ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး ကစားသမားကလည်း လန်ဒန်မြေကို လာကစားချင်နေပါတယ်။ တူချယ်ဟာ အားနည်းနေတဲ့နောက်တန်းနေရာအတွက် နယ်သာလန်သားကို ခေါ်ယူအားဖြည့်လိုနေပြီး လက်ရှိအသင်းရဲ့ နောက်တန်းမှာ အားထားရတဲ့သူတွေဖြစ်တဲ့ ရူဒီဂါ နဲ့ ခရစ္စတီယန်ဆန်တို့ ထွက်ခွာခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားဟာ အေဂျက်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ၂၀၁၉ တုန်းက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလစ်တစ်ယောက် စီးရီးအေမှာ အထိုင်ကျဖို့ ရုန်းကန်နေခဲ့ရပြီး တူရင်ကလပ်ဘက်ကလည်း ရောင်းချဖို့ ပြင်ဆင်လာပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ပ်ဘိုဟီလေကတော့ အသင်းရဲ့လူအင်အားကိုဖြည့်တင်းပေးဖို့ ပြင်ဆင်နေကာ ဒီလစ်ဂျ်ကို ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းထားပါတယ်။ နယ်သာလန်သားဟာ အင်္ဂလန်မြေမှာ လာရောက်ကစားချင်နေပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှုကလည်း မခက်ခဲနိုင်တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်က ဒီလစ်ကို ပေါင် ၇၅ သန်းနဲ့ ရောင်းချဖြစ်ခဲ့ရင် နာပိုလီနောက်ခံလူ ကူလီဘာလေနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ မန်စီးတီးစတား စတာလင်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး ရာဖင်ဟာကိုလည်း လက်မလျှော့သေးတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးခံစစ်မှူး ခရစ္စတန်ဆန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ ခံစစ်မှူးဟာ ဇွန်လကုန်မှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ခဲ့ပြီးနောက် နူးကမ့်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ်သားဟာ ဘာစီလိုနာနဲ့ ၄နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း၅၀၀ ထည့်သွင်းထားခဲ့ပါတယ်။

ခရစ္စတန်ဆန်ကို ဘာစီလိုနာက ကာလရှည်ချိတ်ဆက်ခဲ့ပြီးနောက် ကစားသမားက ချဲလ်ဆီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာစီလိုနာဥက္ကဌ လာပေါ်တာကတော့ ခရစ္စတန်ဆန်ရဲ့ အပြောင်းအရွှေ့ကို စနေနေ့ကတည်းက အတည်ပြုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အေစီမီလန်ကွင်းလယ်လူ ဖရန့် ကတ်ဆီကို ခေါ်ယူခဲ့ပြီးနောက် ဒုတိယမြောက် ခေါ်ယူမှုအဖြစ် ခရစ္စတန်ဆန်ကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ခရစ္စတန်ဆန်ဟာ ချဲလ်ဆီးကို ၂၀၁၂ခုနှစ်ကတည်းက ရောက်လာခဲ့ပြီး ၂နှစ်အကြာမှာ ပရော်ဖက်ရှင်ပွဲထွက်ခွင့်ရခဲ့ကာ အသင်းအတွက် ၁၆၇ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။ ခရစ္စတန်ဆန်ဟာ ချဲလ်ဆီးကစားသမားဘ၀ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပ စူပါလိဂ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ခရစ္စတန်ဆန်နဲ့ ကတ်ဆီတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူရေးမှာ ဆက်လက်အာရုံစိုက်သွားဖို့ ရှိနေပါတယ်။

ZAWGYI: ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး ကစားသမားကလည်း လန်ဒန်မြေကို လာကစားချင်နေပါတယ်။ တူချယ်ဟာ အားနည်းနေတဲ့နောက်တန်းနေရာအတွက် နယ်သာလန်သားကို ခေါ်ယူအားဖြည့်လိုနေပြီး လက်ရှိအသင်းရဲ့ နောက်တန်းမှာ အားထားရတဲ့သူတွေဖြစ်တဲ့ ရူဒီဂါ နဲ့ ခရစ္စတီယန်ဆန်တို့ ထွက်ခွာခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားဟာ အေဂျက်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ၂၀၁၉ တုန်းက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။