ညက ကစားသွားခဲ့ကြတဲ့ သြစတေးလျနဲ့ ပြင်သစ်အသင်းတို့ရဲ့ နေရှင်လိဂ် အုပ်စုပွဲစဉ်(၃)မှာတော့ အနိုင်အရှုံး မပေါ်ခဲ့ပဲ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျကာ ပြီးဆုံးသွားခဲ့ပါတယ်။ ညက ပွဲစဉ်မှာ ပြင်သစ်တို့ဟာ အမ်ဘာပေက လွဲရင် အဓိက ကစားသမား အစုံ အလင်နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပေမဲ့ မန်ယူနိုက်တက် နည်းပြဟောင်း ရန်းနက်ခ်ရဲ့ သြစတေးလျကို အနိုင်ယူဖို့အတွက်တော့ လုံလောက်တဲ့ ခြေစွမ်းမျိုးတွေ မရှိခဲ့ ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

နာမည်ကြီး ပြင်သစ်တို့ဟာ အုပ်စုပွဲစဉ် (၃)ပွဲကစားပြီးချိန်မှာ နိုင်ပွဲ တစ်ပွဲမှ ရရှိထား ခြင်းမရှိသေးပဲ (၂)ပွဲ သရေ (၁)ပွဲ ရှုံးနဲ့ ရလဒ်တွေနဲ့ နေရှင်လိဂ် အုပ်စု(၁)မှာ ဇယားအောက်ဆုံးကို ရောက်ရှိလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ အုပ်စု ပထမပွဲစဉ်ဖြစ်တဲ့ ဒိန်းမတ်နဲ့ ပွဲစဉ်မှာဒိန်းမတ်ကို ပြင်သစ်မြေမှာ ရှုံးနိမ့်ခဲ့ရသလို ခရိအေးရှားနဲ့ သြစတေးလျ တို့ကလည်း တစ်ဂိုးစီနဲ့ သရေကျခဲ့ရပါတယ်။

လက်ရှိ ပြင်သစ် အသင်းရဲ့ ကွင်းလယ်မှာမန်ယူနိုက်တက် ကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ ပေါ့ဘာနဲ့ ချဲလ်ဆီး ကွင်းလယ်လူ ကန်တေတို့ ပါဝင် ခြင်းမရှိတာကြောင့် ပြင်သစ်တို့ အားနည်းသွားရတာလားဆိုတာကတော့ မေးခွန်းထုတ်စရာ အခြေအနေတစ်ခု အဖြစ်ရှိနေမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ခံလူ ဗာရန်းတစ်ယောက် ဒိန်းမတ်နဲ့ ပွဲစဉ်မှာကတည်းက ဒဏ်ရာရရှိသွားခဲ့ပြီး ပြင်သစ် အသင်းရဲ့ နေရှင်လိဂ် လူစာရင်းကနေ နုတ်ထွက် သွားခဲ့ရတာကလည်း ပြင်သစ်အသင်းရဲ့ နောက်တန်းကို အားနည်းမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ညကပွဲစဉ်မှာဆိုရင် ပြင်သစ်တို့ဟာ သြစတေးလျကို ဘောလုံးပိုင်ဆိုင်မှု အသာ၊ ဂိုးပေါက် ခြိမ်းခြောက်မှု အသာတွေနဲ့ ထိန်းချုပ်ကစားသွားနိုင်ခဲ့ပေမဲ့ ဒိန်းမတ်ကစားသမား ဝိုင်မန်းရဲ့ ပွဲကစားချိန် (၃၇)မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ ဦးဆောင် ခြင်းကိုတောင် ခံခဲ့ရတာပါ။ ဂိုး ရရှိဖို့ အခွင့် အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမဲ့လည်း အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် ပြင်သစ်တို့ ဂိုးရရှိခဲ့ ခြင်းတော့ မရှိခဲ့ပါဘူး။ ပြင်သစ်တို့ဟာ သြစတေးလျ ဂိုးပေါက်ကို ဂိုးပေါက်ကန်သွင်းမှု (၁၅)ကြိမ်နဲ့ ဂိုးပေါက်တည့်မတ်မှု (၇)ကြိမ် အထိ ရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲကစားချိန် (၈၃)အရောက်မှသာ လူစားဝင်ကစားသမားတွေ ဖြစ်ကြတဲ့ အန်ကန်ကုရဲ့ ဖန်တီးပေးမှုကနေ တဆင့် အမ်ဘာပေက ပြင်သစ်အတွက် အဖိုးတန် ခြေပဂိုး တစ်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပြီး ပြင်သစ်တို့ အသက် ရှုချောင်ခဲ့ရတာ ဖြစ်ပါတယ်။ ဆိုတော့ လက်ရှိ ပြင်သစ်အသင်းရဲ့ အခြေအနေက အုပ်စု အဆင့်ကနေ တက်ဖို့တောင် အသည်းအသန်ရုန်းကန်ရတော့မှာ ဖြစ်ပြီး ခရိုအေးရှား၊ ဒိန်းမတ်၊ သြစတေးလျတို့နဲ့ ကန်ရမယ့် အုပ်စု ဒုတိယ ပွဲစဉ်တွေမှာ သတိကြီးကြီး ထား ကစားရတော့မှာ ဖြစ်ပါတယ်။

အုပ်စုတွင်း ခရိုအေးရှား၊ ဒိန်းမတ်နဲ့ သြစတေးလျ တို့ ကစားသမားအင်အားပိုင်း များစွာ သာလွန်နေတဲ့ အသင်းတစ်သင်း ဖြစ်နေပေမဲ့လည်း ပြင်သစ်တို့ရဲ့ ပုံစံက အကောင်းဆုံး အခြေအနေမှာ ရှိနေခဲ့ ခြင်း မရှိခဲ့ပါဘူး။ ကမ္ဘာ့ ပြိုင်ပွဲနီးကပ်လာလို့ လက်ရှိ ကျင်းပလျက်ရှိနေတဲ့ နေရှင်လိဂ်ကို တမင် ခြေချန်ပြီးတော့ပဲ ကစားနေတာလား၊ ဒါမှမဟုတ် ပြင်သစ်အသင်းရဲ့ တကယ့် စွမ်းဆောင်ရည်တွေကပဲ ကျဆင်းလာခဲ့တာ လားဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဆိုတော့ ပြင်သစ်တို့ အတွက် နေရှင်လိဂ်မှာ အုပ်စုတွင်းကနေ တက်ရောက်ဖို့ဆိုရင် လက်ကျန် (၃)ပွဲမှာ ရလဒ်ကောင်းတွေ ရယူသွားနိုင်ဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။

ZAWGYI: ညက ကစားသွားခဲ့ကြတဲ့ သြစတေးလျနဲ့ ပြင်သစ်အသင်းတို့ရဲ့ နေရှင်လိဂ် အုပ်စုပွဲစဉ်(၃)မှာတော့ အနိုင်အရှုံး မပေါ်ခဲ့ပဲ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျကာ ပြီးဆုံးသွားခဲ့ပါတယ်။ ညက ပွဲစဉ်မှာ ပြင်သစ်တို့ဟာ အမ်ဘာပေက လွဲရင် အဓိက ကစားသမား အစုံ အလင်နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပေမဲ့ မန်ယူနိုက်တက် နည်းပြဟောင်း ရန်းနက်ခ်ရဲ့ သြစတေးလျကို အနိုင်ယူဖို့အတွက်တော့ လုံလောက်တဲ့ ခြေစွမ်းမျိုးတွေ မရှိခဲ့ ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။