်တို့ကြား စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေကာ အလျင်စလိုမရောင်းချလည်းဖြစ်တဲ့ အနေအထားမှာ နောက် ၁ နှစ်သက်တမ်းတိုးခွင့်လည်း လက်ထဲမှာ ရှိနေပါတယ်။ တကယ်လို့ အင်္ဂလန်သားအနေနဲ့ ဝက်စ်ဟမ်းကို စွန့်ခွာပြီး ယူနိုက်တက်ကို ပြောင်းလာခဲ့ရင်တော့ တစ်ပတ်လုပ်ခပေါင် ၆၂၀၀၀ ထက်တော့ပိုရရှိဖွယ်ရှိနေပါတယ်။ ဝက်စ်ဟမ်း နည်းပြ မိုယက်ချ်ကတော့ သူဟာ ရိုက်စ်ကို အသင်းကနေ မထွက်ခွာအောင် တားဆီးသွားမယ်လို့ ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။ “သတင်းတွေကတော့ ဒီလိုပဲထွက်နေမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဝက်စ်ဟမ်းနဲ့ ၂ ရာသီ ဒါမှမဟုတ် ၃ ရာသီ စွမ်းဆောင်ရည်ကောင်းပြသနေတာကြောင့်ပါ။”

“ထိပ်တန်းအသင်းတွေက ကျွန်တော့်ကိုအမြဲစောင့်ကြည့်ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တင်မဟုတ်ပဲ ကစားသမားတိုင်းအတွက် အတူတူပဲလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဒီရာသီမှာ ကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ ပွဲကြီးတွေမှာလည်း ကျွန်တော်အမြဲတမ်းအာရုံစိုက်ဖြစ်ပါတယ်လို့ ရိုက်စ်က ပြောကြားခဲ့ပါတယ်။ ရိုက်စ်ဟာ ဒီရာသီမှာလည်း စွမ်းဆောင်ရည်ကောင်းပြသနေပြီး အကောာငျးဆုံး ကစားသမားဆု အတွက် တတိယမြောက်နေရာမှာ ပြီးဆုံးခဲ့ပါတယ်။ ယူနိုက်တက်ကလည်း လာမယ့်ရာသီသစ်မှာ အသင်းကို ပြင်ဆင်ဖို့ အလိုရှိနေကာ အာဆင်နယ်နဲ့ ၈ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။

ZAWGYI: ရက်ဖ် ရန်းနစ်က ယူနိုက်တက်ကို နွေရာသီမှာ တိုက်စစ်မှူး၂ဦး ခေါ်ယူဖို့ တိုက်တွန်းခဲ့သလို နည်းပြသစ် တန်ဟက်ကိုလည်း ရော်နယ်ဒိုကို အသင်းမှာ ဆက်ထိန်းထားဖို့ အကြံပေးသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယမန်နေ့ည ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း အကောင်းဆုံး ကစားသမားဆုရနိုင်တဲ့ စွမ်းဆောင်ရည် ပြသခဲ့ကာ ၂၄ဂိုးမြောက် ဂိုးကို သွင်းယူခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်အပြီး ရော်နယ်ဒိုက ငါ မပျက်စီးသေးဘူးလို့ ပရိသတ်တွေကိုပြောကာ လက်ပြခဲ့ပြီးနောက် ဥမင်ထဲကို ဝင်သွားခဲ့ပါတယ်။

ရန်းနစ်က ကျွန်တော်တို့ ဒီည ကစားတဲ့ပုံစံမှာ သူ့ကြောင့် ရတဲ့ပင်နယ်တီကို ကိုယ်တိုင်ကန်သွင်းခဲ့သလို ခံစစ်ကိုလည်း ကူခဲ့ပါတယ်။ သူ ဘာကြောင့် အသင်းကို မကူနိုင်ရမှာလဲ။ ဒါပေမဲ့ နောက်ရာသီအတွက်ကတော့ တန်ဟက်နဲ့ ခရစ္စတီယာနိုကိုပဲ မေးကြည့်ရမှာပါ။ ခရစ္စတီယာနိုက အထောင်တိုက်စစ်မှူး မဟုတ်ပါဘူး။ သူ အဲ့ဒီနေရာမှာ မကစားချင်ပေမဲ့ နိုင်ငံတကာပွဲစဉ်တွေကြည့်ရင် တိုက်စစ်မှူး၂ယောက်နဲ့ ကစားတဲ့အသင်း သိပ်မရှိပါဘူး။ ကျွန်တော့်အတွက်ကတော့ ဒါက ယူနိုက်တက်ကစားသမားတွေရဲ့ အနာဂတ်နဲ့ သက်ဆိုင်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်က အရည်အချင်းရှိတဲ့ တိုက်စစ်မှူး၂ယောက် လိုတယ်ဆိုတာ သိသာပါတယ်

မော်ဒန်တိုက်စစ်မှူတွေက တိုက်စစ်မှူးဖြစ်ဖို့ မလိုပါဘူး။ လီဗာပူးနဲ့ မန်စီးတီးဆို ထိပ်တန်း တိုက်စစ်မှူး ၅ယောက်၊ ၆ယောက်လောက် ရှိပါတယ်။ ဂျီးဆပ်စ်၊ ဂရီးလစ်ချ်တို့က တောင်ပံမှာ ကစားတယ်ဆိုပေမဲ့ တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်ပါတယ်လို့ ဆိုခဲ့ပါတယ်။ တစ်ဖက်မှာလည်း သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းစတား ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ပြိုင်ဘက်မရှိဖြစ်နေတယ်လို့ သိရပါတယ်။ အခြားအင်အားကြီးပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး ၊ ချဲလ်ဆီး နဲ့ လီဗာပူးတို့ဟာ ပေါင်သန်း ၁၀၀ တန်စတားကို ခေါ်ယူဖွယ်မရှိတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်း နဲ့ နိုင်ငံအသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ ရိုက်စ်ဟာ နွေရာသီမှာ အသင်းပြောင်းဖို့ များနေပြီး ယူနိုက်တက်ကလည်း အသင်းရဲ့အင်အားကိုဖြည့်တင်းလိုနေကာ အင်္ဂလန်သားကို ခေါ်ယူဖွယ်ရှိနေပါတယ်။ ESPN သတင်းဌာနကတော့ အခြားအသင်းတွေဟာ ရိုက်စ်ကို ခေါ်ယူဖို့ စိတ်မဝင်စားတာကြောင့် ယူနိုက်တက်ကသာ လွတ်လွတ်လပ်လပ်ခေါ်ယူနိုင်တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရိုက်စ်ရဲ့စွမ်းဆောင်ရည်ကို သဘောကျနေပြီး နည်းပြသစ် တန်ဟက်ရောက်လာတဲ့အနေအထားမှာ ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

တန်ဟက်ကလည်း အသင်းရဲ့ လူအင်အားကို အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေပြီး ကစားသမား အများအပြားခေါ်ယူဖွယ်ရှိနေပါတယ်။ ဝက်စ်ဟမ်းက သူတို့စတားအတွက် ပေါင်သန်း ၁၀၀ ကျော်လောက်အလိုရှိနေကာ တကယ်လို့ ယူနိုက်တက်ခေါ်ယူဖြစ်ရင် စီးတီးက ဂရီးလစ်ချ်အပြောင်းအရွှေ့ကို ကျော်ဖြတ်သွားဖွယ်ရှိနေပါတယ်။ ဒါပေမယ့် စီးတီး ၊ ချဲလ်ဆီး နဲ့ လီဗာပူတို့က မခေါ်ယူတဲ့အနေအထားမှာ သူကိုယ်တိုင်က ယူနိုက်တက်ကို ပြောင်း မပြောင်းဆုံးဖြတ်ရဖွယ်ရှိနေပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ အသက် ၂၃ နှစ်သားကို အလိုရှိနေတာဟာ အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် ပေါလ်အင့်စ်လက်သစ်ဗားရှင်းမျိုးဖြစ်တာကြောင့်လို့ ဖော်ပြနေကြပါတယ်။

ဝက်စ်ဟမ်းနဲ့ ရိုက်စ်တို့ကြား စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေကာ အလျင်စလိုမရောင်းချလည်းဖြစ်တဲ့ အနေအထားမှာ နောက် ၁ နှစ်သက်တမ်းတိုးခွင့်လည်း လက်ထဲမှာ ရှိနေပါတယ်။ တကယ်လို့ အင်္ဂလန်သားအနေနဲ့ ဝက်စ်ဟမ်းကို စွန့်ခွာပြီး ယူနိုက်တက်ကို ပြောင်းလာခဲ့ရင်တော့ တစ်ပတ်လုပ်ခပေါင် ၆၂၀၀၀ ထက်တော့ပိုရရှိဖွယ်ရှိနေပါတယ်။ ဝက်စ်ဟမ်း နည်းပြ မိုယက်ချ်ကတော့ သူဟာ ရိုက်စ်ကို အသင်းကနေ မထွက်ခွာအောင် တားဆီးသွားမယ်လို့ ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။ သတင်းတွေကတော့ ဒီလိုပဲထွက်နေမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဝက်စ်ဟမ်းနဲ့ ၂ ရာသီ ဒါမှမဟုတ် ၃ ရာသီ စွမ်းဆောင်ရည်ကောင်းပြသနေတာကြောင့်ပါ။”