မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပါတ်ကပဲ နည်းပြသစ် အဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာ လေ့ကျင့်ရေး အစီအစဥ် စတင်ခဲ့ပြီး ကစားသမား အများစု ပူးပေါင်းနိုင်ခဲ့ကြပါတယ် ။ ဒါဟာ ကစားသမားတွေ နဲ့ တန်ဟတ် နဲ့ ပထမဆုံး အကြိမ် အလုပ် လက်တွဲလုပ်ခြင်း ဖြစ်ခဲ့ရပါတယ် ။ အဲရစ် တန်ဟတ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင််းနဲ့ သတင်းထွက်ခဲ့ချိန်မှာ ဒီလောက် ကြီးလေးတဲ့ တာဝန််ကို ထမ်းဆောင်နိုင်ပါ့မလားဆိုပြီး သံသယ ဖြစ်ခံခဲ့ရပါသေးတယ် ။

ဒါပေမဲ့ ရပ်ရှ်ဖို့ ကတော့ နည်းပြသစ် ဟာ အသင်းဆီ စိတ်လှုပ်ရှားမှု နဲ့ လေ့ကျင့်ရေး ကွင်းထဲမှာ တက််ကြွမှုတွေ ယူဆောင်လာနိုင်ခဲ့ကြောင်း ဖွင့်ပြောသွားခဲ့လိုက် ပါတယ် ။ ” အခုတော့ ကျွန်တော်တို့တွေဟာ လေ့ကျင့်ရေး ကွင်းထဲမှာ စိတ်လှုပ်ရှားမှုတွေ ၊ လန်းဆန်း တက်ကြွမှုတွေ ပြန်လည်် ပိုင်ဆိုင်နိုင်ခဲ့ပြီလို့ ခံစားခဲ့ရပါတယ် ။ ဒါဟာ ရာသီကြို ပွဲစဥ်တွေ သွားရောက် ကစားဖို့ အပေါင်း လက္ခဏာဆောင််ကျဥ်းတဲ့ အစပြုမှု တစ်ခုပါပဲ ”

” လက်ရှိ အချိန်မှာတော့ နံပါတ် တစ် အနေနဲ့ အဲရစ် တန်ဟတ် ဘယ်လို ကစားစေလိုသလဲ ၊ အသေးစိတ် အချက််အလက်တွေ ပြီးရင် နှစ် အဲ့တာတွေကို ပျော်ရွှင်ခံစားရေး ကိုပဲ အဓိကထား လုပ်ဆောင်နေခဲ့ရပါတယ် ။ လေ့ကျင့်ရေး အစီအစဥ်ရဲ့ ပထမဆုံး အပါတ်မှာ ကျွန်တော်တို့ 2 ခုလုံး လုပ်နိုင်ခဲ့ကြပါတယ်။ အခုတော့ အားလုံးက ခရီးထွက်ကြဖို့ အတွက် ရှေးရှုနေကြပါပြီ ။ ကျွန်တော်တို့ အားလုံး လေ့ကျင့်ရေးကွင်းထဲမှာ လုပ်ဆောင်ခဲ့တာတွေကို ပွဲစဥ်အတွင်း ပြသနိုင်ဖို့ အတွက် စိတ်လှုပ်ရှားနေကြပါပြီ ”

လို့ ရပ်ရှ်ဖို့ က ပြောခဲ့ပြီး တန်ဟတ်ကို အသင်းမှာ ပိုင်ဆိုင်ရခြင်းက လန်းဆန််းတက်ကြွမှုအသစ် ဖြစ်စေကြောင်း ဆက်ပြောလိုက််ပါတယ် ။ ” ကျွန်တော့်အတွက်တော့ ဒါက လန်းဆန်းတဲ့ Idea တစ်ခု ၊ နည်းစနစ် တစ်ခု ၊ personality တစ်ခုကို အသင်းမှာ ပေါင်းထည့်ခြင်းပဲလို့ ထင်မိပါတယ် ။ ကျွန်တော် သူနဲ့အလုပ််တွဲလုပ်ဖို့ ရှေးရှုနေပါတယ် ။ ဒါပေမဲ့ သူဖြစ်စေချင်တဲ့ ကစားဟန်မှာ အံဝင်ဖို့အတွက် ကျွန်တော်တို့ ကြံ့ခိုင်နေဖို့လည်း လိုအပ်လှပါတယ် ”

” သူ့ရဲ့ ကစားဟန်မှာ သဘာဝကျကျ ကစားပေးနိုင်ဖို့ လိုအပ််ပါတယ် ။ သူ လိုချင်တာလဲ အဲ့တာပဲလေ ။ သူဖြစ်စေချင်သလို လုပ်နိုင်ဖို့အတွက် အချိန်တော့ အနည်းနဲ့အများ ပေးရမှာပါပဲ ။ ဒါဟာ ကျွန်တော်တို့ အားလုံး ရှေးရှုနေကြတဲ့ စိန်ခေါ်မှုကြီး တစ်ခုပါပဲ ” လို့ ပြောလိုက်ပြီး လေ့ကျင့်ရေး အစီအစဥ်နဲ့ ပတ်သက်လို့…”ကျွန်တော်ပြောတာကို အထင်မမှားလိုက်ပါနဲ့ ။ လေ့ကျင့်ရေး အစီအစဥ်က ပြင်းထန်ခဲ့ရပါတယ် ။ ”

“ဒါပေမဲ့ အဲ့တာကို ကျွန်တော်တို့ အားလုံး ပျော်ရွှင်ခံစားနိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ ဘောလုံးကန်လိုက် ပြေးလိုက်ချည်း လုပ်နေခဲ့ကြတာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ရဲ့ အစီအစဥ်က ပျော်စရာကောင်းခဲ့ပါတယ် ။ သူကတော့ အသေးစိတ် အချက်အလက်တွေ သေချာ လိုက်ကြည့်သူပါ ။ သူ့ရဲ့ လက်အောက်မှာ လန်းဆန်းတက််ကြွမှုတွေ အပြည့်ရှိနေခဲ့ပါတယ် ။ အဲ့တာက ကာယပိုင််းအတွက်ရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းစေတယ််လေ ။ ကျွန်တော်တို့ ဆက်လက် တိုးတက်ဖို့ မျှော်လင့်နေကြပါတယ် ” လို့ ရပ်ရှ်ဖို့ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပါတ်ကပဲ နည်းပြသစ် အဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာ လေ့ကျင့်ရေး အစီအစဥ် စတင်ခဲ့ပြီး ကစားသမား အများစု ပူးပေါင်းနိုင်ခဲ့ကြပါတယ် ။ ဒါဟာ ကစားသမားတွေ နဲ့ တန်ဟတ် နဲ့ ပထမဆုံး အကြိမ် အလုပ် လက်တွဲလုပ်ခြင်း ဖြစ်ခဲ့ရပါတယ် ။ အဲရစ် တန်ဟတ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင််းနဲ့ သတင်းထွက်ခဲ့ချိန်မှာ ဒီလောက် ကြီးလေးတဲ့ တာဝန််ကို ထမ်းဆောင်နိုင်ပါ့မလားဆိုပြီး သံသယ ဖြစ်ခံခဲ့ရပါသေးတယ် ။