မကြာသေးမီကမှ သူ့ကို ခေါ်ယူဖို့အတွက် စတုဂါ့ထ်အသင်းကို ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သူ့အနေနဲ့ တံခါးဖွင့်ထားကြောင်း တိုက်စစ်မှူး ဆာရှာ ကာလိုက်ဂျစ်ချ်က ဝန်ခံပြောကြားလာခဲ့ပါတယ်။ အဲရစ် တန်ဟာ့ဂ်အနေနဲ့ သူ့ရဲ့အသင်းသစ်အတွက် ပစ်မှတ်ကစားသမားတွေကို ကြိုးစားပမ်းစားနဲ့ ရှာဖွေနေတာဖြစ်ပြီး အက်ဒင်ဆန် ကာဗာနီရဲ့ထွက်ခွါမှု၊ အန်ထော်နီ မာစီယဲလ်ရဲ့ မရှင်းလင်းတဲ့ အနာဂါတ်နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ နေရာတွေထဲက တစ်ခုက နံပါတ် ၉ နေရာဖြစ်နေတာပါ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ အသင်းရဲ့တိုက်စစ်ပြဿနာကို ဒိုင်ခံဖြေရှင်းနေရပေမယ့် ပွဲတိုင်းကစားဖို့အတွက်တော့ မမျှော်လင့်သင့်သလို Kicker သတင်းဌာနကတော့ ကာလိုက်ဂျစ်ချ်အနေနဲ့ သရဲနီတို့အတွက် Plan B ဖြစ်လာနိုင်ချိန်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းတည်းနဲ့ ရနိုင်တာလည်း ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးအနေနဲ့ လက်ရှိမှာတော့ ဩစတြီးယားလက်ရွေးစင်အသင်းအတွက် ကစားပေးနေရပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ယာယီကိုင်တွယ်ခဲ့တဲ့ မန်နေဂျာ ရာ့ဖ် ရန်းနစ်ခ်လက်အောက်မှာ ကစားနေရသလို အပြောင်းအရွှေ့ကိစ္စရပ်နဲ့ ပတ်သက်ပြီး မေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။

ကာလိုက်ဂျစ်ချ်က “ဘယ်အရာမှ မေးခွန်းရဲ့ပြင်ပမှာမရှိပါဘူး။ ကျွန်တော်ကတော့ အရာအားလုံးအတွက် တံခါးဖွင့်ထားပါတယ်”လို့ ပြောလာခဲ့ပါတယ်။ ဆက်လက်ပြီး သူက “အလျင်စလို လုပ်ရမယ့်အလုပ် မရှိပါဘူး။ ဘယ်အရာက ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်မှာလဲဆိုတာ ရှာဖွေရမယ့်ကိစ္စပါ။ နောက်ထပ်ခရီးစဉ်က ဘယ်နေရာလဲဆိုတာတော့ ကျွန်တော်လည်း မသိသေးဘူး။ နောက်ကွယ်မှာတော့ အရာအများကြီး ဖြစ်ပျက်နေကြတာပဲ”လို့ ပြောလာခဲ့ပါတယ်။

အရပ် ၆ ပေ ၇ လက်မအထိမြင့်မားတဲ့ ကာလိုက်ဂျစ်ချ်အနေနဲ့ ဘွန်ဒက်စ်လီဂါမှာ အရပ်အမောင်း အမြင့်မားဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ကစားပုံက အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး ပီတာ ခရောက်ချ်နဲ့ ခပ်ဆင်ဆင်လို့တောင် ဆိုနိုင်ပါတယ်။ သူ့အနေနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ နာမည်ရလာတာဖြစ်ပြီး အဆိုပါဘောလုံးရာသီတုန်းက စတုဂါ့ထ်အသင်းအတွက် ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ဒဏ်ရာပြဿနာက သူ့ရဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပွဲကစားခွင့်ကို ပြင်းပြင်းထန်ထန်ကန့်သတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက နောက်ဆုံး ၁၁ ပွဲအတွင်း သွင်းယူခဲ့တဲ့ သူ့ရဲ့ သွင်းဂိုး ၆ ဂိုးကတော့ အသင်းရဲ့ တန်းဇင်းဇုန်တိုက်ပွဲကနေ လွတ်မြောက်စေခဲ့တာဖြစ်ပြီး ဒါကလည်း သူသာ ကြံ့ခိုင်မှုပြည့်နေရင် ကာလိုက်ဂျစ်ချ်ဆိုတာ အတော်အန္တရာယ်ရှိတဲ့ တိုက်စစ်မှူးတစ်ဦးလို့ သက်သေပြလိုက်တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ သူ့ကို ခေါ်ယူဖို့အတွက်ဆိုရင် ပြိုင်ဆိုင်ရဦးမှာဖြစ်ပြီး သူ့အနေနဲ့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး အာလင်း ဟော်လန်းနေရာကို အစားထိုးဖို့အတွက် တိုက်စစ်မှူးရှာပုံတော်ဖွင့်နေတဲ့ ဒေါ့မွန်အသင်းနဲ့လည်း ချိတ်ဆက်မှုတွေရှိနေတာဖြစ်ပါတယ်။

ZAWGYI: မကြာသေးမီကမှ သူ့ကို ခေါ်ယူဖို့အတွက် စတုဂါ့ထ်အသင်းကို ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သူ့အနေနဲ့ တံခါးဖွင့်ထားကြောင်း တိုက်စစ်မှူး ဆာရှာ ကာလိုက်ဂျစ်ချ်က ဝန်ခံပြောကြားလာခဲ့ပါတယ်။ အဲရစ် တန်ဟာ့ဂ်အနေနဲ့ သူ့ရဲ့အသင်းသစ်အတွက် ပစ်မှတ်ကစားသမားတွေကို ကြိုးစားပမ်းစားနဲ့ ရှာဖွေနေတာဖြစ်ပြီး အက်ဒင်ဆန် ကာဗာနီရဲ့ထွက်ခွါမှု၊ အန်ထော်နီ မာစီယဲလ်ရဲ့ မရှင်းလင်းတဲ့ အနာဂါတ်နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ နေရာတွေထဲက တစ်ခုက နံပါတ် ၉ နေရာဖြစ်နေတာပါ။