မန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးကြီး စီရော်နယ်ဒိုဟာ လာမယ့်ဘောလုံးရာသီမှာ မန်ယူနိုက်တက်မှာ ဆက်ရှိ မရှိကို ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အသက်(၃၇) နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီသားကြီးဟာ လာမယ့်ဘောလုံးရာသီကုန်ရင် မန်ယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒီရာသီမှာလည်း မန်ယူနိုက်တက်နဲ့ အတူ စိတ်ပျက်စရာ ဘောလုံးရာသီ တစ်ခုကို ကြုံတွေ့ခဲ့ရပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ နှစ်ပေါင်း(၂၀)အတွင်း ပထမဆုံးအကြိမ် အဖြစ် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ကစားခွင့်နဲ့ လွဲချော်သွားတော့မှာဖြစ်ပါတယ်။

လာမယ့် ဘောလုံးရာသီမှာ တန်ဟတ်ကို နည်းပြသစ်အဖြစ် မန်ယူနိုက်တက်တို့က ခန့်အပ်ထားခဲ့ပြီး တန်ဟတ်လက်ထက်မှာ မန်ယူနိုက်တက်တို့ဟာ ဖာဂူဆန်ခေတ်လွန် မှန်ကန်တဲ့ အရွေ့ တစ်ခုဆီကို သွာနိုင်ဖို့ ဟန်ပြင်နေတာကို တွေ့လာရပါတယ်။ နှစ်ပေါင်းများစွာ မန်ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ နေရာတွေမှာ ရာထူးကြီးယူထားတဲ့ သူအချို့ကိုပါ မန်ယူနိုက်တက်တာဝန် ရှိသူတွေဟာ ရာထူးကနေ ထုတ်ပယ်နေတာတွေ ပြုလုပ်လျက်ရှိနေပြီး၊ အသင်းမှာ မနေချင်တဲ့ ကစားသမားတွေကိုပါ ရောင်းချတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် ခြေစွမ်းထက် လစာပိုများနေတဲ့ ကစားသမားတွေကိုလည်း ထုတ်ရောင်းဖို့ ရှိနေပြီး မာရှယ်၊ ရက်ဖို့ဒ်၊ ဒီဂီယာ၊ တဲလက်စ် တို့လိုကစားသမားတွေတောင် အနာဂတ် မရေရာတဲ့ အခြေအနေတွေမှာ ရှိနေတာဖြစ်ပါတယ်။ ပေါ့ဘာ၊ မာတစ်၊ မာတာ၊ နဲ့ လင်ဂတ်တို့ကလည်း အသင်းကနေထွက်ခွာ ဦးမှာ ဖြစ်တာကြောင့် လာမယ့်နွေဈေးကွက်ကတော့ မန်ယူနိုက်တက်အတွက် တော်တော်လေး အလုပ်ရှုပ်ရဦးမယ့် အပြောင်းအရွှေ့ ဈေးကွက်တစ်ခု ဖြစ်လာမှာပါ။

ဒီထဲမှာ စီရော်နယ်ဒိုရဲ့ မန်ယူနိုက်တက်နဲ့ အနာဂတ်ကလည်း ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ အသက်(၃၇)နှစ်ရှိနေပြီဖြစ်တာကြောင့် pressing ဂိမ်းကို ဦးစားပေး ကစားလေ့ရှိနေတဲ့ တန်ဟတ်လက်ထက်မှာ စီရော်နယ်ဒိုဟာ နေရာမရနိုင်ဘူးလို့လည်း ခန့်မှန်းပြောဆိုမှုတွေ ရှိနေကြပါတယ်။ ဒါ့အပြင် မစ္စတာ ချန်ပီယံလိဂ်လို့ နာမည်ပြောင်ရထားတဲ့ ချန်ပီယံလိဂ် ဘုရင်ကြီး အနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မရတော့တဲ့ မန်ယူနိုက်တက်မှာ ဆက်ပြီး ရှိနေဦးမလားဆိုတာကလည်း ပရိသတ်တွေ သိုလောသိုလော ဖြစ်နေကြတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

ဆိုတော့ မန်ယူနိုက်တက်နဲ့ စီရော်နယ်ဒိုတို့ရဲ့ အနာဂတ်ဟာ ဘာတွေ ဖြစ်လာမလဲ စိတ်ဝင်စားစရာကောင်းလျက်ရှိနေတာဖြစ်ပါတယ်။ စီရော်နယ်ဒိုကလည်း တန်ဟတ် နည်းပြသစ် ဖြစ်လာပြီးကတည်းက မန်ယူနိုက်တက်နဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဘာမှ မပြောပဲ ရေငုံ နှုတ်ပိတ်နေနေခဲ့တာပါ။ ဒါပေမဲ့ ခုချိန်မှာတော့ မန်ယူနိုက်တက် ပရိသတ်တွေ သိချင်နေကြတဲ့ လာမယ့် ဘောလုံးရာသီမှာ အသင်းမှာ ဆက်ပြီး ရှိ မရှိဆိုတာကို အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

” တန်ဟတ်က အေဂျက်မှာ တကယ့်ကို ထူးခြားပြောင်မြောက်တဲ့ အလုပ်ကို လုပ်ခဲ့တာ ကျွန်တော်သိပါတယ်၊ သူက အတွေ့အကြုံရှိတဲ့ နည်းပြတစ်ယောက်ပါ၊ ဒါပေမဲ့ သူ့ကို အချိန်ပေးဖို့ လိုအပ်ပါတယ်၊ ကျွန်တော်တို့ အလိုရှိတဲ့ အရာတွေကို ပြောင်းလဲရပါမယ်၊ သူသာ ကောင်းကောင်း ကိုင်တွယ်နိုင်မယ်ဆိုရင် မန်ယူနိုက်တက်မှာ ရှိတဲ့ အရာအားလုံးက အောင်မြင်လာမှာပါ၊ ဒါ့ကြောင့်မလို့ သူအကောင်းဆုံး လုပ်နိုင်ပါစေလို့လည်း ကျွန်တော် ဆန္ဒပြုပါတယ်၊ သူရောက်ရှိလာတဲ့ အပေါ်မှာ ကစားသမားတွေသာမက ပရိသတ်တွေကလည်း စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်၊လာမယ့်ရာသီမှာ ကျွန်တော်တို့ ဆုဖလားတွေ ကို အနိုင်ရနိုင်မယ်လို့ ယုံကြည်ပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

ZAWGYI: မန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးကြီး စီရော်နယ်ဒိုဟာ လာမယ့်ဘောလုံးရာသီမှာ မန်ယူနိုက်တက်မှာ ဆက်ရှိ မရှိကို ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အသက်(၃၇) နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီသားကြီးဟာ လာမယ့်ဘောလုံးရာသီကုန်ရင် မန်ယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒီရာသီမှာလည်း မန်ယူနိုက်တက်နဲ့ အတူ စိတ်ပျက်စရာ ဘောလုံးရာသီ တစ်ခုကို ကြုံတွေ့ခဲ့ရပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ နှစ်ပေါင်း(၂၀)အတွင်း ပထမဆုံးအကြိမ် အဖြစ် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ကစားခွင့်နဲ့ လွဲချော်သွားတော့မှာဖြစ်ပါတယ်။