အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒီဘားလား ဟာ ယူဗင်တပ် အသင်းမှာ ၇နှစ်ကြာ ကစားပေးခဲ့ပြီးနောက် ၊ စာချုပ်သစ် ထပ်မချုပ်တော့ပဲ ၊ လာမယ့် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း အသင်းပြောင်းဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။ ဒီဘားလား ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဖီအိုရင်တီးနား အသင်းနဲ့ ရာသီပိတ် စီးရီးအေ ပွဲစဉ်မှာ ယူဗီ အတွက် မိနစ် ၉၀ အပြည့် ကစားပေးခဲ့ပြီးနောက် ၊ ပွဲအပြီးမှာ ပရိသတ်တွေကို ဝမ်းနည်း မျက်ရည်တွေနဲ့ နှုတ်ဆက်သွားခဲ့ပါတယ် ။ ယင်းအာဂျင်တိုင်းသားဟာ ပြီးခဲ့တဲ့ ရာသီ အတွင်း ယူဗင်တပ် အတွက် စီးရီးအေ သွင်းဂိုး ၁၀ဂိုးနဲ့ ဖန်တီးမှု ၅ကြိမ် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

အသက် ၂၈ နှစ် အရွယ်ရှိ ဒီဘားလား ဟာ ယင်းတူရင်အခြေစိုက် ကလပ် အတွက် ပွဲပေါင်း ၂၉၃ ပွဲ ကစားပေးခဲ့ကာ ၊ ၁၁၅ဂိုး သွင်းယူပေးခဲ့ပြီး ၊ ဥရောပရဲ့ ထိပ်တန်းအဆင့် တိုက်စစ်မှူး တဦး အဖြစ် ရပ်တည်နေပေမယ့် ယူဗင်တပ် နည်းပြ ဖြစ်သူ မက်ဆီမီလီယာမို အယ်လီဂရီကတော့ ၄င်းရဲ့ ခံယူချက် အပေါ် ဘဝင်မကျပဲ ရှိနေပါတယ် ။ DAZN သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ အယ်လီဂရီ က ဥရောပ အင်အားကြီး ကလပ်တွေရဲ့ စောင့်ကြည့်ခြင်းကို ရရှိထားတဲ့ ဒီဘားလား ဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းဖော် ၊ လက်ရှိ ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ လက်သစ်လို့ ကိုယ်ကိုယ်ကိုယ်ယူဆခဲ့ဖူးကြောင်း အခုလိုပဲ ထုတ်ဖော် ပြောဆိုခဲ့ပါတယ် ။

အယ်လီဂရီ က ” ဒီဘားလား ဟာ ကိုယ်ပိုင် ပုံစံ အမှန်ကို ပြန်သွားရပါမယ် ။ ယူဗီမှာ သူဟာ ကိုယ့်ကိုယ်ကို မက်ဆီလက်သစ်လို့ ထင်ပြီး ဘဝင်မြင့်သွားခဲ့တဲ့ အခိုက်အတန့် တရပ် ရှိခဲ့ပါသေးတယ် ။ ခင်ဗျား ဟာ တခြား ကစားသမား တယောက်ယောက်ကို ကော်ပီမကူးနိုင်ပါဘူး ။ ပေါ်လိုမှာ ဘောလုံးလောကထံ ပေးစွမ်းနိုင်တဲ့ အရာများစွာ ရှိပါသေးတယ် ။ သူ့မှာ နည်းစနစ် အရည်အသွေးကောင်း များစွာ ရှိနေပေမယ့် ၊ ကိုယ့်ရဲ့ ခြေစွမ်း တိုးတက်ဖို့သာ ပိုပြီး အာရုံစိုက်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဒီဘားလား ဟာ လာမယ့် နွေရာသီ စျေးကွက် အတွင်း ဥရောပ အင်အားကြီး ကလပ် တသင်းသင်းထံ အလွတ်နဲ့ စိတ်ကြိုက် ရွေးချယ်ခွင့် ရထားပါတယ် ။ ဒီဘားလားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အထဲမှာ အာဆင်နယ် ၊ ပီအက်စ်ဂျီတို့ အပြင် ယူဗင်တပ်ရဲ့ အနီးကပ် ပြိုင်ဖက် တသင်း ဖြစ်တဲ့ အင်တာမီလန်လည်း အပါအဝင် ဖြစ်ပါတယ် ။ တမြန်နေ့က အင်တာဗျူး တခုမှာ အင်တာမီလန် စီအီးအို မာရော့တာက ဒီဘားလားကို ခေါ်ယူလိုကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ် ။

မာရော့တာ က ” လာမယ့် နွေရာသီမှာ ဒီဘားလား ဘယ်အသင်းကို ပြောင်းရွှေ့မှာလဲ ? အားကစားမှာ ဖြူစင်တဲ့ မုသားစကားတွေကို လက်ခံရပါမယ် ။ အခုအချိန် အထိတော့ ကျွန်တော်တို့လည်း မသိသေးပါဘူး ။ ဒါပေမယ့် မျှော်လင့်ထားတာက သူ ကျွန်တော်တို့ အတွက် ကစားပေးဖို့ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ရှေ့ ၂ရာသီမှာ မီလန် မြို့ခံ ၂သင်း စီးရီးအေ ချန်ပီယံဆုကို မသိမ်းပိုက်မီ ယူဗင်တပ် ဟာ အီတလီ ဘောလုံးလောကကို ၁၀စုနှစ် တခုနီးပါး စိုးမိုး ခြယ်လှယ်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ် ။ အယ်လီဂရီ ကတော့ သူဟာ ခုတကြိမ်မှာ ထိုကဲ့သို့ ရွှေထီးဆောင်းခဲ့တဲ့ အခိုက်အတန့်တွေဆီ အသင်းကို ပြန်လည် ပို့ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ် ။

အယ်လီဂရီ က ” မီလန် ၊ အင်တာနဲ့ နာပိုလီတို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကျွန်တော်တို့ အသင်း အထက်မှာ ရပ်တည်နိုင်ခဲ့တာ မှန်ပေမယ့် ၊ ကျွန်တော်တို့ထက် အများကြီး ပိုသာနေခဲ့တာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ဟာ ကွင်းတွင်း ခြေစွမ်းနဲ့ စီမံခန့်ခွဲမှု အပိုင်းမှာ တခုခု လိုအပ်ခဲ့တာကြောင့်သာ ဖြစ်ပါတယ် ။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို စိန်ခေါ်မှု တရပ် သတ်မှတ်ပြီးမှ ဒီကို ပြန်ရောက်လာခဲ့တာပါ ။ အဲဒီ စိန်ခေါ်မှုဟာ ဒီကလပ်နဲ့ ပရိသတ်တွေ အတွက် ဆုဖလားတွေ ပြန်လည် ဆွတ်ခူးပေးဖို့ ၊ ဥရောပ ဘောလုံး လောက အလယ်မှာ အောင်မြင်မှု ပြန်လည် ရရှိဖို့ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒီဘားလား ဟာ ယူဗင်တပ် အသင်းမှာ ၇နှစ်ကြာ ကစားပေးခဲ့ပြီးနောက် ၊ စာချုပ်သစ် ထပ်မချုပ်တော့ပဲ ၊ လာမယ့် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း အသင်းပြောင်းဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။ ဒီဘားလား ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဖီအိုရင်တီးနား အသင်းနဲ့ ရာသီပိတ် စီးရီးအေ ပွဲစဉ်မှာ ယူဗီ အတွက် မိနစ် ၉၀ အပြည့် ကစားပေးခဲ့ပြီးနောက် ၊ ပွဲအပြီးမှာ ပရိသတ်တွေကို ဝမ်းနည်း မျက်ရည်တွေနဲ့ နှုတ်ဆက်သွားခဲ့ပါတယ် ။ ယင်းအာဂျင်တိုင်းသားဟာ ပြီးခဲ့တဲ့ ရာသီ အတွင်း ယူဗင်တပ် အတွက် စီးရီးအေ သွင်းဂိုး ၁၀ဂိုးနဲ့ ဖန်တီးမှု ၅ကြိမ် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။