အပြောင်းအရွှေ့ စပယ်ရှယ်လစ် သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ ဖရန်ကီဒီယောင်းကိုသာ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ သူတို့ရဲ့ပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ ပစ်မှတ် ယိုရီတီလေမန်းစ်ကို အာဆင်နယ်နဲ့ အပြိုင်လုလာနိုင်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ၂၀၂၂ခုနှစ် နွေဈေးကွက်တစ်လျှောက်လုံး နယ်သာလန် ကွင်းလယ်လူ ဒီယောင်းကိုသာ ဦးစားပေး ကမ်းလှမ်းနေတာ ဖြစ်ပေမယ့်လည်း လက်ရှိ ကြားသိထားရတဲ့ သတင်းတွေအရ ဒီယောင်းအနေနဲ့ ယူနိုက်တက်ရော ချယ်လ်ဆီးရော ဘယ်အသင်းကိုမှ ပြောင်းရွှေ့လိုခြင်းမရှိပဲ

ဘာစီလိုနာမှာပဲ သူရဲ့ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းချင်နေတာဖြစ်လို့ ယူနိုက်တက်က ဒီယောင်းကို သေချာပေါက် လက်လျှော့ပြီဆိုတာနဲ့ လက်စတာအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ တီလေမန်းစ်ဘက်ကို အာရုံပြန်ရောက်လာနိုင်တယ်လို့ ဖာဘရီဇီယိုက မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား တီလေမန်းစ်ဟာ ၂၀၁၉ခုနှစ်ကတည်းက မိုနာကိုကနေ လက်စတာအသင်းဆီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး အခုဆိုရင် လက်စတာကွင်းလယ်မှာ အဓိကကျတဲ့ ကစားသမားတစ်ဦးအဖြစ်ပါ သတ်မှတ်ခံနေရပြီ ဖြစ်ပါတယ်။

ဒါပေမယ့် တီလေမန်းစ်ဟာ လက်ရှိမှာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့ပြီး ကစားသမားကိုယ်တိုင်ကလည်း ကစားသမားဘဝ level တစ်ခု မြင့်တတ်စေဖို့အတွက် သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းကြီးတွေထဲကမှ တစ်သင်းသင်းဆီကို ပြောင်းရွှေ့ချင်နေပါတယ်။ လတ်တလောမှာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်နေတဲ့ တီလေမန်းစ်ဟာ သူကိုယ်တိုင်လည်း အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ချင်နေတယ်ဆိုပေမယ့် ယူနိုက်တက်ဘက်ကလည်း ဒီယောင်းကိုသာ မရရှိခဲ့ရင် plan b အဖြစ်နဲ့ တီလေမန်းစ်ကို ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူနိုက်တက်က ဒီယောင်းကို မခေါ်ယူနိုင်ရင် တီလေမန်းစ်နဲ့ ရူဘင်နေဗက်စ်တို့ကို ကမ်းလှမ်းမယ်လို့ သတင်းထွက်နေပေမယ့် ဖာဘရီဇီယိုကတော့ တီလေမန်းစ်သာ ယူနိုက်တက်ရဲ့ plan b ဖြစ်လာနိုင်တယ်လို့ သုံးသပ်သွားပါတယ်။ လက်ရှိအခြေအနေအရ တီလေမန်းစ်ကို အပြိုင်လုရနိုင်တဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်ဟာ အိုင်းယတ်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဆောက်သမ်တန် ညာနောက်ခံလူ ဝေါ်ကာပီတာစ်တို့ကိုပါ အပြိုင်ပစ်မှတ်ထားလျက် ရှိနေပါတယ်။

တစ်ဖက်မှာလည်း လက်ရှိ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက လာမယ့်ရာသီမှာလည်း အသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ယူမယ်လို့ တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။ အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းမှာ တန်ကြေးအမြင့်ဆုံး နောက်ခံလူ တဦး အဖြစ် မှတ်တမ်းဝင်ထားတဲ့ ကစားသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၇သန်း အထိ အသုံးပြုခဲ့ရပါတယ်။

မက်ဂွိုင်းယားကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ စတင် ရောက်ရှိလာတဲ့ ပထမဦးဆုံး နှစ်ရာသီမှာ အသင်းရဲ့ မရှိမဖြစ် နောက်ခံလူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး အသင်းခေါင်းဆောင် ရာထူးကိုပါ လက်ခံ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ မက်ဂွိုင်းယားရဲ့ ခြေစွမ်းက အတော်လေး ဆိုးရွားခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ် အများစုက မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားဖို့ အသင်းကို တောင်းဆိုလာကြပြီး မက်ဂွိုင်းယားအစား အသင်းခေါင်းဆောင်ဟောင်း ဒီဂီယာကိုသာ အသင်းခေါင်းဆောင် အဖြစ် ပြန်ခန့်ဖို့ တိုက်တွန်း ပြောဆိုထားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ် ရောက်ရှိလာချိန်မှာလည်း အဆိုပါ တောင်းဆိုမှုတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပေမယ့် တန်ဟက်ဂ်ကတော့ မက်ဂွိုင်းယားဟာ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နိုင်တဲ့ အရည်အသွေးတွေ ရှိတာကြောင့် မက်ဂွိုင်းယားကိုသာ အသင်းခေါင်းဆောင် အဖြစ် ဆက်ထားသွားမယ်လို့ ယနေ့မှာပဲ တရားဝင် ပြောကြားသွားပါတယ်။ တန်ဟက်ဂ်က – “ဟယ်ရီ မက်ဂွိုင်းယားက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ပါပဲ။ ကျွန်တော်က ကစားသမားတွေ အားလုံးရဲ့ အကြောင်းကို သိရအောင် အချိန်ယူရမယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဟယ်ရီ မက်ဂွိုင်းယားက ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သူက အသင်းခေါင်းဆောင် တယောက် ဖြစ်တယ် ဆိုတာကို သက်သေပြနိုင်ခဲ့သလို များပြားလှတဲ့ အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို အသင်းခေါင်းဆောင် အဖြစ် ဆက်ထားရင်လည်း ဘာပြဿနာမှ ရှိမယ် မထင်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ZAWGYI: အပြောင်းအရွှေ့ စပယ်ရှယ်လစ် သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ ဖရန်ကီဒီယောင်းကိုသာ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ သူတို့ရဲ့ပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ ပစ်မှတ် ယိုရီတီလေမန်းစ်ကို အာဆင်နယ်နဲ့ အပြိုင်လုလာနိုင်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ၂၀၂၂ခုနှစ် နွေဈေးကွက်တစ်လျှောက်လုံး နယ်သာလန် ကွင်းလယ်လူ ဒီယောင်းကိုသာ ဦးစားပေး ကမ်းလှမ်းနေတာ ဖြစ်ပေမယ့်လည်း လက်ရှိ ကြားသိထားရတဲ့ သတင်းတွေအရ ဒီယောင်းအနေနဲ့ ယူနိုက်တက်ရော ချယ်လ်ဆီးရော ဘယ်အသင်းကိုမှ ပြောင်းရွှေ့လိုခြင်းမရှိပဲ