ဘာစီလိုနာအသင်းအနေနဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူခဲ့တဲ့ ခေါ်ယူမှုတွေကတော့ များပြားလှတဲ့ ပရိသတ်တွေကို ရှုပ်ထွေးစေခဲ့ပြီး ဒီကစားသမားတွေ ခေါ်ယူဖို့အတွက် ငွေတွေအားလုံးကို ဘယ်ကလာတယ်ဆိုတာ ဘယ်သူမှလည်း နားမလည်နိုင်ဖြစ်နေကြမှာပါ။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီယွန်းအနေနဲ့ အသင်းရဲ့ ငွေကြေးပြဿနာတွေကို ဖြေလျှော့ဖို့အတွက် အသင်းပြောင်းဖို့ မျှော်လင့်ထားကြပေမယ့် သူက ဆက်ရှိနေပြီး အသင်းကလည်း ငွေသုံးကြမ်းနေသေးသလို သူသာ အသင်းပြောင်းခဲ့မယ်ဆိုရင်တောင် မန်ချက်စတာစီးတီးအသင်းက ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့အတွက် ကြံရွယ်နေတာဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားအနေနဲ့ အသင်းကနေ ထွက်ခွါဖို့အတွက် အတားအဆီးဖြစ်စေတဲ့ အချက်တစ်ချက်ကတော့ ဘာစီလိုနာအသင်းကိုယ်တိုင် ဖန်တီးထားတာဖြစ်ပြီး လုပ်ခလစာကြွေးကျန် ယူရို ၁၇ သန်းကို ကစားသမားဘက်က အသင်းက ထွက်ခွါတာနဲ့ တစ်ပါတည်း ယူဆောင်လိုနေသလို အကြွေးရစရာရှိတာလည်း သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ SPORT သတင်းဌာနရဲ့ဖော်ပြချက်အရ စပိန်အင်အားကြီးကလပ်အနေနဲ့ တိုက်စစ်မှူး မာတင် ဘရိတ်ဝေ့သ်ကိုလည်း အသင်းကနေ ထွက်ခွါစေချင်နေတာဖြစ်ပြီး ကစားသမားဘက်ကလည်း အသင်းရဲ့အစီအစဉ်တွေမှာ မပါဝင်ဘူးဆိုတဲ့အချက်ကို လက်ခံထားသလို အသင်းကနေ ထွက်ခွါဖို့ အဆင်သင့်ဖြစ်နေကြောင်း သိရပါတယ်။

မစ်ဒဲလ်စ်ဘရော့ဂ်အသင်းနဲ့ လီဟာနက်စ်တိုက်စစ်မှူးဟောင်းကတော့ သူ့ကို ဝယ်ယူမယ့်အသင်းကို ရှာဖွေဖို့အတွက်တောင် ကွင်းထဲမှာတင်မဟုတ်ဘဲ ဈေးကွက်ထဲမှာပါ ရုန်းကန်နေခဲ့ရပြီးနောက် အသင်းကနေ ထွက်ခွါဖို့အတွက် တွန်းအားပေးခံရမှာမဟုတ်ကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးအနေနဲ့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး ဝယ်မယ့်အသင်းလည်းမရှိသလို ကာတာလန်ကလပ်ကတော့ ပြောင်းရွှေ့ကြေးမယူဘဲ အလကားထွက်ခွါခွင့်ပေးဖို့အတွက် ကစားသမားဘက်က လက်ခံဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ကစားသမားအတွက် လျော်ကြေးပေးကာ စာချုပ်ဖျက်သိမ်းနိုင်ဖို့အတွက် ဘာစီလိုနာအသင်းဘက်က မျှော်လင့်ထားနေပေမယ့်လည်း ဘရိတ်ဝေ့သ်ကတော့ သူ့ရဲ့လက်ကျန်လုပ်ခလစာကို ၂ နှစ်စာအပြည့်ရယူပြီးမှသာ ထွက်ခွါဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒါကလည်း ကလပ်အသင်းဘက်ကကြည့်ရင် ပိုလို့တောင် သဘောတူညီသင့်နေပြီး ဒီလိုမှ လစာငွေကို ပေးစရာရှိတာ မပေးထားခဲ့ရင် သူ့ရဲ့လုပ်ခလစာကို နောက်ထပ်ဘောလုံးရာသီ ၂ ခုစာအတွက် စပိန်လာလီဂါရဲ့ လစာစာရင်းမှာ ပါဝင်နေမှာကြောင့်ပဲဖြစ်ပါတယ်။

ဘရိတ်ဝေ့သ်အနေနဲ့ စာချုပ်အရတော့ အသင်းဆီက ရစရာ လစာကြွေးကျန်နဲ့ ထိုက်တန်ပေမယ့်လည်း အဆိုပါတိုက်စစ်မှူးက အသင်းရဲ့ ကစားသမားတွေထဲမှာ အချမ်းသာဆုံးကစားသမားဖြစ်နေတာကတော့ အံ့အားသင့်စရာဖြစ်ပါတယ်။ ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးအနေနဲ့ သူ့ရဲ့ဦးလေးဖြစ်သူနဲ့အတူ အမေရိကန်ပြည်ထောင်စုမှာ ယူရိုသန်း ၂၅၀ တန် အိမ်ခြံမြေပိုင်ဆိုင်ပြီး ဖက်ရှင်အမှတ်တံဆိပ်တစ်ခုနဲ့အတူ စားသောက်ဆိုင်တစ်ဆိုင်ကိုလည်း ပိုင်ဆိုင်ထားတဲ့အပြင် ကစားသမားဘဝကနေလည်း တစ်နှစ်လုပ်ခ ယူရို ၄ သန်းရရှိနေတာဖြစ်ပါတယ်။

ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းအနေနဲ့ ကြီးကြီးမားမားငွေကြေးသုံးစွဲမှုတွေ ပြုလုပ်နိုင်ဖို့အတွက် အသင်းအနေနဲ့ “ဘဏ္ဍာရေးဆိုင်ရာ အရှိန်မြှင့်တင်ခြင်း ၃ ဆင့်”ကို စတင်အသုံးပြုရမှာဖြစ်ပြီး ဘရိတ်ဝေ့သ်ကတော့ အသင်းကို ငွေနည်းနည်းပြန်ချေးပေးနိုင်တဲ့ အနေအထားမှာတော့ ရှိနေပါတယ်။ ဘာစီလိုနာအသင်းကိုလည်း နာမည်ကျော်ကစားသမားတွေဖြစ်ကြတဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ ရာဖင်ညာ၊ ဂျူးလ်စ် ခွန်ဒီ၊ အန်ဒရေ ခရစ္စတီယန်ဆန်နဲ့ ဖရွန့်ခ် ကက်ဆီယေးတို့က ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောက်ရှိလာခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။

ZAWGYI: ဘာစီလိုနာအသင်းအနေနဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူခဲ့တဲ့ ခေါ်ယူမှုတွေကတော့ များပြားလှတဲ့ ပရိသတ်တွေကို ရှုပ်ထွေးစေခဲ့ပြီး ဒီကစားသမားတွေ ခေါ်ယူဖို့အတွက် ငွေတွေအားလုံးကို ဘယ်ကလာတယ်ဆိုတာ ဘယ်သူမှလည်း နားမလည်နိုင်ဖြစ်နေကြမှာပါ။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီယွန်းအနေနဲ့ အသင်းရဲ့ ငွေကြေးပြဿနာတွေကို ဖြေလျှော့ဖို့အတွက် အသင်းပြောင်းဖို့ မျှော်လင့်ထားကြပေမယ့် သူက ဆက်ရှိနေပြီး အသင်းကလည်း ငွေသုံးကြမ်းနေသေးသလို သူသာ အသင်းပြောင်းခဲ့မယ်ဆိုရင်တောင် မန်ချက်စတာစီးတီးအသင်းက ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့အတွက် ကြံရွယ်နေတာဖြစ်ပါတယ်။