ဘာဆီလိုနာဆီက ဖရန်ကီဒီယောင်ကိုခေါ်ဖို့ ဖိုင်နယ်ကမ်းလှမ်းမှုကို မန်ချက်စတာယူနိုက်တက်တို့ပြင်ဆင်နေကြပြီး ဒီအထဲမှာ သူ့ရဲ့လုပ်ခလစာ တပတ်ပေါင်လေးသိန်းခွဲအတိုင်းပေးဖို့၊ ဘာဆီလိုနာတို့က ဒီယောင်ကိုပေးရမယ့်အကြွေး ပေါင် ၁၇ သန်းတို့ကိုစိုက်ရှင်းမယ့် အစီအစဉ်တွေပါပါဝင်တယ်လို့ သိရပါတယ်။ တန်ဟဂ်က သူ့ရဲ့အဓိကပစ်မှတ်ကိုရဖို့ ဘာပဲလုပ်ရလုပ်ရ နောက်ဆုံးအကြိမ်ကြိုးပမ်းမှာဖြစ်ပါတယ်။ ကလပ်နှစ်ခုနဲ့ ကစားသမားကြားမှာ နောက်ဆုံးရက်သတ္တပတ်ကိုဝင်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပြီး ဒီယောင်ကိုရဖို့ မန်ယူတို့ရဲ့ကြိုးစားမှုဟာ ဒီနွေရာသီရဲ့ အကြီးဆုံးအပြောင်းအရွှေ့ဒရမ်မာတခု ထင်မထားဘဲ ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့လက်ရှိလုပ်ခလစာဖြစ်တဲ့ တပတ်ပေါင်လေးသိန်းခွဲနဲ့ ကိုက်ညီအောင်ပေးဖို့ မန်ယူတို့ကဆန္ဒရှိနေပြီး ဒီလိုသာဆိုရင် သူက ကလပ်ရဲ့လစာအများဆုံးကစားသမားဖြစ်လာမှာပါ။ လစာတင်အများဆုံးပေးရုံမကဘဲ ဘာဆီလိုနာတို့က ဒီယောင်ကိုပေးစရာရှိတဲ့လစာတွေ ရွှေ့ဆိုင်းထားရင်း ပုံနေတဲ့အကြွေးပေါင် ၁၇ သန်းကိုပါ မန်ယူတို့က ကြားကနေစိုက်ဆပ်ပေးဦးမှာဖြစ်တယ်လို့ စပိန်သတင်း sport ရဲ့အဆိုအရသိရပါတယ်။ ဘာဆီလိုနာတို့က သူတို့ရဲ့အမေရိကားနယ်လှည့်ခရီးကပြန်လာရင် ဒီယောင်ရဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဖို့ မန်ယူနိုက်တက်အပြောင်းအရွှေ့အကြီးအကဲတွေ ကြိုးစားကြမှာဖြစ်တယ်လို့ သိထားပါတယ်။

အိုင်းယက်စ်ကွင်းလယ်ကစားသမားဟောင်းကို အိုးထရက်ဖို့ဒ်အရောက်ခေါ်ဖို့အတွက် လက်ရှိအချိန်ထိ အဓိက ပြဿနာတက်နေတဲ့ကိစ္စက သူ့ရဲ့များပြားလွန်းတဲ့လုပ်ခလစာကြောင့် ဖြစ်ခဲ့တာပါ။ ပေါင် ၇၄ သန်းတန်တဲ့အရောင်းအဝယ်သဘောတူညီမှုကို ဘာဆီလိုနာနဲ့ မန်ယူတို့ကြား သဘောတူညီမှုရရှိထားပြီးဖြစ်ပေမဲ့ ကစားသမားကိုယ်တိုင်က ဘာဆီလိုနာကမခွာချင်သလို မန်ယူကိုလည်း မလာချင်တာဖြစ်ပါတယ်။ ဘာဆီလိုနာတို့က ဘဏ္ဍာရေးအကြပ်အတည်းဆိုက်နေပေမဲ့လည်း လီဝမ်ဒေါစကီး၊ ရာဖင်းညာ၊ ယူးစ်ခွန်ဒယ်၊ ဖောင့်န်စ်ကက်ဆီယယ်၊ အန်ဒရီးယာ့စ်ခရစ်စတီယန်ဆန်တို့အားလုံးခေါ်ထားပြီး ပေါင်သန်းတရာကျော် သုံးစွဲထားပါတယ်၊

ဒါပေမဲ့ ဒီယောင်က ဘာကာမှာပဲဆက်နေဖို့ အခိုင်အမာဆက်လက်ရပ်တည်မယ်ဆိုရင်တော့ သူက လစာလျှော့ချပေးဖို့ သဘောတူရမှာဖြစ်ပါတယ်။ ဒီယောင်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး ဘာကာဘော့စ်ဇာဗီကိုမေးတဲ့အခါ “ဒီမှာ သူဆက်နေတော့မလား ကျနော်မသိပါဘူး။ ကျနော်က ဖရန်ကီကို ဘယ်တုန်းကမှ မက်ဆေ့တစောင်မပို့ဖူးပါဘူး။ အချိန်တွေရှိနေဆဲဖြစ်ပြီး သြဂုတ် ၃၁ မတိုင်ခင်အထိ ကိစ္စတွေအများကြီးဖြစ်နိုင်နေဆဲပါ။”

“အခြားပွဲတွေမှာ ဗဟိုခံစစ်မှူးတယောက်အဖြစ်နဲ့ သူကစားခဲ့ရတဲ့အချက်ဟာ သူထွက်ခွာတော့မယ့် လက္ခဏာတခုမဟုတ်ခဲ့ပါဘူး။ ကျနော်က ဘာဂိမ်းမှကစားနေပါဘူး။” လို့ ဖြေခဲ့ပါတယ်။ ၂၅ နှစ်အရွယ်ကွင်းလယ်ကစားသမားက ဥရောပထိပ်တန်းပြိုင်ပွဲမှာပဲကစားဖို့ စိတ်အားထက်သန်နေတာဖြစ်လို့ မန်ယူတို့က ချန်ပီယံလိဂ်ဘောလုံးမပေးနိုင်တဲ့အချက်လည်း သူတို့ရဲ့ကြိုးစားမှုတွေကို ပိုမိုခက်ခဲစေတာဖြစ်ပါတယ်။ အဲရစ်တန်ဟဂ်က သူ့ကို ဒီနွေရာသီအတွက် အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားတာပါ၊ ဒါပေမဲ့ အဆုံးအထိမအောင်မြင်ခဲ့ရင် အစားထိုးရွေးချယ်ဖို့ကိုလည်း စတင်လျာထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အခြားပစ်မှတ်များကတော့ စတုဂတ်တိုက်စစ်မှူး ဆာဆာကာလက်ဂျစ်နဲ့ အာဘီဆော့လ်ဘာ့ဂ်က ဘင်ဂျမင်ဆက်စကိုတို့ဖြစ်ပါတယ်။ သြစတြီးယားသား ကာလက်ဂျစ်ဟာ အရပ် ၆ ပေ ၇ လက်မတောင်မြင့်ပြီး မန်ယူတို့လိုချင်ရင် ပေါင် ၁၇ သန်းဝန်းကျင်လောက်နဲ့ရနိုင်ပါတယ်။ သူက စတုဂတ်ကို ၂၀၁၉ မှာရောက်လာတာဖြစ်ပြီး ပွဲပေါင်း ၅၇ ပွဲအတွင်း ၂၄ ဂိုးသွင်းထားပါတယ်။ ဆက်စကိုကတော့ ဆော့လ်ဘာ့ဂ်တို့အတွက် ၄၁ ပွဲအတွင်း ၁၃ ဂိုးသွင်းထားပြီး ၂၀၁၉-၂၀၂၁ အတွင်း FC Liefering မှာ အငှားသွားကစားခဲ့တဲ့အတွေ့အကြုံရှိပါတယ်။

ZAWGYI: ဘာဆီလိုနာဆီက ဖရန်ကီဒီယောင်ကိုခေါ်ဖို့ ဖိုင်နယ်ကမ်းလှမ်းမှုကို မန်ချက်စတာယူနိုက်တက်တို့ပြင်ဆင်နေကြပြီး ဒီအထဲမှာ သူ့ရဲ့လုပ်ခလစာ တပတ်ပေါင်လေးသိန်းခွဲအတိုင်းပေးဖို့၊ ဘာဆီလိုနာတို့က ဒီယောင်ကိုပေးရမယ့်အကြွေး ပေါင် ၁၇ သန်းတို့ကိုစိုက်ရှင်းမယ့် အစီအစဉ်တွေပါပါဝင်တယ်လို့ သိရပါတယ်။ တန်ဟဂ်က သူ့ရဲ့အဓိကပစ်မှတ်ကိုရဖို့ ဘာပဲလုပ်ရလုပ်ရ နောက်ဆုံးအကြိမ်ကြိုးပမ်းမှာဖြစ်ပါတယ်။ ကလပ်နှစ်ခုနဲ့ ကစားသမားကြားမှာ နောက်ဆုံးရက်သတ္တပတ်ကိုဝင်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပြီး ဒီယောင်ကိုရဖို့ မန်ယူတို့ရဲ့ကြိုးစားမှုဟာ ဒီနွေရာသီရဲ့ အကြီးဆုံးအပြောင်းအရွှေ့ဒရမ်မာတခု ထင်မထားဘဲ ဖြစ်လာခဲ့ပါတယ်။